images
UN
UN
သာစည်တွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဆင်းပွဲကျင်းပ
မောင်ကို(သာစည်) Monday, 04 June 2018
မန္တလေးတိုင်းဒေသကြီးသာစည် မြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန တို့ပူးပေါင်း၍ မေ ၂၁ ရက်က ဖွင့်လှစ်ခဲ့သည့် လယ်ယာသုံးစက် ကိရိယာမောင်းနှင်ပြုပြင်ထိန်းသိမ်း နည်းသင်တန်းအမှတ်စဉ်(၁/၂ဝ၁၈) ဆင်းပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲက သာစည်မြို့နယ် သမဝါ ယမအသင်းစုရုံးတွင်ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းနိုင်က သင်တန်းသားများ အနေဖြင့် ယခုသင်တန်းမှ စာတွေ့၊ လက်တွေ့သင်ကြားပေးလိုက်သည့် အတတ်ပညာများကိုလယ်ယာလုပ် ငန်းခွင်များတွင် အကျိုးရှိစွာပြန် လည်အသုံးချကြစေချင်ပါကြောင်း၊ လက်မှုလယ်ယာစနစ်မှ စက်မှု လယ်ယာစနစ်သို့ကူးပြောင်းရာတွင် လယ်ယာသုံး စက်ကိရိယာပစ္စည်း များကိုကျွမ်းကျင်စွာ ကိုင်တွယ် မောင်းနှင်နိုင်ရေးနှင့် စနစ်တကျ ပြုပြင်ထိန်းသိမ်းတတ်စေရေးတို့ အတွက် ယခုသင်တန်းကို ဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်းဖြင့် အမှာ စကားပြောကြားသည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင် ကျော်၊မြို့နယ်သမဝါယမဦးစီးဌာန မှ မြို့နယ်ဦးစီးအရာရှိ ဦးဖုန်းနိုင် နှင့်ဝန်ထမ်းများ၊မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌ ဦးဝင်းမြင့်မောင် နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိအခြေခံသမဝါယမ အသင်း ၃၅ သင်းတို့မှ သင်တန်း သား ၃၅ ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၁၄ ရက်ကြာ မြင့်ခဲ့သည်။ သင်တန်းတွင် တောင် သူများသို့ ထွန်စက်များကို အရစ် ကျငွေချေစနစ်ဖြင့် ရောင်းချပေး ခဲ့ကြသည့် ကုမ္ပဏီများမှ ကျွမ်း ကျင်ပညာရှင်များနှင့် သာစည်မြို့ နယ် စက်မှုလယ်ယာဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များက သင် တန်းသားများအား ထွန်စက်များ မောင်းနှင်နည်း၊ ပြုပြင်နည်း၊ ထိန်း သိမ်းနည်းတို့ကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြကြောင်း သိရ သည်။