images
UN
UN
ပြည်ပနိုင်ငံအဖွဲ့အစည်းအသီးသီး၏ဖိအားများကိုစိုးရိမ်ပြီးအမျိုးသားလုံခြုံရေးကိုလျစ်လျူရှုမည်ဆိုလျှင်နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် စိုးရိမ်ဖွယ်ရာဖြစ်
တင်တင်အေး Wednesday, 30 May 2018
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေ သော အခြေအနေများကို ဖြေရှင်း ဆောင်ရွက်ရာတွင်ပြည်ပနိုင်ငံအဖွဲ့ အစည်းအသီးသီး၏ ဖိအားများကို စိုးရိမ်ပြီး အမျိုးသားလုံခြုံရေးကို လျစ်လျူရှုမည်ဆိုပါက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်လာမည် ဟု ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးသောင်းအေးက ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ယနေ့ နံနက်ပိုင်းက နေပြည် တော်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံတွင် ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ အစီအစဉ်၌ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ''နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊တရားဥပဒေ စိုးမိုးရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက်နိုင်ငံတော် တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပေါ်စေရန်အထူးသဖြင့် ရခိုင်ပြည်နယ်၌ ထပ်မံမဖြစ်ပေါ် စေရန် ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသတွင် ၂ဝ၁၆ခုနှစ်နှင့်၂ဝ၁၇ ခုနှစ်အတွင်း ARSA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ကျူးလွန်ခဲ့ သည့်အကြမ်းဖက်ဖြစ်စဉ်များအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ နှင့်အညီ နိုင်ငံတကာအဖွဲ့အစည်း များနှင့်ပူးပေါင်း၍ ထိရောက်စွာ ပူးပေါင်းဖော်ထုတ် တိုက်ဖျက်ပြီး လုံလောက်သည့်ကာကွယ်မှုပြုလုပ် ပေးပါရန်''အဆိုကို တင်သွင်းခဲ့ရာ ၌ အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုတင်သွင်းရခြင်းနှင့်ပတ် သက်၍အဆိုရှင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ''ပြည်ပနိုင်ငံ အဖွဲ့အစည်းအသီး သီးရဲ့ဖိအားများကို စိုးရိမ်ပြီး အမျိုးသားလုံခြုံရေးကို လျစ်လျူရှု လျက် နေရပ်စွန့်ခွာသူများပြန်လည် လက်ခံရေး၊ ၄င်းတို့ကိုလွတ်လပ်စွာ သွားလာခွင့်ပြုပြီး လူသားချင်းစာ နာမှုနဲ့ လူ့အခွင့်အရေးအပြည့်အဝ ရရှိစေရေးတို့ကိုသာဇောင်းပေး ဆောင်ရွက်နေပါကနိုင်ငံတော်တည် ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ အတွက်စိုးရိမ်ဖွယ်ရာဖြစ်ပါတယ်'' ဟုထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ဦးသောင်းအေးက ''ကမ္ဘာ့စာမျက်နှာမှာ မိမိတို့အစိုးရ နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များကြောင့် ဘင်္ဂါလီတွေ ဒုက္ခသည်အဖြစ် တစ် ဖက်နိုင်ငံကို ထွက်ပြေးရတယ်။ ဒီကာလမှာပဲ သူတို့ကိုလူမျိုးသုဉ်း သတ်တယ်။ မုဒိမ်းကျင့်တယ်။ လူ့အခွင့်အရေး ဖောက်ဖျက်ခံရ တယ် စတဲ့စွပ်စွဲမှုများ ဖြစ်ပေါ် နေတာကြောင့် ဒါတွေမဟုတ်မမှန် ကြောင်းကို ၂ဝ၁၇ခုနှစ်အောက်တို ဘာလကIPU ညီလာခံမှာ ယခု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက OIC နိုင်ငံများရဲ့စွပ်စွဲချက်များကိုတုံ့ပြန် ရှင်းပြခဲ့သလို UN မြန်မာအမြဲတမ်း ကိုယ်စားလှယ်ကလုံခြုံရေးကောင်စီ မှာ ၂ဝ၁၈ ခုနှစ် မေလ ၁၆ရက်က တုံ့ပြန်ပြောကြားခဲ့ပါတယ်။ ယခု လို အမှန်တရားများကို နည်းမျိုးစုံ ဖြင့်ကမ္ဘာကသိအောင် ဆောင်ရွက် ကာကွယ်ကြဖို့ လိုအပ်ပါတယ်''ဟု လည်းထည့်သွင်းပြောကြားခဲ့သည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍မက် မန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေးက ထောက်ခံခဲ့သည်။
ထို့ကြောင့် အထက်ပါအဆိုကို လက်ခံဆွေးနွေးရန်သင့်မသင့်လွှတ် တော်၏အဆုံးအဖြတ်ကို ရယူခဲ့ရာ လွှတ်တော်က သဘောတူသဖြင့် လာမည့်ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် လက်ခံဆွေးနွေးသွား မည်ဖြစ်သည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေး နွေးလိုသော လွှတ်တော်ကိုယ်စား လှယ်များရှိပါက မေလ ၃ဝရက် နောက်ဆုံးထားပြီး လွှတ်တော်ညွှန် ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းကြရမည်ဖြစ်ကြောင်းလွှတ် တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။