images
UN
UN
တိုက်သစ်တွေဆောက်ထားသမျှ ဝယ်လိုအားကျနေပါပြီ နောက်ထပ်တိုက်ကောင်းဖျက်ပြီး တိုက်သစ်ဆောက်ကြဦးမှာပဲလား (အပိုင်း-၂)
တက္ကသိုလ်မြတ်သူ Sunday, 27 May 2018
''အစိုးရဆိုတာပြည်သူလူထုအတွက် ပဲဖြစ်ရမယ်။ ဘယ်သူဌေး၊ သူကြွယ် အတွက်မှမဖြစ်စေရဘူး။ ပြည်သူတွေ နှစ်ပေါင်း ၃ဝ တိုက်ပွဲဝင်ခဲ့တာ ဘယ် သူဌေးအတွက်မှ မဟုတ်ဘူးဆိုတာ ပွင့် ပွင့်လင်းလင်းရေးသားလိုက်တာပါ။ ပြင်း သွားရင် လူထုအတွက် စေတနာပါ။ သူဌေးမြို့၊ သူကြွယ်မြို့ မဆောက်ပါနဲ့။ လူထုအတွက်ပဲ မြို့ဆောက်ပါ။ သူဌေး၊ သူကြွယ်တွေနေဖို့ဆောက်တဲ့ မြို့သစ် အလိုမရှိပါ''
''ဒါကြောင့်အခုလို လက်ကျန်သက် တမ်းသုံးနှစ်အတွင်း မမီမီအောင် ပျာယီး ပျာယာနဲ့ မြို့သစ်တည်ဆောက်ဖို့ ကြိုး စားနေတာလက်မခံနိုင်ပါ။ တိုင်းဒေသကြီး လွှတ်တော်ရဲ့သဘောတူချက်၊ အတည်ပြု ချက်ယူရပါမယ်။ နောက်ထပ် ပြည် ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက် ယူရပါမယ်။ လွှတ်တော်တွေထံမတင်ပြ၊ အတည်ပြုချက်မပါဘဲ ကိုယ့်သဘောနဲ့ ကိုယ် မြို့သစ်စီမံကိန်းလုပ်မယ်ဆိုရင်တော့ သမိုင်းအစဉ်အလာမှာ လွှတ်တော်နဲ့ ပြည်သူကို ဥပေက္ခာပြုပြီး ကိုယ့်သဘော နဲ့ကိုယ် သူဌေးမြို့တည်ခဲ့သူများအဖြစ်သာ ကျန်ရစ်နိုင်ပါလိမ့်မယ်''
''သူဌေးသူကြွယ်တွေအတွက် မြို့ သစ်တည်ပေးချင်ရင်၊ သူဌေးတွေ မာစီဒီး ကားစီးဖို့ ကြိုးစားချင်ရင်သူဌေးသူကြွယ် သမဂ္ဂထူထောင်ပြီး အဲဒီသမဂ္ဂမှာ ဥက္ကဋ္ဌ သွားလုပ်ရင် အကောင်းဆုံးပဲ ခင်ဗျာ့။ အစိုးရဆိုတာ လူထုအတွက်ပဲ ဖြစ်ရမယ်။ သူဌေးကိုယ်စားလှယ်တွေအတွက် ပြည်သူ ရွေးတဲ့အစိုးရမှာ နေရာမရှိဘူးဆိုတာပါပဲ''
ထောင်ဘီလူးဘဦးရဲ့အရေးအသားဖတ် ပြီး ကျွန်တော်ဖြင့် ကြက်သီးထမိပါရဲ့။ အဲဒီလောက်တော့ ကျွန်တော် မရေးဝံ့ ပါဘူးဗျာ။ ၅-၅-၂ဝ၁၈ ရက်နေ့ထုတ် သူရိယနေဝန်းမှာလည်း 'ထိန်ပင်မီး နဲ့ အိုးနင်းခွက်နင်း' ခေါင်းစဉ်နဲ့ ကလောင်ရှင် ရွှေလင်ပန်းရွာသားတစ်ဦး ရေးသော ဆောင်းပါးဖတ်ရပြန်သည်။ မီးပွင့်ဆောင်း ပါးတစ်ပုဒ်ပါပဲ။ ထိန်ပင်အနီးလောင်တဲ့ အမှိုက်ပုံမီးကို ငါးရက်(နာရီ ၁ဝဝ)ကြာမှ နေပြည်တော်ကဒေါ်စုလှမ်းပြောမှ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ဟာမီးလောင်ရာသွားရောက်တဲ့အကြောင်း ရေးထားတာ။ကျွန်တော်ဖြင့်ဖတ်ရင်းဆက် တိုက်ကလောင်ထိုးခံရတဲ့ ဦးဖြိုးမင်းသိန်း ကိုတောင် သနားစိတ်ပေါ်မိပါတယ်ဗျာ။ အဲဒီဆောင်းပါး နောက်ဆုံးပိုင်းမှာ ရန် ကုန်မြို့သစ်ကိစ္စ အောက်ပါအတိုင်း ရေး သားထားသည်ကို တွေ့ရပါသည်။
''အခု ရန်ကုန်တိုင်းအစိုးရက ကုမ္ပဏီ ထောင်ပြီးမြို့သစ်ကြီး တည်တော့မယ် ဆိုတာသေရေး ရှင်ရေးမဖြစ်မနေလုပ်ရ မယ့်ကိစ္စကြီး လုံးဝမဟုတ်ပါဘူး။ ကြည့် မြင်တိုင်တစ်ဖက်ကမ်းဧက ၂ဝဝဝဝ ပေါ်မှာ မြို့သစ်ကြီးတည်ခြင်းဟာ ရန်ကုန် အတွက် ချက်ချင်းလုပ်မှရမယ့် လက်ငင်း အရေးကြီးကိစ္စ လုံးဝမဟုတ်ပါဘူး။ YBS က အရေးတကြီးပြဿနာဆိုတာ လက်ခံ တယ်။ ရေမြောင်းတွေ ပိတ်လို့ မိုးတွင်း ရေကြီးရေလျှံ ဖြစ်တယ်။ ဒါ့ကြောင့် ကမ္ဘာ့ ဘဏ်က ချေးငွေဒေါ်လာသန်း ၁ဝဝ နဲ့ ရေမြောင်းတွေဖော်လုပ်ရှင်းတယ်ဆိုတာ လက်ငင်းအရေးကြီးကိစ္စဆိုတာ လက်ခံပါ တယ်''
''ရန်ကုန် အနောက်ဘက်ကမ်းမှာ မြို့သစ်ကြီး ဖော်မယ်ဆိုရင် အနည်းဆုံး ၁ဝနှစ်လောက်ကြာမယ့်စီမံကိန်းပါ။ ဒီစီမံ ကိန်းမှာဒေါ်လာဘီလီယံနဲ့ချီပြီးလုပ်ရ မယ့်အတွက် ငွေရေးကြေးရေးကိစ္စ၊ လာဘ် ပေးလာဘ်ယူကိစ္စတွေ၊ ငွေကြေးမသမာမှု တွေ၊ ကိုယ်ကျိုးစီးပွားကိစ္စတွေအများကြီး နောက်ဆက်တွဲပေါ်လာမှာ သေချာပါ တယ်။ ကျုပ်ပြောရဲတယ်။ ထိန်ပင်အမှိုက်ပုံ မီးလောင်တာတောင် အိုးနင်းခွက်နင်းနဲ့ ဘယ်ကစရမှန်း၊ ဘယ်လိုလုပ်ရမှန်းမသိတဲ့ လူတွေက ဧက ၂ဝဝဝဝ မြို့သစ်ကြီးတည် ထောင်ကြဦးမယ်တဲ့''
'



'ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ နောက် ကွယ်မှာလက်မည်းကြီးတွေ ပါနေပါ တယ်။ အဲဒါကတော့ ရခိုင်ပြည်မီးရှို့တဲ့ နောက်ကွယ်က ဂျော့ဆိုးရော့စ် ပါနေခြင်း ပါ။ ဂျော့ဆိုးရော့စ်လက်တံတွေက ရန် ကုန်တိုင်းအတွင်းမှာ တော်တော်ဖြန့်ထား နိုင်ပါတယ်။ ဂျော့ဆိုး ရော့စ်ဆိုတာ မြန်မာပြည်ကို