images
UN
UN
ဆက်သွယ်ရေးကွန်ရက်လွှမ်းခြုံမှုရှိစေရန် အထောက်အပံ့ဖြစ်စေမည့် MyanmarSat-2 သဘောတူညီချက်လက်မှတ်ရေးထိုး
ဝဿန် Saturday, 02 June 2018
သတင်းအချက်အလက်နည်း ပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီး ဌာနနှင့် Intelsat Global Sales and Marketing Ltd တို့အကြား ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြတ်တောက်မှုမရှိစေရန်နှင့် မြန်မာ တစ်နိုင်ငံလုံး ဆက်သွယ်ရေးကွန် ရက် လွှမ်းခြုံမှုရှိစေရန်အတွက် Satellite Payload IRU Agreement for MyanmarSat-2 လက် မှတ်ရေးထိုးခြင်း အခမ်းအနားကို ယမန်နေ့က ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ ကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည် ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်း ဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
လက်မှတ်ရေးထိုးပွဲ အခမ်း အနားတွင် ပြည်ထောင်စုဝန်ကြီးက ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြတ်တောက်မှုမရှိစေရေးနှင့် မြန်မာ တစ်နိုင်ငံလုံး ဆက်သွယ်ရေးကွန် ရက် လွှမ်းခြုံမှုရှိစေရေးအတွက် MyanmarSat-2 မှ အထောက် အပံ့ဖြစ်စေမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။
ထို့နောက် Intelsat Global Sales and Marketing Ltd rS Regional Vice President (Asia Pacific)ဖြစ်သူMr. Terence Antony Bleakley ကMyan- mar Sat-2 Satellite အသုံးပြု ခြင်းအားဖြင့် ပိုမိုမြန်ဆန် ကောင်း မွန်သောဝန်ဆောင်မှုများ ရရှိ လာမည့်ကိစ္စရပ်များကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် Satellite Payload IRU Agreement for MyanmarSat-2 စာချုပ်ကို သတင်းအချက်အလက်နည်းပညာ နှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိုင်း စောလင်းထွန်းနှင့်Mr. Terence Antony Bleakley တို့က လက် မှတ်ရေးထိုးခဲ့ကြကြောင်း သိရ သည်။