images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်အဖွဲ့ စုပေါင်းသန့်ရှင်းရေးကွင်းဆင်းဆောင်ရွက်
Sunday, 03 June 2018
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လူငယ်ညီလာခံ (၂ဝ၁၈)သို့ တက်ရောက်ခဲ့ကြသည့် ပါတီဝင်လူငယ်များက ဒေသအကျိုးပြုလှုပ်ရှားမှုတစ်ရပ်အနေဖြင့် ဝေါမြို့နယ် စိုင်တီစုကျေးရွာနှင့် ကျွဲတဲစုကျေးရွာသို့ ဆက်သွယ်သောလမ်းတွင် မြက်ပင်၊ ချုံနွယ်များဖြင့် ပိတ်ဖုံးနေသောကြောင့် ဒေသခံပြည်သူများ မိုးရာသီတွင် အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်စေရန်အတွက် ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးသက်တိုးဝင်းနှင့် မြို့နယ်ကော်မတီဝင် ဦးသောင်းထွန်းတို့က ဦးဆောင်ကာ လူငယ်အင်အား ၅ဝကျော်ဖြင့် ယနေ့နံနက် ၇ နာရီက စတင်၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။