images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ရပ်ကွက်နှစ်ခုအကြားရေမြောင်းကို ကျောက်စီရေမြောင်းအဖြစ် တည်ဆောက်ပေးစေချင်
Tuesday, 05 June 2018
ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်အတွင်းရှိ မြို့သစ်ကြီးရပ် ကွက်နှင့်ရမ်ပူရပ်ကွက်တို့အကြား ဧရာဝတီမြစ်အတွင်းသို့ စီးဆင်း သည့် ရပ်ကွက်နေပြည်သူများ နေထိုင်သည့်နေအိမ်များအကြား တွင် တည်ရှိသော ပင်မမြောင်း (ဒေသအခေါ်)နံဘေးတွင် လူနေ အိမ်များဖြင့် အစီအရီ နေထိုင် လျက်ရှိရာ မိုးရာသီရောက်ရှိတိုင်း ရေပြည့်ရေလျှံမှုကို နှစ်စဉ်ကြုံ တွေ့ခဲ့ကြပြီး၂ဝ၁၇ခုနှစ် မိုးရာသီ တွင် ကချင်ပြည်နယ်အစိုးရ၏ လမ်းညွှန်မှုဖြင့်မြို့သစ်ကြီးရပ်ကွက် အုပ်စုကွက်သစ်နယ်မြေမှ စတင် ကာ အောက်ခြေအကျယ် ၁ဝ ပေခန့်ရှိ ကျောက်စီကွန်ကရစ် ရေမြောင်းကိုနှစ်စဉ်ရေပြည့်ရေလျှံ မှုကိုဖယ်ရှားနိုင်ရေးတည်ဆောက် ပေးခဲ့သည်။
ထိုသို့ ကျောက်စီရေမြောင်း တည်ဆောက်ပေးခဲ့မှုမှာ မြို့သစ် ကြီးရပ်ကွက်နှင့် ရမ်ပူရပ်ကွက် ဆုံရာတွင် ရပ်တန့်သွားပြီး တည် ဆောက်ခြင်းလုပ်ငန်းအား ရပ်နား ထားခဲ့ရာမှ ယခုနှစ်တွင် ဆက် လက်လုပ်ဆောင်ပေးခြင်းမရှိသည့် အတွက် ပင်မမြောင်းရှိ ကျန်ရှိ အပိုင်းမှာ မိုးရွာချိန်တွင် ရေစီး သန်ပြီး ရေမြောင်းနံဘေးရှိ မြေ သားနံရံများမှာ ရေတိုက်စားပြီး ပဲ့ကျမှုများဖြစ်ပေါ်လာသဖြင့် နေအိမ်များ ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် တာဝန်ရှိ သူများက အမြန်ဆုံးလာရောက် ကြည့်ရှုစစ်ဆေးပေးကာကျောက်စီ ရေမြောင်းတည်ဆောက်ပေးနိုင်ရန် ဒေသခံများက မျှော်လင့်လျက်ရှိ သည်။ ဒေသခံများ