images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
လုပ်ရည်ကိုင်ရည်
ချစ်နိုင်(စိတ်ပညာ) Tuesday, 29 May 2018
''ကိုချစ်နိုင်၊ သူငယ်ချင်းကိုတစ်ခုမေးချင် တယ်''
''မေးပါ''
''လုပ်ရည်ကိုင်ရည်ကို အင်္ဂလိပ်လိုပြောချင် ရေးချင်ရင် ဘယ်လိုရေးရမလဲ''
''လုပ်ရည်ကိုင်ရည်ဆိုတာ အင်္ဂလိပ်လိုပြန် ရရင် စကားလုံးနှစ်မျိုးအဓိပ္ပာယ်ထွက်မယ်။ (၁) Ability အရည်အချင်း၊ အရည်အသွေးဆိုတဲ့ သဘောရယ်၊ (၂) Competence လုပ်ငန်းကျွမ်း ကျင်မှု၊ ဗဟုသုတနှံ့စပ်သိမြင်မှုရှိခြင်းဆိုတဲ့ သဘောရယ်ဆိုလိုတယ်''
''လုပ်ရည်ကိုင်ရည် ရှိ၊ မရှိ ဘယ်အချက်ကို ကြည့်ပြီး ထင်ထင်ရှားရှားသိနိုင်မလဲကွာ''
''အလွယ်ကူဆုံးကတော့ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲနဲ့ အင်တာဗျူးလူတွေ့နှုတ်မေးစစ်ဆေး ခြင်းမျိုး၊ လုပ်ငန်းတာဝန်စမ်းသပ်မှု Performance Test တစ်ခုခုနဲ့ စစ်ဆေးခြင်းမျိုး၊ ဖြစ် နိုင်ရင်အဲဒီသုံးမျိုးစလုံးရယ်၊ ဉာဏ်ရည်စစ်ဆေး လွှာintelligence Testရယ်၊ ကိုယ်ရည်ကိုယ်သွေး စစ်ဆေးလွှာ Personality Tests ရယ်စစ်ဆေး အကဲဖြတ်ကြည့်ရင်တော့ ဒီပုဂ္ဂိုလ်ဟာထိုက်သင့် တဲ့နေရာမှာလုပ်ရည်ကိုင်ရည်ရှိ၊ မရှိကို သဲသဲ ကွဲကွဲထင်ထင်ရှားရှား သိမြင်နိုင်ပါတယ်''
''အကယ်၍ အဲဒီလိုသိပ္ပံနည်းကျခေတ်မီစစ် ဆေးအကဲဖြတ်ခြင်းမျိုးတစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူး ဘဲ နီးစပ်ရာကိုကောင်းနိုးရာရာတာဝန်ပေးရွေး ချယ်ခဲ့မယ်ဆိုရင်ရောကွာ''
''ဟာ...ဘာပြောစရာလိုမှာလဲ။ ကိုယ်ခင်မင် တဲ့သူ၊ ဆွေမျိုးတော်တဲ့လူ၊ ကိုယ့်ကိုဖားတဲ့ မြှောက် တဲ့လူစားတွေပဲနေရာပေးခဲ့တယ်ဆိုရင်တော့ လွဲပြီ ပေါ့။ ပြောင်းလဲမှုထိထိရောက်ရောက်မရရှိနိုင် ဘူး။ တိုးတက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အောင် မြင်မှုဆိုတာကို မရနိုင်ပါဘူး။ အောင်မြင်မှု၊ တိုး တက်မှုဟူသမျှဟာ ပါဝင်လုပ်ဆောင်ကြတဲ့ ဦးစီး ဦးဆောင်ခေါင်းဆောင်နေရာမှာတာဝန်ယူကြရတဲ့ ပုဂ္ဂိုလ်တွေရဲ့ လုပ်ရည်ကိုင်ရည်၊ အစွမ်းအစ၊ စွမ်း ဆောင်နိုင်မှုအပေါ်မှာပဲ မူတည်တာမဟုတ်လား''
