images
UN
UN
အလှူဒါနပြုခြင်းနှင့်စပ်လျဉ်း၍
တက္ကသိုလ်သင်္ခ Sunday, 27 May 2018
မြန်မာမှုနယ်ပယ်တွင် ''ဒါန''အလှူ ပေးခြင်းနှင့်စပ်လျဉ်း၍ ဆိုရိုးစကားများ ရှိ၏။ ဥပမာအားဖြင့် ''ညောင်စေ့ လောက်လှူ၊ ညောင်ပင်လောက်ရ''၊ ''မရှိလို့မလှူ၊ မလှူလို့မရှိ''၊ ''အလှူ ရေစက်လက်နှင့်မကွာ''၊ ''တစ်မူးရလို့ တစ်ပဲလှူ၊ တို့ရှမ်းတောင်သူ တူနိုင်ရိုး လား'' စသည်တို့ဖြစ်၏။
ဒါန ဟူသည် မိမိပိုင်ဆိုင်သော မိမိ ၏အသက်ခန္ဓာနှင့်တကွ ဥစ္စာပစ္စည်းတို့ ကို စွန့်လွှတ်လှူဒါန်းပေးကမ်းခြင်းဖြစ် ၏။ ပေးလှူမှုဒါနကုသိုလ်၊ ပေးလှူသော ဒါနစေတနာတို့သည် တစ်နည်းအားဖြင့် ပေးလှူသောအလှူဝတ္ထုပစ္စည်းသည် နတ်ပြည်စောင်းတန်းလှေကားဖြစ်သည်။ မြတ်သောရိက္ခာလည်းဖြစ်သည်။
ဒါန ဟူသောပေးကမ်းမှုပြုသူသည် ဘဝတွင် ဖြောင့်တန်းအောင်မြင်၍ ဒုက္ခ မှလွတ်မြောက်ရာ နိဗ္ဗာန်ဟူသော အမြတ် ဆုံးချမ်းသာကို ပေးသူ၊ လှူသူတို့သာရရှိ ၏။ ပေးကမ်းခြင်းသည်သာ အောင်မြင် ရာ၏။
ဒါန ပြုရာတွင် စေတနာကသာ ကံ ဖြစ်၍ အကျိုးပေးနိုင်သော်လည်း ဝတ္ထု ပစ္စည်းက အကျိုးမပေးနိုင်ပါ။ သို့ရာ တွင် ဝတ္ထုပစ္စည်းထင်ရှားရှိ၍ ဖြစ်ပေါ် သောစေတနာမှသာ အကျိုးပေးနိုင်သည် ဖြစ်၍ ဝတ္ထုပစ္စည်းကိုလည်း ဒါနဟုခေါ် ဆိုခြင်းဖြစ်ပါ၏။
ဒါနမြောက်ရန် (၁) အလှူပေးသော ပုဂ္ဂိုလ်၊ (၂)လှူလိုသောစေတနာ၊ (၃)လှူ ဖွယ်ဝတ္ထုပစ္စည်း၊ (၄)ထင်ရှားရှိနေသော အလှူခံပုဂ္ဂိုလ်ဟူ၍ အင်္ဂါလေးပါးပြည့်စုံရ မည်ဖြစ်သည်။ ထိုသို့အင်္ဂါလေးပါးပြည့်စုံ ပြီး လှူဒါန်းခြင်းပြုမှသာ ဒါနပြုခြင်းကိစ္စ အောင်မြင်ပြီးမြောက်မည်ဖြစ်သည်။ထိုသို့ ပေးကမ်းလှူဒါန်းနိုင်သောစေတနာဖြစ် ပေါ်ရန်အတွက် စွန့်လွှတ်ခြင်းဟူသော စာဂတရားဖြစ်ပေါ်ရ၏။ အင်္ဂုတ္ထိုရ်ပါဠိ တော်၌ သူတော်ကောင်းတရားခုနစ်ပါးကို မြတ်စွာဘုရားဟောကြားရာတွင် သဒ္ဓါ၊ သီလ၊သုတ၊စာဂ၊ပညာ၊ ဟီရိ သြတ္တပ္ပ ဟူ၍ဒါနအစား စာဂကိုထည့်သွင်းခဲ့သော ကြောင့် ဖြစ်သည်။
ဒါနပြုရာတွင် ဆန္ဒဟူသောလိုလား မှု၊ ဝီရိယဟူသော အားထုတ်မှု၊ စိတ္တဟူ သော ပိုင်းခြားသိမြင်မှု၊ ဝီမံသဟူသော ထိုးသွင်းသိမြင်မှု၊ အယုတ်၊ အလတ်၊ အမြတ်တို့အပေါ်မူတည်၍ အကျိုးပေး လည်းကွဲပြားမှုရှိ၏။
