images
UN
UN
တရားဥပဒေစိုးမိုးမှုဖြစ်ပေါ်ရေးအတွက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ သဘောထားထုတ်ပြန်
အင်းသားကြီး Monday, 28 May 2018
အပြစ်ရှိသူကို အပြစ်ရှိသည်နှင့်အညီ မှန်မှန်ကန်ကန်ဆောင်ရွက်နိုင် ရေးတွင် မည်သည်ကိုမျှ မျက်နှာမထောက်ဘဲ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီဆောင်ရွက်ကြမှသာ နိုင်ငံဂုဏ်သိက္ခာ၊ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးမဏ္ဍိုင်တို့၏ ဂုဏ်သိက္ခာများကို ထိန်းသိမ်းရာရောက်မည်ဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီက ယနေ့သဘော ထားထုတ်ပြန်သည်။
ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်၏ အခြေခံစံများဖြစ်သည့် သန့်ရှင်း သောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေးစသည်တို့သည် အုပ်ချုပ်ရေး မဏ္ဍိုင်၏စံများဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ဥပဒေပြုရေး၊ အုပ်ချုပ် ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့သည် သီးခြားရပ်တည်ပြီး အပြန်အလှန် ထိန်းကျောင်းရသည့်သဘောရှိရာ တစ်ခုမှတစ်ခုသို့လွှမ်းမိုးခြင်း၊ စွက်ဖက် ခြင်း၊ အပြန်အလှန်ထိန်းကျောင်းနိုင်ခြင်းတို့မရှိပါက ဥပဒေလုပ်ထုံးလုပ် နည်းများကို လျစ်လျူရှုရာရောက်ကြောင်းနှင့် ဒီမိုကရေစီတည်ဆောက်ရေး သည် ပျက်စီးခြင်းသို့ တိုင်ပေလိမ့်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဥပဒေစိုးမိုးရေးကို အမှန်တကယ်လိုလားသည်ဆိုပါက မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တစ်ရပ်သည် အမှီခိုကင်း သော၊ အကြောက်တရားကင်းသော၊ အဂတိတရားကင်းသော၊ သီးခြား လွတ်လပ်သည့်အဖွဲ့အစည်း( Indep endet Body) အဖြစ်သာ ရပ်တည် မည်ဖြစ်ကြောင်း၊ နိုင်ငံနှင့်ပြည်သူအကျိုးကို အမှန်တကယ်လိုလားသည် ဆိုပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ စိစစ်ဆောင်ရွက်မှု များသည် တည်ဆဲတရားဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီသာဖြစ်သင့်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ လက်ငင်းအခြေအနေသည် ပြည်သူလူထုဆန္ဒနှင့်အညီ ဒီမိုကရေစီလူ့ဘောင်သို့ကူးပြောင်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေရဆဲ အချိန်ကာလဖြစ်ကြောင်း၊ သို့ဖြစ်ရာ ဒီမိုကရေစီ အခြေခံမဏ္ဍိုင်ကြီး တစ်ရပ်ဖြစ်သည့် တရားစီရင်ရေးမဏ္ဍိုင်ကြီးကို မတိမ်းမစောင်းစေရေး သည် လွန်စွာအရေးကြီးကြောင်း၊ ဥပဒေ၏အထက်တွင် မည်သူမျှမရှိရ (Nobody above the law)၊ ဥပဒေရှေ့မှောက်တွင် အားလုံးမခွဲခြား၊အညီ အမျှ ဖြစ်ရမည်(Equality before the law)) ဟူသောအချက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများက အဂတိတရားကင်းကင်း ကိုင်စွဲကျင့်သုံး ကြမှသာ တရားဥပဒေစိုးမိုးရေးကို အလေးထားလိုက်နာရာ ရောက်ပေ မည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးဟု အသံကုန်ဟစ်နေသော်လည်း ခွဲခြား ဆောင်ရွက်နေသမျှကာလပတ်လုံး တရားဥပဒေစိုးမိုးရေးကို မမျှော် လင့်နိုင်ကြောင်းနှင့် တရားဥပဒေစိုးမိုးမှုမရှိသဖြင့် တရားစီရင်ရေးမဏ္ဍိုင် ကြီး တိမ်းစောင်းနေသရွေ့ ဒီမိုကရေစီရေးသည် စိတ်ကူးယဉ်အိပ်မက် ပင်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။