''နိုင်ငံအဆင့် ယှဉ်ပြိုင်ကစားကြရမယ့် ဘောလုံးသမားကို တကယ်တော်တဲ့လူများမပါ စေရဘဲ ရပ်ကွက်အဆင့်၊ အပျော်တမ်းအဆင့်သာ ကစားတတ်တဲ့လူတွေကို ရွေးချယ်ကစားစေတာ မျိုးဖြစ်နေပုံရတယ်။ ဘောလုံးပွဲမှာ မြန်မာဟာ နိုင်ပွဲတွေပျောက်ဆုံးပြီး အရှုံးတွေနဲ့ချည်းကြုံတွေ့ နေရတယ်။ စီးပွားရေး၊ ကုန်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံတကာဆက်ဆံရေးတွေမှာ လည်း မျှော်မှန်းတာနဲ့ တကယ်ဖြစ်ပ်ါလာတာနဲ့ မိုးနဲ့ မြေလိုကွာခြားခဲ့ရပြီ။ ပြောတော့မိုး၊ ထိုးတော့ မြေကြီးဆိုတာမျိုးပဲ။ လေတစ်လုံး မိုးတစ်လုံး ပြောသမျှဟာ အဆန်မပါတဲ့သင်္ကြန်အမြောက်လို ဖြစ်နေတယ်''
''လက်ရှိဖြစ်ပေါ်နေတဲ့ ပကတိအခြေအနေကို အမှန်အတိုင်းသိမြင်ရင် ဘာမှမခက်ခဲပါဘူး''
''ပြောပါဦး''
''အနာသိဆေးရှိ ဆိုတဲ့စကားရှိထားပြီးသား ပဲ''
''ကိုချစ်နိုင်ကဘာကိုဆိုလိုတာလဲ''
''အများနားလည်သိမြင်နေပြီးသားပါ။ လူ လဲပြီးကစားကြရမယ်။ ရက်တစ်ရာရှိရင်ဘာတွေ လုပ်မယ်၊ ဘာတွေပြောင်းလဲမယ်ပြောပေမယ့် တကယ်တမ်းမှာက မထူးခြားလှပါဘူး။ တစ်နှစ် လောက်တော့စောင့်ကြသေးတာပေါ့။ ဘာမှတိုး တက်မလာပါဘူး။ ကဲ....နောက်တစ်နှစ်လောက် သည်းခံပြီးကြည့်ကြပါဦးစို့။ ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့လူတွေရဲ့ကွပ်ကဲပုံ၊ ဦးဆောင်ပုံ၊ လုပ် ရည်ကိုင်ရည်၊ အစွမ်းအစကို ယုံကြည်အားကိုး လေးစားမှုများတိုးတက်လာမယ့်အစား အားမလို အားမရ၊ စိတ်ညစ်စိတ်ပျက်။'ဒီလို လူတွေကို နေရာပေးမိတာ တစ်ခုခုမှားယွင်းနေလေပြီလား' ပြည်သူအများအလွှာအသီးသီးမှာ သံသယဝင်လာ နေကြပြီ''
''သူငယ်ချင်းပြောတာ အမှန်ပဲ။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း(စာနယ်ဇင်းပုံနှိပ်မီဒီယာ)တွေရဲ့ ကာတွန်းတွေကိုပဲ တာဝန်ရှိတဲ့သူတွေ ကြည့်လိုက် ရင် ထင်ထင်ရှားရှားမြင်ကြမှာပါ။ ဆောင်းပါး တွေ၊ ကဗျာတွေ၊ ဝတ္ထုတွေမှာလည်း ပြည်သူ့အသံ များ တွေ့မြင်နိုင်ပါတယ်။ ပြည်သူတွေခံစား သိမြင်နေကြပုံကို စာနယ်ဇင်းကာတွန်းဆရာများ က ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးထုတ်ဖော် ရေးပြနေကြပုံကိုတော့ လူရွေးလွဲချော်ခဲ့သူတွေ သတိမှပြုမိကြရဲ့လားမသိ''
