images
UN
UN
လူငယ်နှင့်ယဉ်ကျေးမှု (ဒုတိယပိုင်း)
သူရအေး Monday, 28 May 2018
လူငယ်ယဉ်ကျေးမှု၏ အသွင်လက္ခဏာတစ်ရပ်ဟု ဆိုနိုင်သည်။ ဖေ့စ် ဘွတ်ခ်လို၊ တွစ်တာလို ဆိုရှယ်မီဒီယာများ အပေါ်တွင်လည်း များစွာတည်မှီနေသည်ကို တွေ့ ရသည်။နေ့စဉ်ဖြတ်သန်းနေကြသည့် နေထိုင်မှုပုံစံ များကတစ်ဆင့် လူမှုရေးဆက်သွယ်ဆက်ဆံမှု အသွင်များဖြစ်ပေါ်လာပြီး ယဉ်ကျေးမှုဓလေ့အဖြစ် ပြောင်းလဲလာသည်များလည်း တွေ့ရသည်။ လူ ငယ်များ၏ ယဉ်ကျေးမှုအခြေခံတွင် ယုံကြည်မှု များ၊ အပြုအမူနှင့် ဟန်ပန်အမူယာများ၊ စိတ်ဝင် စားမှုများ ပါဝင်နေသည်။ အဝတ်အစား၊ ကိုယ် ဟန်အမူအယာ၊ စကားပြောဆိုပုံ၊ စကားအသုံး အနှုန်း၊ ချစ်သူအတွဲထားပုံအပေါ် အလေးထား မှုကအစ ခေတ်ပေါ်တေးဂီတ၊ တီဗွီ၊ ဗီဒီယိုများ၊ အင်တာနက်များမှတစ်ဆင့် လူငယ်ယဉ်ကျေးမှု ထဲသို့ ထိုးဖောက်ပြီး အမြဲပြောင်းလဲနေသည်ကို တွေ့နေရသည်။ စတစ်ကော်လာ၊ ရှပ်အဖြူနှင့် ပုဆိုးဝတ်လူငယ်များထဲတွင် ဆံပင်အကြောင် အကြား တံမြက်စည်းထောင်၊ ဒူးဖုံး ဘောင်းဘီ ဝတ်၊ တက်တူးထိုး၊ နားကွင်းနားကပ်ဆွဲ လူငယ် များလည်း တွေ့နိုင်သည်။ အလုပ်ခွင်ဝင်ပြီး လက်ကြောတင်းတင်းလုပ်နေသည့် လူငယ်များ ရှိသလို နိုင်ငံခြားဖျော်ဖြေရေး အနုပညာသည် များနှင့်မခြား ဝတ်စားဆင်ယင်ပြီး ပေါ့ပေါ့တန် တန်သွားလာနေကြသည့် လူငယ်များကိုလည်း စူပါမားကက်များတွင် တွေ့နိုင်သည်။ အထူး သဖြင့် ယနေ့လူငယ်များ၏ ယဉ်ကျေးမှုအတော် များများတွင် ကိုရီးယားယဉ်ကျေးမှုက လွှမ်းမိုးနေ သည်ဟု ဆိုရမလိုပင် ဖြစ်နေသည်။ ထိုကိုရီးယား ယဉ်ကျေးမှုသည်လည်း ကိုရီးယားယဉ်ကျေးမှု အစစ်အမှန်မဟုတ်ဘဲ အနောက်တိုင်းယဉ်ကျေးမှု က ဝါးမျိုထားခြင်းဖြစ်ပြီး ယင်းကမှတစ်ဆင့် မြန်မာလူငယ်ယဉ်ကျေးမှု နယ်ပယ်သို့ ဝင်ရောက် လာခြင်းဖြစ်သည်ကို လူငယ်များ သတိပြုစေလို သည်။ မြန်မာလူမျိုးတို့၏အမြင်တွင် မတင့် တယ်၊ မသင့်လျော်သည်ကို မြန်မာ့ယဉ်ကျေးမှု အဖြစ် သွတ်သွင်းကျင့်သုံးခြင်းမှာ သင့်၏ မသင့် ၏ စဉ်းစားကြဖို့ပင်ဖြစ်သည်။ ယနေ့အချိန်တွင် မြန်မာလူငယ်များအဖို့ အနောက်ယဉ်ကျေးမှု (Westenization)ကို စိုးရိမ်ဖို့လိုသလို ကိုရီးယား ယဉ်ကျေးမှု(Koreanization)ကိုလည်း စောင့် ကြည့်ဖို့လိုသည်။ အဓိကမှာ အမျိုးသားယဉ်ကျေး မှုပျက်စီးမခံဖို့၊ အရိုင်းလက္ခဏာများမကူးစက်စေဖို့ ကိုယ်ခံအားကောင်းကောင်းဖြင့် ထိန်းသိမ်းသွား ကြဖို့ပင် ဖြစ်သည်။
