images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
အစိုးရတာဝန်မကျေဟု မွန်လွှတ်တော် ဒုဥက္ကဋ္ဌပြော
Tuesday, 29 May 2018
လုပ်ငန်းပေါင်းများစွာ ဘဏ္ဍာ နှစ်ကျော်လွန်လုပ်ကိုင်နေသဖြင့် မွန်ပြည်နယ်အစိုးရသည် ပေးအပ် ထားသည့်တာဝန်မကျေကြောင်း မွန်ပြည်နယ် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ကျော်လွန်ပြီး သက်တမ်းတိုးဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်း ၁၆ခု ကျန်ရှိနေကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့က ရှင်းလင်းချက်နှင့် ပတ်သက်၍ ဒေါက်တာအောင်နိုင် ဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဘဏ္ဍာနှစ်လွန် ခွင့်ပြုခဲ့သော အဆောက်အအုံ ၁၆ လုံးရှိပြီး
သက်တမ်းတိုးကာလကို ဇွန် ၂၄ ရက်အဖြစ် သတ်မှတ်ထားသည်။
အစိုးရအနေဖြင့်ဘဏ္ဍာနှစ် ကုန်သည်နှင့် အစီရင်ခံစာတင်ပြရ မည်ဖြစ်ပြီး ယင်းနောက်တွင်မှ သက်တမ်းတိုးရမည်ဖြစ်ကြောင်း ၄င်းကပြောသည်။
''ဘာကြောင့်နောက်ကျတာ လဲဆိုတာဖြေရှင်းရမယ်။တင်ဒါခေါ် တာနောက်ကျတာလား။ကိုယ့်ဘက် ကအားနည်းတာလား။ ကုမ္ပဏီက အားနည်းတာလား။ ဖြေရှင်းချက် ပေးရမယ်''ဟု ၄င်းကပြောသည်။
ဘဏ္ဍာနှစ်လွန်အဖြစ် ခွင့်ပြုခဲ့ သော အဆောက်အအုံ ၁၆ လုံး အနက် ဝန်ထမ်းအိမ်ရာလေးလုံး၊ အားကစားရုံနှစ်ရုံ မီးသတ်စခန်း နှစ်ခုနှင့် မီးသတ်စခန်းအတွက် လို အပ်သော ပြင်ပရေမီးအဆောက် အအုံနှစ်လုံးစုစုပေါင်း၁ဝလုံးတည် ဆောက်ပြီးစီးပြီဖြစ်ကြောင်း မွန် ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးကပြောသည်။
ဧည့်ရိပ်သာတစ်လုံး၊ရုံးသစ်နှစ် ရုံးနှင့် ဈေးတစ်ခုတို့မှာ သတ်မှတ် ကာလအတွင်းပြီးစီးမည်ဖြစ်ကြောင်း အိမ်ရာစီမံကိန်းတစ်ခုနှင့် ဒိုင်းဝန် ကွင်းဈေးတစ်ခုသာ ကျန်ရှိမည် ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။
''အဲဒီကာလမှာ ပြီးဆုံးခြင်း မရှိတဲ့လုပ်ငန်းတွေကို သက်ဆိုင်ရာ ဌာနနဲ့ ကုမ္ပဏီတို့ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်အလက်တွေအပေါ် မူတည်ပြီးတော့ ဥပဒေနဲ့အညီ မိမိ တို့အစိုးရအနေနဲ့ ဆောင်ရွက်သွား မယ်''ဟု ဝန်ကြီးကပြောသည်။
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် တွင် မွန်ပြည်နယ်၌ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ သည့်လုပ်ငန်း စုစုပေါင်း ၄၂၃ ခုရှိ သည်။ Dawei Watch