တစ်စစီကွဲကြေသွားအောင် မီးလောင်တိုက်သွင်းနေတဲ့ ဂျူးသူဌေးကြီး ပါ။ ဘော့စနီးယားနဲ့ကိုဆိုဗိုမှာလည်း မွတ်စလင်တွေ လွတ်လပ်ရေးရပြီး ကိုယ် ပိုင်နိုင်ငံ ထူထောင်နိုင်အောင် သူ့ငွေတွေနဲ့ လုပ်ပေးခဲ့သူပါ။ ၁၉၉၇ ထိုင်းနိုင်ငံစီးပွား ပျက်ကပ်ဆိုက်အောင် သူ့ငွေတွေထုတ် ရောင်းပြီးလုပ်ခဲ့လို့ ထိုင်းနိုင်ငံက နိုင်ငံ တော်ရန်သူအဖြစ် သတ်မှတ်ထားသူပါ''
''အခု ဂျော့ဆိုးရော့စ်ဟာ ရခိုင်ကိစ္စ နောက်ကွယ်ကပါနေပြီး ရန်ကုန်မြို့သစ်စီမံ ကိန်းမှာလည်း သူ့လက်တံခြေတံတွေ ရောက်အောင်လုပ်နေတယ်လို့ထင်မြင်ယူ ဆပါတယ်။ ဦးသိမ်းဝေခေါ်မစ္စတာဆာ့ခ်ျ ပန်းနဲ့ဂျော့ဆိုးရော့စ်ဟာ ပတ်သက်ဆက် နွှယ်နေတယ်လို့ သတင်းများ ထွက်ပေါ် လာပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်း အတွင်းမှာ ဖြစ်နေတဲ့ပေါ်ပေါက်နေတဲ့ ကိစ္စကြီးငယ်တွေကို ဒီအတိုင်းလွှတ် ထားလို့မသင့်တော်တော့ပါဘူး။ ရန်ကုန် မြို့ကြီးဆိုတာ လူ ၁ဝသန်းလောက်နေရတဲ့ နေရာပါ။မြန်မာပြည်လူဦးရေရဲ့ငါးပုံတစ် ပုံလောက်ဟာ ရန်ကုန်မှာ ရှိနေပါတယ်။ ဒီလိုအရေးအကြီးဆုံးမြို့တော်မှာ လုပ်ချင် သလိုလုပ်နေကြတဲ့အဖြစ်၊ ငါ့ လှေငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်းငါစိုင်းစစ်ကိုင်း ရောက်ရောက် လုပ်နေတာကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ လွှတ်ထားလို့ မဖြစ်တော့ပါဘူး''
ရွှေလင်ပန်းရွာသားတစ်ဦး၏ဆောင်းပါး ကလည်း ကြက်သီးထလောက်ပါသည်။ ကျွန်တော်က ရန်ကုန်တိုင်းနှင့်ဆိုင်သော ရန်ကုန်မြို့သစ်စီမံကိန်းအကြောင်း သူတို့ ရေးသလောက်မသိပါ။ မိတ်ဆွေတစ်ဦးက ဒီဗွီဘီရုပ်သံမှဒီဘိတ်(စကားအချေအတင်) အစီအစဉ်အမြဲကြည့်သည်။ သူက ပြော၍ ယင်းဒီဘိတ်တွင်လည်း ရန်ကုန်မြို့သစ် စီမံကိန်းကို ပက်ပက်စက်စက်ပြောဆိုကြ၊ ချေပကြ၊ ပြန်ရှင်းကြပုံပြောပြပါသည်။ ကျွန်တော်တို့ ပုဇွန်တောင် ပြည်တော် သစ်အိမ်ရာဖျက်ပစ်ရေး စီမံကိန်းသည် လည်း ရန်ကုန်မြို့သစ်စီမံကိန်း၏ လက် အောက်ခံအစိတ်အပိုင်းတစ်ခု ဖြစ်နေပုံကို သတိပြုမိပါသည်။