Globalization တွင် ပါဝင်နေသည့်ယဉ်ကျေးမှု
လူသည် လူပီပီသသနေထိုင်ခွင့်ရှိမှ၊ နေထိုင် တတ်မှ ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းဟု ခေါ် ဆိုနိုင်ပေသည်။ လုံခြုံသည့် အမိုးအကာအောက် တွင် အကြောင့်အကြမဲ့စွာ နေထိုင်ခွင့်ရှိရမည်။ လတ်ဆတ်သည့်လေကိုရှူရှိုက်ပြီး သန့်ရှင်းသည့် ရေကိုသောက်သုံးကာ အာဟာရမျှတစွာ စား သောက်နိုင်ရမည်။ သင်ကြားခွင့်၊ သင်ယူခွင့်၊ တတ်မြောက်ခွင့်နှင့် ခွန်အား၊ ဥာဏ်အား၊ ပညာ စွမ်းအားများကို ထိုက်ထိုက်တန်တန် အသုံးချခွင့် ရှိရမည်။
ထို့ပြင် အဆင့်ဆင့်ထိန်းသိမ်းလာခဲ့ သော ကိုယ်ပိုင်ယဉ်ကျေးမှုကို ဆက်ခံနိုင် ရမည်။ ဤသည်မှာ ယဉ်ကျေးသော လူ့ အဖွဲ့အစည်း၏ ပုံရိပ်ပင်ဖြစ်သည်။ ယနေ့ နိုင်ငံအသီးသီးမှာ ကမ္ဘာပြုမှု ဖြစ်စဉ် (Globalization)တွင် ပါဝင်နေကြသည် ဖြစ်ရာ ယဉ်ကျေးမှုချင်းပွတ်တိုက်မှု (Culture Clash)ရှိနေမည်သာဖြစ်သည်။ ကိုယ့် ယဉ်ကျေးမှုထဲက ကောင်းတာသူယူသလို သူ့ယဉ်ကျေးမှုထဲကလည်း ကောင်းတာကို ယူရမည်ဖြစ်သည်။အဓိကမှာ မူလရှိပြီးသား ကိုယ့်ယဉ်ကျေးမှု ပျောက်ပျက်သွားခြင်းမရှိ ဖို့ပင်ဖြစ်သည်။ ယဉ်ကျေးမှုချင်းပွတ်တိုက် ရာတွင် ယဉ်ကျေးမှု ကိုယ်ခံအားနည်းလျှင် ရိုက်ပုတ်ခံရတတ်သည်ကို သတိပြုဖို့လို သည်။
ယနေ့ လူငယ်တချို့ ဝတ်ပုံစားပုံ၊ နေပုံထိုင်ပုံ၊ ပြုမူဆက်ဆံပုံ၊ တွေးခေါ်ပုံ၊ ပြောဆိုသုံးနှုန်းပုံ၊ လက်ခံကျင့်သုံးပုံများ သည် ယဉ်ကျေးမှုလှိုင်းကြောင့် အရှိန် အဟုန်နှင့်ပြောင်းလဲနေသည်ကို တွေ့ရ သည်။ ကောင်းသောပြောင်းလဲခြင်းက နည်းပြီး ဆိုးသောပြောင်းလဲခြင်းကများ လာလျှင် စိုးရိမ်ဖွယ်ရာဖြစ်လာသည်။ ယနေ့ ခေတ်လူငယ်မောင်မယ်တချို့ အမျိုးသား ယဉ်ကျေးမှုထိန်းသိမ်းရေးလုပ်ငန်းကို အလေးဂရုမပြု၊ လျစ်လျူရှုထားကြသည် မှာ အနာဂတ်နိုင်ငံတော်အတွက် ရင်လေး ဖွယ်ရာပင်ဖြစ်သည်။ယဉ်ကျေးမှုထိန်းသိမ်း သည်ဟုဆိုရာတွင် မိန်းကလေးများ ထိုင် မသိမ်းဝတ်မှ၊ ယောက်ျားလေးများ တောင် ရှည်ပုဆိုးဝတ်မှဟု မဆိုလိုပေ။ မိမိတို့၏ အမျိုးသားဝတ်စုံကို ထိန်းသိမ်းရမည်။ အမျိုးသားယဉ်ကျေးမှုကို အလေးထားရ မည်ဟူသော ခံယူချက်အသိမျိုးရှိလျှင် လုံလောက်ပေသည်။
ယဉ်ကျေးမှုထိန်းသိမ်းရေး
ခေတ်ကာလတစ်ခု၏ ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုများကို ယင်းကာလရှိ လူ့ အဖွဲ့အစည်းတစ်ရပ်၏ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုများက ပြဋ္ဌာန်းသည်ဟု ဆို သည်။ ရှေးခေတ်မြန်မာယောက်ျားကလေး များ သတ္တိရှိကြောင်းပြသသည့်အနေဖြင့် ပေါင်တွင် ထိုးကွင်းထိုးခဲ့ကြသည်။ သို့ ဖြစ်၍ ယနေ့ခေတ်တွင် မြန်မာယောက်ျား ကလေးများ ပေါင်တွင်ထိုးကွင်းမထိုးကြ၍ သတ္တိမရှိဟု ပြော၍မရပေ။ လက်တို့၊ကျော တို့၊ ခြေသလုံးတို့တွင် တက်တူးထိုးနေကြ သည်ကို တွေ့မြင်နေရသည်။ ထို့အတူ မြန်မာမိန်းကလေးများ ရှေးကလို ထဘီကို ခြေမျက်စိဖုံးအောင် မဝတ်ကြတော့၍ အရှက်အကြောက်မရှိတော့ဟု မဆိုနိုင်ပေ။ လူငယ်များ၏ဝတ်စားဆင်ယင်မှုသည် ပတ် ဝန်းကျင်နှင့် အခြားသူများ၏အမြင်တွင် အမြင်မတော် ဆင်တော်နှင့်ခလောက်ဖြစ် မနေဖို့က အရေးကြီးပေသည်။ ထို့ပြင် ဝတ်စားဆင်ယင်မှုများက ယဉ်ကျေးမှုနှင့် ကိုက်ညီနေဖို့လိုသလို ကိုယ်တွင်းမှာရှိသော စိတ်၏ယဉ်ကျေးသိမ်မွေ့နေဖို့ကလည်း အရေးကြီးပေသည်။ မြန်မာ့ယဉ်ကျေးမှုဟု ပြောရာမှာလည်း အချို့နေရာတွင် အခက် အခဲရှိသည်ကို တွေ့ရသည်။
ပုဆိုးသည် မြန်မာ့ယဉ်ကျေးမှုမဟုတ်ဘဲ အိန္ဒိယမှ ဆင်းသက်လာခြင်းဖြစ်သည်။ တိုက်ပုံမှာ တရုတ်က ဆင်းသက်လာခြင်းဖြစ်သည်။ ကျဉ်းမြောင်းကျပ်တည်းသောယဉ်ကျေးမှု သည် ကြာရှည်ခံဖို့ ခက်သလို တီထွင် ဆန်းသစ်မှုမရှိသော ယဉ်ကျေးမှုသည်လည်း ပျက်သုဉ်းပျောက်ကွယ်သွားမည်သာဖြစ် သည်။ ဆိုလိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ ယဉ် ကျေးမှုအဟောင်းများထဲမှ အချို့ကို ပြတိုက်ထဲ တွင်သိမ်းထားခဲ့ပြီး အချို့ကို ဆက်လက်ထိန်းသိမ်းသယ်ဆောင်သွားဖို့ ပင်ဖြစ်သည်။ အရိုးကို အရွက်မဖုံးရဆို သလို မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုကို ခေတ်နှင့်အညီ ဆန်းသစ်တီထွင်ပြီး ရေရှည် တည်တံ့အောင် ထိန်းသိမ်းသွားသင့်ပေ သည်။
