images
UN
UN
အစိုးရဆေးရုံများတွင် သူနာပြုခွင့်ပြုဦးရေသုံးသောင်းကျော်ရှိသော်လည်း နှစ်သောင်းကျော်သာတာဝန်ထမ်းဆောင်လျက်ရှိနေ
မေနဒီမြနွယ် Wednesday, 30 May 2018
အစိုးရဆေးရုံကြီးများတွင် သူနာပြုခွင့်ပြုဦးရေ သုံးသောင်း ကျော်ရှိသော်လည်း လက်ရှိတွင် နှစ်သောင်းကျော်သာ တာဝန်ထမ်း ဆောင်လျက်ရှိနေသဖြင့် သူနာပြု ဦးရေ တစ်သောင်းခွဲကျော်ခန့်လို အပ်လျက်ရှိနေကြောင်း လူမှုရေး ဝန်ကြီးက ယနေ့နံနက် ၁ဝ နာရီက ကျင်းပသည့် ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်း အဝေးတွင် ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးကျောက် တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်က ''ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေသော သူနာပြု နှင့်အကူသူနာပြုများကို အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုတိုး တက်ကောင်းမွန်အောင် နိုင်ငံ တကာအဆင့်မီ သင်တန်းကျောင်း များနှင့် စွမ်းဆောင်ရည်မြှင့်သင် တန်းများကိုဖွင့်လှစ်ဖော်ဆောင်ပေး ရန်နှင့် အကူသူနာပြုများအား လိုင်စင်ရသင်တန်းကျောင်းများဖွင့် လှစ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ''မေးမြန်းချက်အပေါ်တွင် ဝန်ကြီးက အထက်ပါအတိုင်းပြန် လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနသည် အမျိုး သားကျန်းမာရေး မူဝါဒနှင့် အညီ အမျိုးသားကျန်းမာရေးစီမံကိန်း၊ ကျေးလက်ကျန်းမာရေး ဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်း၊ မြန်မာ့ကျန်းမာ ရေးဆိုင်ရာ မျှော်မှန်းချက် နှစ် ၃ဝ စီမံကိန်းတို့ကို စနစ်တကျ ရေးဆွဲ ထားပြီး နယ်စပ်နှင့်ကျေးလက် အစွန်အဖျားအပါအဝင် တစ်နိုင်ငံ လုံးကို ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်လွှမ်းခြုံမှုပေးနိုင်ရန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိနေပြီး ဆေးရုံ၊ ဆေးခန်းများတွင် သူနာပြုနှင့်လူနာ အချိုးမှာ သိသာစွာကွာဟလျက် ရှိပါသဖြင့် ဝန်ထမ်းသူနာပြုများ အဖို့ မနိုင်ဝန်ထမ်းနေရသကဲ့သို့ဖြစ် နေကြောင်း၊ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနအနေဖြင့် သူနာ ပြုများအတွက် သူနာပြုတက္ကသိုလ် နှစ်ခုနှင့် သူနာပြုသင်တန်းကျောင်း ၂၅ ကျောင်းတို့မှနှစ်စဉ် သူနာပြု (ဘွဲ့ရ+ ဒီပလိုမာ)၂ဝဝဝ ခန့်မွေး ထုတ်ပေးလျက်ရှိရာ ၂ဝ၁၇ ခုနှစ် အထိသူနာပြုသိပ္ပံဘွဲ့ရ၄ဝဝဝကျော် နှင့် ၁၉၆၂ ခုနှစ်မှ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလအထိ သူနာပြု ဒီပလိုမာဦးရေ သုံးသောင်းကျော် ကိုမွေးထုတ်ခဲ့ပြီးဖြစ်ကြောင်း၊ အစိုးရဆေးရုံများတွင် သူနာပြုလို အပ်ချက်အရ အချို့သားဖွားသင် တန်းကျောင်းများတွင်ပါ သူနာပြု ဒီပလိုမာများကို မွေးထုတ်ရန် စီစဉ် ထားပါသဖြင့် ၂ဝ၁၈ ခုနှစ် နိုဝင် ဘာလမှစ၍ သူနာပြုဦးရေ ၄ဝဝဝ ခန့် တက်ရောက်ခွင့်ပြုမည်ဖြစ် ကြောင်း ၄င်းကရှင်းပြသည်။
ထို့နောက် ဝန်ကြီးက ဆက် လက်ရှင်းလင်းရာတွင် တစ်နိုင်ငံ လုံးတွင် သူနာပြုအရေအတွက်မှာ ပျမ်းမျှအင်အား ရာခိုင်နှုန်း ၅ဝ ကျော်ဖြင့်သာ အစွမ်းကုန်ကြိုးစား ဆောင်ရွက်နေသော်လည်း သူနာ ပြုအင်အား လွန်စွာနည်းပါးသည့် အပြင် သူနာပြုများ၏တာဝန်ယူရ သည့်လုပ်ငန်းပမာဏများလွန်းခြင်း၊ လစာနှုန်းထားလွန်စွာနည်းပါး ခြင်း၊ အခွင့်အရေးတန်းတူညီမျှတ မှုမဖြစ်ခြင်း၊ ခွဲခြားဖိနှိပ်ဆက်ဆံခံ ရခြင်း၊ ပညာရေးအခွင့်အလမ်း၊ ရာ ထူးတိုးတက်ရေးအခွင့်အလမ်းများ နှောင့်နှေးခြင်းတို့ကြောင့် လစဉ် လုပ်ငန်းခွင်မှ ထွက်ခွာသူဦးရေ မြင့် တက်လျက်ရှိနေကြောင်း၊ ၂ဝ၁၇ ခုနှစ်တွင် ဗဟိုအဆင့်ဆေးရုံကြီး များ၊ တိုင်းဒေသကြီး/ ပြည်နယ် ကုသရေးဦးစီးဌာနလက်အောက်ရှိ ဆေးရုံကြီးများတွင်လစ်လပ်လျက် ရှိသော အကူသူနာပြုရာထူး ၁ဝ၈၄ နေရာတွင် အကူသူနာပြု(ပြင်ပ) ကိုးလသင်တန်းအောင်မြင်သူများ အားခန့်ထားခဲ့ကြောင်း၊ လုပ်ငန်း ခွင်ဝင်ရောက်သည့် သူနာပြုများ ကိုသာ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီမှ လိုင်စင်ထုတ် ပေးလျက်ရှိသော်လည်း အကူ သူနာပြုများကိုမူ ကျွမ်းကျင်ပညာ ရှင်များမဟုတ်ပါသဖြင့် အသိ အမှတ်ပြုလိုင်စင်ပြုလုပ်ပေးရန် အစီအစဉ်မရှိကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။