ကုသိုလ်လုံးဝမရရှိဘဲ အကုသိုလ်ဖြစ် စေသောအလှူတို့မှာ မူးယစ်စေတတ် သော သေရည်၊ သေရက်၊ ဘိန်း၊ မူးယစ် ဆေးဝါး၊ ဆေးလိပ်စသောအလှူမျိုး၊ နွား သိုးအလှူမျိုး၊ မသင့်လျော်သောပန်းချီ၊ ဓာတ်ပုံ၊ ရုပ်တုအလှူမျိုးတို့ဖြစ်သည်။ ထို အလှူတို့မှာ မလှူအပ်သောအလှူဒါန ဖြစ်ပါ၏။
ဒါနအကျိုးကို အပြည့်အဝရရှိရန် မိမိ လှူဒါန်းမည့် ပစ္စည်းကို လှပတင့်တယ် အောင် တန်ဆာဆင်ခြင်း၊ မွန်မြတ်သော၊ ကောင်းသောအရာဝတ္ထုတို့ကိုသာ လှူ ဒါန်းခြင်း၊ သင့်လျော်လျောက်ပတ်သော အချိန်ကာလနှင့် ကိုက်ညီသောအလှူကို သာ ပြုခြင်း၊
အလှူခံမည့်ပုဂ္ဂိုလ်အတွက် တရားနှင့်လည်း လျော်ညီ၍ အမှန်တ ကယ်လိုအပ်သော ပစ္စည်းကိုသာလှူခြင်း၊ မိမိစွမ်းနိုင်သမျှအားထုတ်၍ လှူဒါန်းစဉ် အခါ၌ စိတ်ကိုကြည်လင်စွာ ထားရှိခြင်း၊ လှူဒါန်းပြီးနောက်လည်းမိမိအလှူအတွက် ဝမ်းမြောက်၍နေခြင်း၊တရားသဖြင့် ရရှိ သော ဥစ္စာပစ္စည်းဖြင့်သာ လှူဒါန်းခြင်း၊ အလှူခံပုဂ္ဂိုလ်သည် မြတ်သောသူတော် စင်ပုဂ္ဂိုလ်ဖြစ်ခြင်းစသည့်အကြောင်းတရား များနှင့် ပြည့်စုံရမည် ဖြစ်သည်။
ဒါနကုသိုလ်ပြုရာတွင် ရှိမှလှူမည်၊ မရှိလျှင်မလှူဟူသော စိတ်ကူးမျိုး မထားရှိရန် မြတ်စွာဘုရားဟောကြား တော်မူသော အလှူဒါန ခုနစ်မျိုးကို လေ့ လာသိရှိပြီး ကုသိုလ်ယူနိုင်ရေးအတွက် ဖော်ပြလိုက်ပါ၏။
အခါတစ်ပါး၌ လုလင်တစ်ယောက် သည် မြတ်စွာဘုရားထံချဉ်းကပ်၍ ''တ ပည့်တော်သည် မည်သည့်အရာကိုပဲ လုပ် လုပ် မအောင်မမြင် ဖြစ်နေပါသည်။ အ ဘယ်ကြောင့် မအောင်မမြင် ဖြစ်နေရပါ သနည်းဘုရား''ဟု မေးလျှောက်၏။
မြတ်စွာဘုရားက ''ချစ်သားသည် အလှူဒါန မပြုတတ်၍ ဖြစ်သည်''ဟု ဖြေကြားတော်မူသည်။
ထိုအခါလုလင်က ''ငွေကြေးတစ် ပြားတစ်ချပ်မျှ မရှိသော တပည့်တော် အဖို့ မည်ကဲ့သို့ အလှူဒါနပြုနိုင်ပါမည် နည်း'' ဟုလျှောက်ထားပြန်သည်။
မြတ်စွာဘုရားက ''ချစ်သား ဤသို့ မဟုတ်သည်ကို မှတ်သားလော့။ တစ် ယောက်သူသည် ငွေကြေးမရှိသော်လည်း သူတစ်ပါးကို ပေးကမ်းနိုင်သော အလှူ ဒါန ခုနစ်မျိုးရှိသည်။
ယင်းခုနစ်မျိုးမှာ-

