images
UN
UN
လယ်ယာလုပ်ငန်းခွင်သုံးစက်ကိရိယာများ စွမ်းဆောင်ရည်သရုပ်ပြပွဲနှင့် သုံးစွဲမှုနည်းပညာဖြန့်ဝေ
ကိုစိုင်း(လွိုင်ကော်) Friday, 01 June 2018
ကယားပြည်နယ် စက်မှုလယ် ယာဦးစီးဌာနနှင့် တောင်သူကြီး လယ်ထွန်စက်ကုမ္ပဏီ(CPCL) တို့ ပူးပေါင်း၍ တောင်သူများ စိုက်ပျိုးရေးနည်းပညာတိုးတက်မြင့် မားလာစေရန် လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်း ဆောင်ရွက်ရာတွင် အထောက်အပံ့ ကောင်းများဖြစ်စေရေးနှင့် စက်ကိ ရိယာများ ကိုင်တွယ်အသုံးပြုတတ် စေရန် ရည်ရွယ်၍ လယ်ယာလုပ် ငန်းခွင်သုံး စက်ကိရိယာများ စွမ်း ဆောင်ရည် သရုပ်ပြပွဲနှင့် သုံးစွဲမှု နည်းပညာဖြန့်ဝေခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီခွဲက ကယား ပြည်နယ် ဒေါတခြားကျေးရွာရှိ တောင်သူ ဒေါ်သုနန္ဒရီ၏ လယ် ယာမြေ၌ ကျင်းပသည်။
ရှေးဦးစွာ ကယားပြည်နယ် ဝန်ကြီးချုပ်က အဖွင့်လမ်းညွှန် အမှာစကား ပြောကြားရာတွင် ''တောင်သူများ အားလုံးရဲ့လိုအင် ဆန္ဒပြည့်ဝစေရေးအတွက် ချပြ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နောင်များမှာလည်း ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ကယားပြည်နယ်ဟာ စိုက်ပျိုးရေး ကို အခြေခံတဲ့ ပြည်နယ်ဖြစ်တယ်။ ဒါကြောင့် စိုက်ပျိုးရေးကဏ္ဍရဲ့ အခြေခံဖြစ်တဲ့ တောင်သူများရဲ့ အားဟာ ပြည်နယ်အတွက် အရေး ကြီးတယ်။ လက်မှုလယ်ယာမှ စက်မှုလယ်ယာကို ကူးပြောင်းရာ မှာ နည်းမှန်၊ လမ်းမှန်၊ စနစ်မှန်နဲ့ ဆောင်ရွက်မှသာ အောင်မြင်ဖြစ် ထွန်းနိုင်မှာဖြစ်တယ်။ တောင်သူ များအနေနဲ့လည်း ဝါယမ စိုက် ထုတ်မှသာ အောင်မြင်နိုင်မှာဖြစ် တယ်။ တောင်သူများအနေနဲ့ မသိ ရှိသေးတဲ့ မူဝါဒများ၊ စည်းမျဉ်း စည်းကမ်းများ ရှိခဲ့ရင်လည်း ဌာန ဆိုင်များနဲ့ ချိတ်ဆက် ဆောင်ရွက် ကြပါ။ ဌာနဆိုင်ရာများကလည်း တောင်သူများ သိရှိလို၍ မေးမြန်း လာပါက စိတ်ရှည်လက်ရှည် သဘောပေါက် နားလည်သည် အထိ ချပြရှင်းလင်းပေးသွားရန် မှာကြားထားပြီးဖြစ်တယ်။ ပြည် နယ်အစိုးရအနေနဲ့ စိုက်ပျိုးရေး ကဏ္ဍနဲ့ ပတ်သက်ပြီး ဆောင်ရွက် ပေးဖို့များစွာရှိနေသေးပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ အပြင် အခြားသောကဏ္ဍများတွင် လည်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက် စေလိုတယ်''ဟု ပြောကြားသည်။
ဆက်လက်၍ ကယားပြည် နယ် စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရဲမြင့်က စက် မှုလယ်ယာ၏ လုပ်ငန်းဆောင်ရွက် မှုများကို ရှင်းလင်းပြောကြားပြီး တောင်သူကြီးလယ်ထွန်စက်ကုမ္ပဏီ (CPCL) ၏Regional Manager rS 3S – Sales, Sevice, Spare Part ဝန်ဆောင်မှုများအကြောင်းကို ရှင်း လင်းပြောကြားသည်။ ထို့နောက် တောင်သူကြီး လယ်ထွန်စက် ကုမ္ပဏီ CPCL) Regional Manager က ပြည်နယ်ဝန်ကြီးချုပ်အား အမှတ်တရလက်ဆောင် ပေးအပ် ခဲ့သည်။
ယင်းနောက် ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူ များနှင့် တောင်သူများက ပြောင်း သီးနှံ၊စပါးသီးနှံ၊ မျိုးစေ့ချ ကိရိ ယာ၊ဓာတ်မြေသြဇာ ကြဲဖြန့်ကိရိ ယာ၊ ဆေးဖျန်း ကိရိယာ၊ ကွင်းရှင်း ကိရိယာ၊ အထူးပြု ထွန်/ထယ် ကိရိယာ စသည့် New Holland စက်ကိရိယာများ သရုပ်ပြသမှုကို ကြည့်ရှုရာ တောင်သူကြီး လယ် ထွန်စက်ကုမ္ပဏီ (CPCL) မှTraining Manager က စက်ကိရိ ယာများအကြောင်း ရှင်းလင်းတင်ပြ သည်။