images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
အားပြည့်အောင်သွင်းထားလျှင် မိုင် ၆ဝဝ ကျော်အထိသွားနိုင်မည့်လျှပ်စစ်ကား မိုဒယ်သစ်မိတ်ဆက်မည်
Wednesday, 30 May 2018
အဆင့်မြင့်လျှပ်စစ်ကားများကိုသာ သီးသန့်ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီတစ်ခုဖြစ်သောTeslaသည် အားပြည့်အောင်သွင်းထားလျှင် မိုင် ၆ဝဝ ကျော်အထိသွားနိုင်မည့် လျှပ်စစ်ကားမိုဒယ်သစ်အားမိတ်ဆက် ရန် စီစဉ်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။
လျှပ်စစ်ကားများကို အသုံးပြုမှုပိုမိုမြင့်တက်လာခဲ့ပြီးနောက်ပိုင်း မော်တော်ကားကုမ္ပဏီကြီးများသည် လျှပ်စစ်စွမ်းအင်ကိုသာအသုံးပြု သည့် ကားများကိုအလေးပေးထုတ်လုပ်လာခဲ့ခြင်းကြောင့် လက်ရှိအချိန် တွင် လျှပ်စစ်ကားများ၏စွမ်းဆောင်ရည်မှာ အံ့အားသင့်ဖွယ်ကောင်း သောအနေအထားသို့ ရောက်ရှိလာခဲ့သည်။ လွန်ခဲ့သည့် ငါးနှစ်ခန့်က အားပြည့်နေလျှင် မိုင် ၂ဝဝ နီးပါးခန့်အထိသာ ရောက်ရှိခဲ့သော လျှပ်စစ် ကားများသည် လက်ရှိအချိန်တွင် အားပြည့်နေပါက မိုင် ၄ဝဝ ကျော် နီးပါးအထိ ရောက်ရှိနိုင်သောစွမ်းဆောင်ရည်မျိုး ပိုင်ဆိုင်နေပြီဖြစ်သည်။ ဘက်ထရီများ၏ စွမ်းဆောင်ရည်နှင့်သိုလှောင်နိုင်စွမ်းကို မြှင့်တင်နိုင်ခဲ့ ခြင်းကြောင့် လျှပ်စစ်ကားများ၏ ရောက်ရှိနိုင်သောအကွာအဝေးမှာ သိသိ သာသာမြင့်တက်လာခဲ့ခြင်းဖြစ်သည်။ မိုင် ၆ဝဝ ကျော်ရောက်ရှိမည့် လျှပ်စစ်ကားမိုဒယ်သစ်အား အားပြည့်အောင်သွင်းရန် နှစ်နာရီကျော်သာ ကြာမြင့်မည်ဖြစ်သည်။ NG(Ref;Daily Mail)