images
UN
UN
ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးအသိပညာပေးလှုပ်ရှားမှု နိုင်ငံကျော်အနုပညာရှင်များပါဝင်ခဲ့
ဒဂုံဝေလင်း Wednesday, 06 June 2018
လူထုအလွှာအသီးသီးဖြင့် ပါ ဝင်ဖွဲ့စည်းထားသည့် သန့်မြန်မာမှ လှုပ်ရှားဆောင်ရွက်လျက်ရှိသည့် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက် ရေးအစီအစဉ်ကို အရှိန်မြှင့်တင် ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူများ ပူးပေါင်းပါဝင်လုပ်ဆောင်မှု ပိုမိုရရှိ လာရန်ရည်ရွယ်ပြီး အနုပညာရှင် များနှင့် လက်တွဲဆောင်ရွက်နိုင် မည့် အကြောင်းအရာများနှင့် စပ်လျဉ်းပြီး ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက ဘိုကလေးဈေးလမ်း ရှိ အမှတ် ၁ဝ၂၊ Pansuriya အနု ပညာဆုံမှတ်တွင် ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးလှုပ် ရှားမှုအစီအစဉ်တွင် နိုင်ငံကျော် အနုပညာရှင် ရုပ်ရှင်သရုပ်ဆောင် အကယ်အမီဆွေဇင်ထိုက်၊ တေးသံ ရှင်ဇွဲပြည့်၊သရုပ်ဆောင်နှင့်မိတ်ကပ် ပညာရှင်မကြီးစန်း(ခင်စန်းဝင်း) ဒီဇိုင်နာမပုံ့နှင့် မြနှင်းရည်လွင်တို့ ကပူးပေါင်းပါဝင်ထားသည့် ရုပ်သံ ဗီဒီယိုငါးကားတွင် ပလတ်စတစ် ညစ်ညမ်းမှုနှင့် ဆိုးကျိုးများ အကြောင်း အများပြည်သူများ အကျယ်တဝင့်သိရှိစေရန် ဥရောပ သမဂ္ဂအဖွဲ့ ပံ့ပိုးကူညီမှုဖြင့် သန့် မြန်မာမှ ဖန်တီးတင်ဆက်ထား ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသံ အမတ်Kristian Schmidt က လည်း ''မိတ်ဆွေတို့ရဲ့ အတွေးထဲ မှာ ကမ္ဘာ့ပြဿနာအကြီးကြီး တစ်ခု ပြောင်းလဲပစ်ဖို့ မိမိဘာလုပ် နိုင်မလဲ။ မိမိတစ်ဦးတစ်ယောက် ပါဝင်ပြောင်းလဲလိုက်လို့ ရောဘာ များကွာသွားနိုင်မှာလဲဆိုတဲ့အတွေး တွေ တွေးမိပါလိမ့်မယ်။တကယ် တမ်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ဖို့က ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ လက် ထဲမှာပဲရှိပါတယ်။ ကျွန်တော်တို့ရဲ့ အမူအကျင့်တွေ နေ့စဉ်အလေ့အထ တွေ မစဉ်းစားမတွေးခေါ်ဘဲ သက် သာဖို့ အလွယ်လိုက်ခဲ့တာတွေ မပြောင်းလဲ မပြင်ဆင်ဘူးဆိုရင် ပလတ်စတစ် ညစ်ညမ်းမှုဆိုတာ ပျောက်သွားမှာမဟုတ်သလိုပလတ် စတစ်စွန့်ပစ်ပစ္စည်းတွေနဲ့ ဆက်ပြီး မွန်းကျပ်နေမှာဖြစ်တယ်''ဟု၎င်းက ရှင်းလင်းပြောကြားသွားသည်။