ယနေ့ခေတ် မြန်မာလူငယ်များ၏တာဝန်
ယဉ်ကျေးမှုသည် နိုင်ငံရေးနှင့်လည်း ဆက်စပ်နေသည်။ ယနေ့မြန်မာလူငယ်များ ယဉ်ကျေးမှုထိန်းသိမ်းရန်အတွက် နိုင်ငံ ရေးကိုလည်း စိတ်ဝင်စားဖို့လိုသည်။ နိုင်ငံ ရေးနားလည်လာလျှင် အမျိုးသားနိုင်ငံရေး နှင့် အမျိုးသားယဉ်ကျေးမှုတို့ကို သဘော ပေါက်လာမည်ဖြစ်သည်။ ထိုအခါ ရေမြင့် ကြာတင့်ဟူသောစကားနှင့်အညီ ယဉ်ကျေး မှုမြင့်မှ လူမျိုး၏ဂုဏ်ကျက်သရေလည်း မြင့်မားကာ အမျိုးသားယဉ်ကျေးမှု၏ တန်ဖိုးကို နားလည်လက်ခံလာမည်ဖြစ် သည်။
လက်ရှိအခြေအနေတွင် လူငယ် အများစု၊ အထူးသဖြင့် ပညာတတ်လူငယ် အများစုရှိရာ အင်စတီကျူးရှင်းများတွင် လူငယ်များ၏နိုင်ငံရေးယဉ်ကျေးမှု ပြန် လည်ထွန်းကားကာစ ပြုလာသည်ကို လည်း အားရဖွယ်တွေ့ရှိရသည်။ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းခေတ်ထဲမှ ကောင်းမြတ်သည့် အစဉ်အလာများကိုလည်း လူငယ်ထုအတွင်း ပြန်လည်ဆန်းသစ်လာ နေသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရသည်။ လူငယ်များအနေဖြင့် မိမိနိုင်ငံအတွက်၊ မိမိယုံကြည်ချက်အတွက် လူငယ်သဘာဝ ပေါ့ပါးသည့်ဘဝဟန်နှင့် ကျင်လည်နေရာ က ခုန်ထွက်ကာ တည်ကြည်လေးနက်ပြီး ယဉ်ကျေးမှုတန်ဖိုးကြီးမားသော လူငယ် မျိုးဆက်များဖြစ်လာအောင် ကြိုးပမ်းသွား ကြရမည်ဖြစ်သည်။ မြန်မာဆိုသည်မှာ လွန်ခဲ့သောနှစ်ပေါင်း (၂ဝဝဝ)ကျော် ကတည်းက ကိုယ်ပိုင်ယဉ်ကျေးမှု ရှိခဲ့ သည့် လူမျိုးဖြစ်သည်။ မြန်မာစာမှာလည်း လွန်ခဲ့သော နှစ်ပေါင်း(၁ဝဝဝ)ကျော် ကတည်းက ရှိခဲ့သည်မှာ အမှန်ပင်ဖြစ် သည်။ ထို့ကြောင့် ကိုရီးယားယဉ်ကျေးမှု ထက်စောပြီး ရှေးကျသည်ဟု ဆိုနိုင်သည်။ လူငယ်များအနေဖြင့် မြန်မာဆိုတာ ကိုယ့် ဘာသာ၊ ကိုယ့်စာ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်စံများရှိပြီး သား လူမျိုးဆိုသည်ကို