images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ပြည်တွင်းသို့Jaguar ၏SUV ကားအမျိုးအစားသစ်စတင်မိတ်ဆက်
အဖြူရောင် Tuesday, 29 May 2018
မြန်မာနိုင်ငံတွင်Jaguar မှ နောက်ဆုံးပေါ် နည်းပညာများဖြင့် ထုတ်လုပ်လိုက်သည့် Compact SUV ကားအမျိုးအစားသစ်ဖြစ် သည့် The New E-Pace ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ယမန်နေ့က သိရသည်။
''E-Pace က ယခင်F-Typeကဲ့သို့Sport ဆန်တဲ့ ပုံစံနဲ့ ပိုမိုတူညီပြီးF-Type ကားအမျိုး အစားတွေထက် ပိုသာတဲ့ နောက် ဆုံးပေါ်နည်းပညာတွေ၊ အရည် အချင်းတွေရှိပါတယ်။ ကိုယ်ထည် အရှေ့ပိုင်း၊ အနောက်ဘက် အမိုး လိုင်းတွေနဲ့ ရှေ့မီးသီးတွေကိုလည်း အစွမ်းကုန်ပုံဖော်ပေးထားတဲ့ အမျိုး အစားတစ်စီးလို့ပြောလို့ရပါတယ်'' ဟု E-Pace ကား ဒီဇိုင်နာ Mr. Ian Cullum က ပြောသည်။
Jaguar E-Pace တွင် အင်ဂျင် ပါဝါ နှစ် ဒသမ သုည လီတာ ဒီဇယ်နှင့် ဓာတ်ဆီအင်ဂျင်တို့ကို ရွေးချယ်နိုင်ပြီး မြင်းကောင်ရေအား ၁၅ဝ မှ ၃ဝဝ အထိ ထုတ်လုပ်ပေး နိုင်ကြောင်း၊ ဂီယာအမျိုးအစား အဖြစ် အော်တိုဂီယာကိုးချက်နှင့် Manual ဂီယာခြောက်ချက်ထိုး ပါရှိပြီး လေးဘီးယက်စနစ် (All Wheels Drive System) ကို ထည့် သွင်းထားကြောင်းသိရသည်။
Jagura E-pace ကိုအမေရိကန် ဒေါ်လာ ၈၅ဝဝဝ မှ ၁၁ဝဝဝဝ အတွင်း ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပြီး အရောင်အားဖြင့် ရှစ်ရောင် ရရှိနိုင်ကြောင်း၊ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာဈေး အတက် အကျပေါ်မူတည်ပြီး အပြောင်း အလဲရှိကြောင်း သိရသည်။
ပြည်တွင်း၌ ရရှိနိုင်သည့်Jagurarကားအမျိုးအစားတွင်E-Pace, E-Pace R dynamic ကား အမျိုးအစားနှစ်ခုလုံးကိုS, SE, HSE အစရှိသည့် အမျိုးအစား များဖြင့် စက်စွမ်းရည်အဆင့် ငါး မျိုးရွေးချယ်နိုင်စေရန် ထုတ်လုပ် ပေးထားကြောင်း သိရသည်။