ဒီမိုကရေစီဆိုသောNLD ပုဇွန်တောင် အမတ်များက အံ့သြလောက်ပါပေသည်။ တိုက်နေလူထုက သဘောမတူ၊ မဖျက်ကြ စေချင်ဟု အသံထွက်လိုက်၊ လူတချို့ ပြင်ပစားသောက်ဆိုင်ခေါ်တွေ့လိုက်၊ စည်း ကမ်းပျက်သူရောင်းဝယ်ငှားများကို တရား ဝင်အမည်ပေါက်တိုက်ခန်းချထားပေးမည် ဟုဆွဲဆောင်လိုက်၊ ပြောင်းရွှေ့စရိတ် တစ်နှစ်စာ၄၅သိန်းကျော်နှစ်နှစ်စာ သိန်း ၉ဝကျော် ထုတ်ပေးရန် ဖြားယောင်းလိုက်၊ သဘောမတူသူများအကြား သွေးကွဲ အောင်လုပ်လိုက်၊ မည်သူ့လက်ချက်မှန်း မသိရသောနည်းဖြင့် နွေရက်မှာရေခက် အောင်ရေဖြတ်လိုက်လုပ်သည်။ သူတို့ ကြိုးဆွဲထားသော ပြည်တော်သစ်အိမ်ရာ စီမံကိန်းသစ်တွင် ကမ်းနားဘက်၌ မြစ် မျက်နှာပြု၊ မြစ်ရှုခင်းကြည့်၊ ကွန်ဒိုနှစ်လုံးRiver View Condo များသည် သာယာ လှပ၊ စိမ်းမြကြည်နူးဖွယ် ဧရာဝတီမြစ် တော့မြင်ရမည်မဟုတ်၊ဒီရေတက်ကျရွံ့ဗွက် ရေနောက်ကျိကျိ ပုဇွန်တောင်ချောင်းခေါ် ဒေါပုံ ချောင်းကလေးကိုသာ မြင်ရမည်။
ရန်ကုန်တွင် သူဌေးများသည် ပုပ် လွယ်ပျက်စီးလွယ်သောသီးနှံစသည့် စား ကုန်များမလှောင်၊ သံချေးတက်သည့် သံ ထည်များမရောင်း၊ မှိုတက်ဖားဥစွဲမည့် အထည်အလိပ်မလှောင်၊ တိုက်ခန်းများ၊ တိုက်ကြီးများ၊ မြေကွက်များ ဝယ်လှောင် ဈေးကစားပြီး အပွကြံကြသည်။ ကွန်ဒိုတွေ ဆောက်ဆောက်၊သာမန်တိုက်ခန်းတွေ ဆောက်ဆောက်ဝန်ထမ်းလခစား၊လက်လီ ဈေးသည်၊လက်လုပ်လက်စား၊ပင်စင်စား မိသားစုများမဝယ်နိုင်၊ သူဌေးကဆောက်၊ သူဌေးများကဝယ်လှောင်၊ ရင်းနှီးမြှုပ်နှံကာ ဈေးကစားနေကြသည်။ ရန်ကုန်မြို့သစ်ကို သူဌေးမြို့တော်တည်မည်ဆိုသောအခါ နေစရာအိမ်လုံးဝမရှိသောသူဌေးများ စာ ရင်းကောက်ပြီး စာရင်းပေါက်သလောက် မြေကွက် ရောင်းပေးလိုက်ပါဟုသာ အကြံပြုလိုသည်။ ဧက ၂ဝဝဝဝ တွင် စပါးစိုက်၊ လယ်ဧက မည်မျှပါသနည်း။ မြေယာလက်မဲ့လယ်သမားပေါလာမည်။ စပါးစိုက်ပျိုးထုတ်လုပ်မှု လျော့ကျသွား မည်။ သူဌေးတို့ရန်ကုန်တွင် ခြံနှင့်တိုက် များစွာ မြို့သစ်မှာ အနည်းဆုံးတစ်လုံး၊ ပြင်ဦးလွင် နွေစံအိမ်တစ်လုံး စသည်ဖြင့် ဆူဖြိုးကြမည်။ မြေမဲ့ယာမဲ့၊ အိုးမဲ့ အိမ်မဲ့ တို့ကား ပိုနေမြဲကျားနေမြဲ။