မမေ့ကြဖို့ အထူးလိုအပ် ပေသည်။မမေ့ဖို့လိုသလို ကိုယ့်ယဉ်ကျေးမှု ကို ခိုင်ခိုင်မာမာထိန်းသိမ်းရမည်ဟူသော စိတ်မျိုးမွေးကြဖို့လည်းလိုပေသည်။ မြန်မာ လူငယ်များအနေဖြင့် ကိုရီးယားနိုင်ငံ၏ အပေါ်ယံဗဟိဒ္ဓ ယဉ်ကျေးမှုကို အတုယူရ မှာ မဟုတ်ပေ။ ယခုခေတ် ကိုရီးယား ဇာတ်ကားများတွင် တွေ့ရသည်ကလည်း သူတို့၏ယဉ်ကျေးမှုစစ်စစ် မဟုတ်ပေ။ အနောက်တိုင်း၏ ယဉ်ကျေးမှုအငွေ့အသက် များ လွှမ်းမိုးခံထားရခြင်းသာဖြစ်သည်။ ထို့ကြောင့် သူတို့၏ယဉ်ကျေးမှုပုံစံများကို ထပ်ဆင့်ကူးယူမနေဘဲ သူတို့၏အတွင်း စိတ်တွင်ရှိသော အဇ္ဈတ္တယဉ်ကျေးမှုဖြစ် သော သဘာဝကျောက်တောင်များ ပေါ များလှသည်။ရေမြေမှာ တိုင်းပြည်တိုးတက် အောင် မည်သို့ကြိုးစား လုပ်ကိုင်ခဲ့ကြ သလဲဟူသော သူတို့၏ အားထုတ်ကြိုးစား ပုံကို အတုယူကြရမှာဖြစ်သည်။ ကိုရီးယား လူငယ်တွေ အာရှတိုက်မှာ ကျားတစ်ကောင် ဖြစ်လာအောင် မည်သို့ကြိုးပမ်းခဲ့ကြသလဲ ဆိုသည်ကို လေ့လာကြရမှာဖြစ်သည်။ သူတို့လို ကျားကုတ်ကျားခဲ တက်ညီ လက်ညီ ကြိုးစားမည်ဆိုလျှင် မြန်မာ ဆိုတာ အာရှမှာ အာဂပါလားဟုဝိုင်းပြီး အသိအမှတ်ပြုလာကြမှာမလွဲပေ။ အထက် တွင် ဆိုခဲ့သည့်အတိုင်း ယဉ်ကျေးမှုသည် လူမျိုး၏ အသက်ပင်ဖြစ်ပေရာ အနာဂတ်ကို ပိုင်ဆိုင်ကြသည့်လူငယ်များအနေဖြင့် ယဉ် ကျေးမှုတန်ဖိုးကို နားလည်ပြီး မိမိတို့၏ ကိုယ် ပိုင်ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့် ရှောက်မြှင့်တင်သွားဖို့ တာဝန်ရှိပေသည်။ ယဉ်ကျေးမှုထိန်းသိမ်းရန်မှာ လူငယ်များ တွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ နိုင်ငံကို ဦးဆောင်အုပ်ချုပ်နေသော အစိုးရအဖွဲ့နှင့် ပြည်သူ များတွင်လည်း တာဝန်ရှိပေသည်။ အချုပ်အားဖြင့်ဆိုရသော် လူ့အဖြစ်ကို တန်ဖိုးထားပြီး လူ့ယဉ်ကျေးမှုကို မြှင့်တင် နိုင်ဖို့အတွက် မျိုးဆက်သစ်လူငယ်များ၏ တာဝန်သိမှု၊ တာဝန်ကျေမှုအပေါ်တွင် တည်မှီလျက်ရှိရာ ရိုးရာယဉ်ကျေးမှုနှင့် အကျင့်စရိုက်များ မပျောက်ပျက်အောင် လူငယ်များအနေဖြင့် လေးစားထိန်းသိမ်း သွားသင့်ပါကြောင်း အလေးအနက်တိုက် တွန်းလိုက်ရပါသည်။