images
UN
UN
လူနာများသယ်နိုင်မည့်မောင်းသူမဲ့ယာဉ်အား စမ်းသပ်အသုံးပြု
Sunday, 27 May 2018
အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနသည် ဒဏ်ရာရရှိသူများကို သယ်ဆောင်နိုင်မည့် မောင်းသူမဲ့ယာဉ်အမျိုးအစားသစ်အား စမ်း သပ်ခဲ့ရာတွင် အောင်မြင်မှုရရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
မောင်းသူမဲ့ယာဉ်သည် အကွာအဝေး ၃၁ မိုင်ခန့်အတွင်း ပေါင် ၁ဝဝဝ ခန့်ရှိ သော အလေးချိန်အား သယ်ဆောင်ကာ သတ်မှတ်နေရာရောက်ရှိအောင် ပျံသန်းနိုင် ခဲ့ခြင်းကြောင့် လက်တွေ့အသုံးပြုနိုင်သည့် အခြေအနေသို့ရောက်ရှိလာတော့မည်ဖြစ် ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန ၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောသည်။ မောင်းသူမဲ့ယာဉ်အား တိုက်ပွဲများဖြစ်ပွား နေသည့်နေရာများတွင် ဒဏ်ရာရရှိသူများ အား သွားရောက်သယ်ဆောင်မှုများပြုလုပ် ရာတွင် အသုံးပြုနိုင်ရန်အတွက်တီထွင်ခဲ့ ခြင်းဖြစ်သည်။ သို့သော် မောင်းသူမဲ့ယာဉ် တစ်စင်း၏ ကုန်ကျငွေမှာ အမေရိကန် ဒေါ်လာ ၁၄သန်းခန့်ရှိမည်ဖြစ်သောကြောင့် အရေအတွက်အများအပြားထုတ်လုပ်အသုံး ပြုရန်လွယ်ကူမည်မဟုတ်ကြောင်း သုံးသပ် မှုများရှိနေသည်။
NG(Ref;Daily Mail)