''လုပ်ရည်ကိုင်ရည် တကယ်ရှိမရှိဆိုတာ တကယ်တော့ လုပ်ဆောင်ချက်များကို လက်တွေ့ အကောင်အထည်ပေါ်အောင် စွမ်းဆောင်နိုင်မှုနဲ့ သိသာထင်ရှားနေပါပြီ။ အခုအချိန်မှာ သဲသဲကွဲကွဲ ပေါ်လွင်နေပါပြီဗျာ''
''ဒီအတိုင်းဆက်ထားပြီး ဒီလိုပဲဆက်သွားနေ ကြရင်တော့ ရေစုန်မျောဖို့ရာ''
''အဲဒီလိုလည်း မပြောပါနဲ့ သူငယ်ချင်းရာ။ လူဆိုတာ ပြုပြင်လို့ရတယ်။ ပြောင်းလဲလို့ရနိုင် တယ်။ လူတစ်ယောက်ရဲ့ ပြုပြင်ပြောင်းလဲနိုင်စွမ်း ဟာ အလွန်တရာပျော့ပျောင်းညွှတ်ကွေးပါတယ်။ လူဆိုးဓားပြခေါင်းဆောင်တစ်ယောက် ဟာ ဓားပြ တိုက်ရင်း အိမ်ရှင်က ဓားရှည်နဲ့ခုတ်လိုက်တဲ့ အတွက် သူ့ရဲ့သျှောင်ထုံး(လွန်ခဲ့တဲ့အနှစ် ၁ဝဝ ကျော်က မြန်မာအမျိုးသားများဟာ ဆံပင်အရှည် ကို သျှောင်ထုံးထုံးလေ့ရှိကြပါတယ်)ပြုတ်ကျသွား ခဲ့ပါတယ်။ သက်သေခံမကျန်ရစ်ခဲ့အောင် ဓား ချင်းခုတ်နေရင်းက သူ့သျှောင်ထုံးကို ကြမ်းပြင် ပေါ်မှ မရရအောင်ကောက်ယူပြီး လွတ်မြောက် အောင်ထွက်ပြေးခဲ့ရပါတယ်။ နောက်တစ်နေ့က စပြီး သူစဉ်းစားမိတယ်။ ငါဟာ ဓားပြတိုက်ပြီး သားမယားကို သက်စွန့်ဆံဖျားလုပ်ကျွေးမွေးမြူ နေခဲ့တယ်။ အိမ်ရှင်ရဲ့ အဲဒီဓားချက်ကိုသာ ငါ လက်ဦးအောင်မရှောင်နိုင်ရင် ငါဇက်(လည်ပင်း) ပြတ်ပြီး အဲဒီနေရာမှာတင် သေရမှာပဲ။(သူဟာ ဓားခုတ်လှံထိုး၊ ဓားသိုင်းတုတ်သိုင်း၊ အလွန်ကျွမ်း ကျင်တဲ့ဓားပြဗိုလ်ပါ)။ သေမင်းလက်မှ မနေ့ည လွတ်မြောက်ခဲ့တဲ့ငါဟာ ဒီအလုပ်နဲ့ အသက်မွေး နေခြင်းကို စွန့်မှတော်မယ်လို့ ဆုံးဖြတ်လိုက်ပါ တယ်။ သူပိုင်ဆိုင်သမျှကို မယားဖြစ်သူကို တစ် ပြားတစ်ကျပ်မှချန်မထားဘဲ အကုန်ပေးလိုက် တယ်။ 'နင်နဲ့ငါ ဒီနေ့ ဒီရက်ကစပြီး ကွာရှင်း ပြတ်စဲသွားပြီ။ ဒါကြောင့် ကိုယ့်လမ်းကိုယ် လျှောက်ကြစို့'လို့ နှုတ်ဆက်ခွဲခွာကာ အဝတ် တစ်စုံ ကိုယ်တစ်ခုနဲ့ ထွက်ခဲ့တော့တယ်။ တိုတို ပြောကြပါစို့။ ဆံပင် ကတုံးတုံးပြီး တောရဆရာ တော်ကျောင်းတစ်ကျောင်းမှာ ရဟန်းပြုတယ်။ သီလဖြူစင်အောင်ဆောက်တည်တယ်။ သမာဓိ ရလာအောင် ကြိုးစားကျင့်ကြံတယ်။ နှစ်ကာလ အတော်ကြာမျှ လေ့ကျင့်လိုက်တဲ့အခါ(စာမတတ် ပေမတတ်ဘဝမှ၊ လူဆိုးဓားပြဘဝမှ လာခဲ့ရပေ မယ့်)ပိဋကတ်ကျမ်းစာ၊ နိုင်ငံကျော်စာတတ်ပေ တတ်ဆရာတော်ကြီးများက စစ်ဆေးမေးမြန်းသမျှ ကိုကိုယ်တွေ့ကျင့်စဉ်အပေါ် အထောက်အထားပြု ပြီးကောင်းမွန်တိကျမှန်ကန်စွာ ဖြေဆိုရှင်းလင်းနိုင် ခဲ့တယ်။ 'အမြဲလင်းဇွဲတင်း သဲအင်းဆရာတော်' ဆိုပြီး မှော်ဘီသဲအင်းဂူကျောင်းဆရာတော်အဖြစ် နိုင်ငံအဝန်း သိရှိထင်ရှားကြည်ညိုခဲ့ကြရတယ်။ (ကိုယ်တို့ဗိုလ်လောင်းဘဝက သဲအင်းဆရာတော် ရဲ့ ကျောင်းကိုရောက်ခဲ့ဖူးတယ်။ ဆရာတော်ရဲ့ ရုပ်တုကို ဖူးမြော်ခဲ့ရတယ်)''
''ကိုချစ်နိုင်ပြောတာ သဘောတူပါတယ် ဗျာ။ စာပေဆုတွေ နှစ်ပေါင်း ၂ဝ လောက်ကြာ အောင် နှစ်စဉ်ဆုပေးပြီး တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေကိုပါ ဘာသာရပ်အလိုက် အမှတ် အများဆုံးထူးချွန်သူများ ဆုပေးနေခဲ့တဲ့ ပခုက္ကူ ဦးအုံးဖေဆိုတဲ့ စာရေးဆရာ(၁၉၁၇-၂ဝဝ၁)ဟာ လည်း ငယ်စဉ်က ဓားပြတိုက်တဲ့ ဓားပြခေါင်း ဆောင်၊ ရှစ်ကြိမ်တိတိ ဓားပြတိုက်ခဲ့ဖူးပြီး ဖမ်းမိ လို့ ထောင်သုံးခါကျခဲ့တဲ့ထောင်ထွက်တစ်ယောက် ပါပဲ။ အဲဒီလို လူဆိုးထောင်ထွက်တစ်ယောက် ဟာလည်း ဖြူဖြူစင်စင်ဖြောင့်ဖြောင့်မတ်မတ်နဲ့ ပခုက္ကူမြို့မျက်နှာဖုံး၊ ဗာဂျီးနီးယားဆေးပေါင်းရုံ ပိုင်ရှင်၊ မြို့နယ်ပြည်သူ့တရားသူကြီး (အချိန်ပိုင်း) အဖွဲ့ဝင်၊ ပြည်သူ့ဆေးရုံ အဆောင်သစ်တည် ဆောက်ရေးဥက္ကဋ္ဌ၊ မြို့နယ်မီးသတ်တပ်ဖွဲ့နာယက စသဖြင့် တိုင်းကျိုးပြည်ကျိုး ရပ်ရွာအကျိုးတို့ကို များစွာသယ်ပိုးထမ်းဆောင်၊ ထူးခြားတဲ့စွမ်းဆောင် ချက်တွေလုပ်နိုင်ခဲ့တယ် သူငယ်ချင်း''
''ဟုတ်တယ်။ ပခုက္ကူဦးအုံးဖေနဲ့ကိုယ်နဲ့ အတူတူ နိုင်ငံခြားခရီးတစ်ခု ၁၅ ရက်ကြာသွား ခဲ့ဖူးပါတယ်။ ကူမင်းမြို့၊ ပေကျင်းမြို့တော်၊ ရှန် ဟဲမြို့စတဲ့ တရုတ်ပြည်က ထင်ရှားတဲ့မြို့ ငါးမြို့၊ ခြောက်မြို့လောက်ကို စာရေးဆရာအဖြစ် ချစ် ကြည်ရေး၊ လေ့လာရေးရောက်ခဲ့ရတယ်။ အတန်း ပညာလေးတန်းတောင် မအောင်ခဲ့ရရှာပေမယ့် လေ့လာမှတ်သားပြီး မေးမြန်းစူးစမ်းသိချင်တတ် ချင်တဲ့စိတ်တော့ အများကြီးရှိတယ်''