(၁) မျက်နှာဟန်ပန် အမူအရာဖြင့် အလှူ ဒါနပြုခြင်း၊(အပြုံးဖြင့် ဖော်ရွေစွာ ဆက်ဆံခြင်း)
(၂) နှုတ်ဖြင့် အလှူဒါနပြုခြင်း၊
(အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ညှာတာစကား၊ နွေး ထွေးသောစကားများပြောဆိုခြင်း)
(၃) စိတ်ဖြင့်အလှူဒါနပြုခြင်း၊
(စိတ်တံခါးကိုဖွင့်၍ သူတစ် ပါးကို ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်း)
(၄) အမြင်ဖြင့် အလှူဒါနပြုခြင်း၊
(ကောင်းသောစေတနာ အမြင်ဖြင့် သူတစ်ပါးကို ကြည့်မြင်တတ်ခြင်း)
(၅) ကာယလုပ်အားဖြင့်အလှူဒါန ပြု ခြင်း၊
(ကိုယ်နိုင်နင်းသော လုပ်ဆောင်မှုဖြင့် သူတစ်ပါးကို ကူညီခြင်း)
(၆) နေရာထိုင်ခင်း အလှူဒါနပြု ခြင်း၊
(လှေစီး၊ကားစီးသည့်အခါ မိမိထိုင်ခုံ နေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန် ဆောင်သည်နှင့်ကလေးသူငယ်တို့အား မိမိ၏ထိုင်ခုံနေရာကို ထိုင်စေခြင်း)
(၇) နေအိမ်အလှူဒါနပြုခြင်း၊ (မိမိ ၏ အိမ်နေရာကိုသူတစ်ပါးတို့အနားယူ စေခြင်းအလို့ငှာပေးကမ်းခြင်း)
တို့ ဖြစ်၏။
ရေစက်ချအမျှပေးဝေခြင်း
လှူဒါန်းပြီးသည်နှင့် ရေစက်ချပြီး အမျှပေးဝေလေ့ရှိကြ၏။ အချို့မှာရေစက် မချကြပါ။ အလှူဒါနပြုခြင်း၊ အလှူဒါန အထမြောက်ခြင်းအင်္ဂါရပ်များတွင် ရေ စက်ချခြင်းဟူသောကဏ္ဍပါဝင်မှုမရှိ သဖြင့် လှူဒါန်းကြသောအခါ ရေစက် ချသည်ဖြစ်စေ၊ မချသည်ဖြစ်စေဒါန မြောက်ပါ၏။ ဒါနအကျိုးရရှိကြမည်ဖြစ် သည်။ သို့ရာတွင်ရေစက်ချခြင်းဖြင့် မိမိပြုသောကုသိုလ်တို့ကို ပြန်လည်ကြား နာအာရုံပြုရသည်ဖြစ်၍ စေတနာကံတို့ ပိုမိုဖြစ်ထွန်းစေသဖြင့် ပို၍ကောင်းသည် ဟုဆိုရမည်ဖြစ်သည်။
ဝမ်းမြောက်ပီတိဖြစ်ရခြင်း
မိမိကသူတစ်ပါးအား တစ်စုံတစ်ခု ကိုပေးကမ်းလှူဒါန်းလိုက်သောအခါ တစ်ဖက်သားတွင် လိုအပ်သောအရာတို့ ရရှိပြီး ချမ်းသာမှုကိုရရှိကာ ဝမ်းမြောက် ပီတိဖြစ်ရ၏။ ထိုဝမ်းမြောက်ပီတိသည် လှူဒါန်းသူထံသို့ပါ ပြန်လည်ကူးစက်ပျံ့ နှံ့၍ ကျေနပ်မှု၊ စိတ်ချမ်းသာမှုတို့ကို ရရှိ ပါ၏။ ဤသည်မှာ လက်ငင်းရရှိသော ဒါနအကျိုးပင်ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။