ကျွန်တော်တို့ ပြည်တော်သစ်တိုက် ခြောက်လုံးတွင် တိုက်(၁)ကိုဖျက်ရန် သဘောတူသူများ ဒုတိယအရစ် ၄၅ သိန်းကို၂၁-၅-၂ဝ၁၈တွင် အိုးအိမ်ဝန် ထမ်းများက လာထုတ်ပေးသည်။ ထို နေ့မှာပင်အခန်းအပ်ကြ၊ သော့အပ်ကြ သည်။ ထိုနေ့မှာပင်EPC က လုံးဝမီး ဖြတ်ပေးသည်။စည်ပင်သာယာက ရေဖြတ် ပေးသည်။ အိမ်ခန်းငှားမရသေး၍ဆိုကာ တွယ်ကပ်မနေနိုင်အောင် အပြတ်ရှင်း နေပေသည်။ ရှိပါစေတော့။ တိုက်(၁) နေကြသူများက သဘောတူကြပြီကိုး။ ကျန်တိုက်များတွင်နိုင်ငံရေးအရ(လိုင်းတူ) ၍ သဘောတူသူများ၊ တရားမဝင်ရာမှ တရားဝင်အမည်ပေါက်မည်ကိုမျှော်လင့်၍ ဖျက်ရန်သဘောတူသူများလည်း ရှိနေ နိုင်ပါသည်။ ထို့ကြောင့် အိုးအိမ်အရာ ရှိများ၊ အမတ်မင်းများနှင့် ကန်ထရိုက်ငွေ ရှင်သူဌေးကြီးတို့ကို တောင်းပန်ပါရစေ။ တိုက်(၁) ကို ဖျက်ပါ။ တိုက်(၁)ကလူတွေ တိုက်ခန်းသစ်ပြန်ပေးပါ။ ကျန်တိုက်ခန်း သစ်များ စီးပွားဖြစ်ရောင်းစားကြပါ။ ကျန်တိုက်(၂)(၃)(၄)(၅)(၆) တို့ကို မဖျက် ပါနှင့်။ ထိုတိုက်များမှ တိုက်သစ်နေလို သူများကို တိုက်(၁)တွင် နေရာချပေး လိုက်ပါ။ ထိုသူများ၏လွတ်သွားသော အခန်းများကို အိုးအိမ်မှချမှတ်ထားသော မူများစည်းကမ်းများနှင့်အညီ သင့်တော် သောဝန်ထမ်းများ၊ အငြိမ်းစားများကို အခန်းချပေးပါ။ ကန်ထရိုက်သူဌေးမင်း၏ အချီကြီးစီးပွားဖြစ် စီမံကိန်းကိုတော့ လက်လျှော့ပေးပါ။ကျွန်တော်တို့ကို ချမ်း သာပေးပါဟု အမေစုမှတစ်ဆင့်မေတ္တာ ရပ်ခံပါရစေ။ဒါဟာ ကျွန်တော်တို့၏ ဒီမိုကရေစီအခွင့်အရေး၊ နိုင်ငံသားအခွင့် အရေးပါ။
ကြုံကြိုက်တုန်းစေတနာကောင်းဖြင့် နိုင်ငံတော်အကြီးအကဲများကို အကြံပြု ပါရစေ။ ၁၉၉၇ ခုနှစ် ဇူလိုင်လက ထိုင်း နိုင်ငံတွင်ငွေကြေး ကမောက်ကမဖြစ်ပြီး စီးပွားရေးထိုးကျသွားခဲ့သည်။ ထိုင်း နှင့်တစ်စပ်တည်း မလေးရှား၊ အင်ဒိုနီး ရှားတို့ပါ မရှုမလှခံကြရသည်။ ဒေသတွင်း နိုင်ငံများစွာကိုလည်း ထိခိုက်ခဲ့သည်။ ဂျပန်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ နယူးယောက်၊ လန်ဒန်နှင့် ဥရောပစတော့ ဈေးကွက်များပါ ငလျင်ကြီးကြီး လှုပ် ခတ်ခံရသလို ထိခိုက်စေခဲ့သည်။ ယင်း ပြဿနာ၏အဓိကအကြောင်းအရင်းမှာ နှစ်ရပ်ရှိပါသည်။ ကမ္ဘာကျော်ငွေကြေး ခလောက်ဆန်၊လောင်းကစားကာသူများနိုင်ငံ များကို ဖြိုခွဲဒုက္ခပေးနေသည့် ဂျော့ဆိုး ရော့စ်က ထိုင်းဘတ်ငွေ၊ မလေးရှားရင်း ဂစ်၊ အင်ဒိုနီးရှားနိုင်ငံသုံးငွေများကို ဝယ်လှောင်ပြီး အရှုံးခံဈေးလျှော့ကာ ပြန် ထုတ်ရောင်းလိုက်သဖြင့် ထိုသုံးနိုင်ငံငွေ ကြေးတန်ဖိုးဇောက်ထိုးကျသွားခဲ့ပါသည်။ ဒုတိယအကြောင်းမှာ ထိုင်းဆောက်လုပ် ရေးကုမ္ပဏီများက ထိုင်းဘဏ်များမှ ဒေါ်လာများချေးယူကာ ဘိလပ်မြေ၊ သွပ်၊ သံစသည်တို့ကိုပြည်ပမှ တိုက်ရိုက်သွင်း ကြသည်။ ရိုးရိုးတိုက်ခန်းများ၊ ကွန်ဒိုများ၊ လုံးချင်းတိုက်များကို ဘန်ကောက်မြို့တွင်း မြို့ပြင်သာမက၊ဘန်ကောက်မှ လေဆိပ် များသို့ သွားရာလမ်းတစ်လျှောက်ပြည့်နေ အောင်ဆောက်ကြသည်။ အစပိုင်း၌ တိုက် ခန်းများအဝယ်လိုက်သော်လည်းကြာသော် ဝယ်နိုင်သူမရှိတော့ချေ။အနောက်ဘဏ်ကြီး များက ထိုင်းဘဏ်များချေးယူထားသည့် ဒေါ်လာများပြန်တောင်း၊ထိုင်းဘဏ်များက ဆောက်လုပ်ရေးသူဌေးများထံပြန်တောင်း၊ သူဌေးများက တိုက်ခန်းမရောင်းရ၍ ပြန် မဆပ်နိုင်ကမောက်ကမဖြစ်ချိန် ဂျောဆိုး ရော့စ်၏ငွေကြေးဈေးကစားမှုကပါအလဲ ထိုးသည်ကိုခံလိုက်ရသည်။
ယနေ့တန်ဖိုးနည်းအိမ်ရာ တိုက်ခန်း များ၊ အခြားတိုက်ခန်းများစွာတန်းစီ ဆောက်ကြသည်။ တန်ဖိုးနည်းအိမ်ရာကို ဝယ်ရန်စာရင်းပေးသူများထဲမှ ခပ်များ များကငွေလာမသွင်းကြတော့ဟု ဆိုသည်။ သူဌေးချင်းတိုက်ခန်းဝယ်လှောင်ခြင်းက ခပ်အီအီဖြစ်လာနေသည်။ အိမ်ရာတိုက်ခန်း အရောင်းကြော်ငြာများ၊ လျှော့ဈေးများ၊ ပြပွဲများလည်း မနားတမ်းလုပ်နေရသည်။ ထို့ကြောင့် ၁၉၉၇ ခုနှစ် ထိုင်းနိုင်ငံ၏ စီးပွားပျက်ကပ်၊ ငွေကြေးကမောက် ကမဇာတ်ကို သင်ခန်းစာယူပြီး ဘရိတ်အုပ် ချိန်တန်ပါပြီ။ဆောက်ရောင်းသူဌေးပမာဏ နှင့် ဝယ်ရောင်းသူဌေးပမာဏတို့မညီမျှ ဖြစ်လာသောနေ့တွင် ဒုတိယအရှေ့တောင် အာရှစီးပွားပျက်ကပ်ကို မြန်မာကစတင်မိ မှာစိုးရိမ်၍ ဤသိ