''အဲဒီလို ပညာဗဟုသုတလိုလားတယ်။ စာ တအားဖတ်တယ်။ သိသမျှမှတ်သမျှကိုလက်တွေ့ ဘဝမှာ ကိုက်ညီဆီလျော်အောင်တကယ်အသုံးချ ပြီး သူ့လိုပဲ မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရင် ဘယ်သူမဆို ပြုပြင်ပြောင်းလဲတိုးတက်မှာပဲပေါ့''
''သူငယ်ချင်းပြောတာ အမှန်ပါပဲ။ လူဆိုတာ သုတအတွေ့အကြုံနဲ့ချည်း မလုံလောက်ပါဘူး။ မုတအတွေ့အကြုံ၊ ဒိဋ္ဌအတွေ့အကြုံတွေလည်း လို အပ်ပါတယ်။ ဖြတ်သန်းရပါမယ်။ သုတအတွေ့ အကြုံနဲ့ ဆင်ခြင်မြော်မြင်တတ်ဖို့ရာကတော့ စာ များများဖတ်ရပါလိမ့်မယ်။ စာဖတ်များတဲ့ အမတ် က ဝမ်းစာပြည့်လာပြီး တိုးတက်အောင်မြင်ကြ မှာပဲ။ စာမဖတ်ဘူး။ စာပေနဲ့ဝေးတယ်။ ကျမ်းဂန် လို လေးလေးနက်နက် ကျယ်ကျယ်ပြန့်ပြန့် ရေး ထားတာမျိုးဆိုရင် ပိုပြီးတောင်ဝေးလွန်းပါတယ် ဆိုတဲ့ စာမဖတ်တဲ့ပြည်သူ့ကိုယ်စားလှယ်တွေဟာ တဖြည်းဖြည်းနဲ့ဘေးဖယ်ပေးရပြီး ပြည်သူတွေနဲ့ ဝေးဝေးသွားမှာပဲ''
''ကိုချစ်နိုင်ရေ၊ လုပ်ရည်ကိုင်ရည် ဆိုတာက အသိပညာ၊ ဗဟုသုတ၊ ဉာဏ် ရည်ဉာဏ်သွေးတစ်ဖက်တည်းနဲ့ မပြီး သေးဘူးဗျ။ အကျင့်စာရိတ္တ၊ ကိုယ်ကျင့် တရား၊ သီလဖြူစင်မှု၊ ဖြောင့်မတ်မှန် ကန်ခြင်း၊'အမှန်တရားမြတ်နိုးခြင်း' ဘက် မှာလည်း ပြည့်စုံရဦးမယ်မဟုတ်လား''
''မှန်တာပေါ့။ ခေါင်းဆောင်နေရာ၊ ခေါင်းဆောင်တာဝန်ရောက်လာတဲ့လူဟာ ပြည်သူနဲ့နိုင်ငံတော်အရေးကို အဓိက ပထမဦးစားပေးရမှာဗျ။ ' Put the First Thing, First '''အရေးကြီးတာ အရင်ဦးစား ပေးလုပ်ရမယ်ဆိုတဲ့ အမူအကျင့်အလေ့ အထလေးလွဲချော်အားနည်းနေရင် လုပ်ငန်း ဆောင်တာမတိုးတက်မပြောင်းလဲပါ။ပါတီ အကျိုး၊ ကိုယ့်အကျိုးသာဦးစားပေးနေရင် တော့ ရေလိုက်လွဲနေပြီလို့ ဆိုရမှာပဲ။
စံနမူနာပြဖြောင့်မှန်ဖြူစင်မှုမပြသနိုင် ဘဲ ဒီပုတ်ထဲကပဲ ဒီပဲ။ မှိုတက်၊ ပိုးကိုက်၊ အလှေးအဖွဲ၊သုံးစားလို့မရတဲ့အရည်အချင်း အဆင့်မပြည့်မီတဲ့သူတွေပဲလို့အထင်သေးခံ နေရရင်မဟန်ဘူး။လုပ်ငန်းဆောင်တာမှာအောင် မြင်သင့်သလောက် မအောင်မြင်နိုင်ဘူး''
''အေး ဟုတ်တယ်။ ခေါင်းဆောင် ဆိုတာ ငယ်သားအားလုံးက နေ့နေ့ညည စောင့်ကြည့်လေ့လာနေခြင်းကို ခံကြရ စမြဲပါပဲ။ အချို့က ချစ်လို့ကြည့်နေကြ တယ်။ အချို့က စိတ်မချလို့သံသယ ရှိလို့ ကြည့်နေကြတယ်။ အရပ်ဆယ်မျက်နှာက ဝိုင်းကြည့်တာကိုခံနေရတယ်ဆိုတာသိထား ဖို့လိုပါတယ်။ မမြင်ကြရပေမယ့်လည်း အကဲခတ်ပြီး ဘာတွေပြောင်းလဲသွားပြီလဲ။ သိနေကြပါတယ်။ အဝတ်အစား၊ အနေ အထိုင်တော့အရင်လို ဖိုသီဖတ်သီမဟုတ် တော့ဘူး။ (ထောင်ထဲမှာ မြင်ခဲ့ရတာနဲ့ ကွဲပြားသွားပြီ)။ သို့သော် ပြည်သူတွေရဲ့ ချွေးနံ့ကို မခံချင်တော့ဘူး။ ခါးသက်တဲ့ အမှန်တရားစကားမျိုးတွေကိုလည်းမကြား ချင်တော့ဘူး။ မှန်မှန်မှားမှား ကောင်းပါ တယ်။ဟုတ်ပါတယ်။အများကြီးတိုးတက် နေပါပြီ။ 'ဆရာလုပ်ဆောင်တာတွေက သိပ်အောင်မြင်နေပြီပဲ' ဘာဘာညာညာ ချိုသာရွှန်းဝေတဲ့မြှောက်ပင့်စကားတွေ နား ဝင်ပီယံသာ ကြားချင်တော့တယ်။ ခြေဖျား လေးထောက်ပြီး လမ်းလျှောက်ပုံက မြောက်ကြွမြောက်ကြွဖစ်နေပြီလား''
''လုပ်ရည်ကိုင်ရည်ဆိုတဲ့အထဲမှာ ကိုယ်ကျင့်စာရိတ္တ (တစ်နည်းပြောရရင် စည်းကမ်းဥပဒေကို ရိုသေလိုက်နာတတ်တဲ့ အလေ့အထ)အနှစ်သာရကျကျပါဝင်တယ် သူငယ်ချင်းရယ်။ ကိုယ်ကျင့်သီလ စံနမူ နာပြဖြူစင်သူတွေက ဦးစီးဦးဆောင် 'ခေါင်းဆောင်ကောင်း ပီသမှသာ' ရာဇာ ပဓာနံဆိုတဲ့ဆိုရိုးစကားအတိုင်း ပြောင်းလဲ တိုးတက်နိုင်ပါမယ်''
''ဘာတွေပြောင်းလဲလာမလဲဆက် ကြည့်ကြသေးတာပေါ့ကွယ်''
''အကျင့်စာရိတ္တ၊ သီလကို စပြီး ပြောင်းနိုင်ရင်သာ ခေါင်းဆောင်တွေရဲ့ နောက်ကို ပြည်သူအားလုံးဟာ ညီညီ ညွတ်ညွတ်လိုက်ပါကြမှာပဲ။ လုပ်ရည် ကိုင်ရည်ကို အားမလိုအားမရ ခံစားနေ ကြရတာတော့ ဘွားဘွားတို့၊ မေမေတို့ သိစေချင်ကြတယ်။ ပြည်သူတွေကရင်ဖွင့် ချင်တဲ့ဆန္ဒပါပဲ''
''ကိုယ်တိုင်က မပြောင်းလဲပါဘဲနဲ့ သူ တစ်ပါးကိုသာ ပြောင်းလဲပါ ပြောင်းလဲ ပါလို့ အာပေါက်အောင် ပြောဆိုနေပေမယ့် မထိရောက်ကြောင်း သိလောက်ပြီလေ။ မိမိကိုယ်တိုင်ကဦးစွာပထမ အချိုးပြောင်း ရမှာ မဟုတ်လား''
''အပြောနဲ့မရ။ အလုပ်နဲ့ပြရစမြဲ ပါမောင်''
'' Action speaks louder than voice. (words) ဆိုတဲ့ အင်္ဂလိပ်စကားပုံ ရှိတယ်လေ''
------------------------------------------------------------------------------
''ခေါင်းဆောင်မှုစွမ်းရည်က လူတစ်ယောက်၏ထိရောက်မှုအဆင့် ကို ဆုံးဖြတ်လေသည်။''
ဂျွန်စီ၊ မက်ဇ်ဝဲလ်