images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
နိုင်ငံတကာအကူအညီတွေဟာ လွယ်တာတွေကို ရှုပ်သွားနိုင်တယ်
Wednesday, 06 June 2018
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ(ARSA)လို့ခေါ်တဲ့ အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအပြီး တစ်ဖက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားကြသူတွေကို မြန်မာနိုင်ငံအစိုးရအနေနဲ့ နှစ်နိုင်ငံသဘောတူညီချက်တွေအရ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ဖို့ရှိနေပေမယ့်လည်း ပြန်လည်ပြီးတော့ လက်မခံနိုင်တဲ့ အခြေအနေမျိုးတွေဖြစ်ပေါ်နေပါတယ်။ ဒီအခြေအနေတွေနဲ့ပတ် သက်ပြီးတော့ ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းကဆိုလို့ရှိရင်လည်း အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသလို ရခိုင်ပြည်နယ်အရေး ကိစ္စအတော်များများကိုလည်း တာဝန်ယူဖြေရှင်းခဲ့ဖူးသူတစ်ဦးဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီးဟောင်းဦးခင်ရီကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ MCN TV News ရုံးခန်းမတွင် ဇွန်လ ၁ ရက်နေ့က တွေ့ဆုံမေး မြန်းခဲ့ခြင်းကို ပြန်လည်ဖော်ပြအပ်ပါသည်။

မေး - ပြန်လည်လက်ခံရေးတွေနဲ့ ပတ် သက်ပြီးတော့ မြန်မာအစိုးရ အနေနဲ့ အစစအရာရာပြင်ဆင်ထားပေ မယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပြန်မပို့ နိုင်တဲ့အခြေအနေမျိုးကို ကျွန်တော်တို့ တွေ့နေရတယ်ဆိုတော့ ဒီအခြေအနေက ဘာကြောင့်ဖြစ်နေရတယ်ဆိုတာ အန် ကယ်တို့အနေနဲ့ ဘယ်လိုမြင်မိပါလဲ ခင်ဗျာ။
ဖြေ - ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန် လည်လက်ခံရေးနဲ့ ပတ်သက် ပြီးတော့ ပြန်မပို့နိုင်တဲ့အချက်က နံပါတ် တစ်အချက်က သူဒီဥစ္စာကို အဆုံးအဖြတ် ပေးလို့မရလို့ ပြန်မပို့နိုင်တာလို့မြင်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် တို့ ဒီပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး တော့ နှစ်နိုင်ငံဝန်ကြီးအဆင့် ၂ဝ၁၇ နိုဝင်ဘာ ၂၃ ရက်မှာMoU ထိုးတာ ရှိတယ်။ ပြန်လည်လက်ခံရေး မူလေး ချက်မှာ တစ်ချက်မှာ ဘာပါလဲဆိုတော့ ပြန် လာချင်တဲ့ပုဂ္ဂိုလ်တွေအနေနဲ့ မိမိဆန္ဒ သဘောနဲ့ပြန်လာတာမျိုးဖြစ်ရမယ်လို့ ပြောတယ်။ လက်ရှိ ဟိုမှာရှိနေတဲ့ ဘင်္ဂါလီဒုက္ခသည်တွေအနေနဲ့ မိမိသဘော အလျောက် ပြန်လာချင်တဲ့လူတွေက မရှိ သလောက်ရှားတယ်။ ရှိတဲ့လူတော်တော် များများကလည်း ပြန်မလာနိုင်အောင် ခြိမ်းခြောက်ပိတ်ဆို့မှုတွေရှိတယ်။ ဒါ ကြောင့် ခုနကပြောတဲ့ မိမိဆန္ဒအလျောက် ပြန်လာရမယ်ဆိုတဲ့အချက် မပါတဲ့ အတွက်ကြောင့် ဒါကို ဘင်္ဂလားဒေ့ရှ် အစိုးရက ဖန်တီးပေးလို့မရဘူးဆိုတဲ့ သဘောရှိတာပေါ့။ ဒါက နံပါတ်တစ် အချက်ပါ။ ဒါကြောင့် သူပြန်မပို့နိုင် တာပါ။ နံပါတ်နှစ်အချက်က ကျွန်တော် ခုနကပြောတဲ့ နှစ်နိုင်ငံဝန်ကြီးအဆင့် MoU ထိုးတယ်။ MoUအပေါ်မှာ အကောင်အထည်ဖော်ဖို့အတွက် သက် ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတွင်းဝန်တွေဦးဆောင်တဲ့ လုပ်ငန်း အဖွဲ့ ရှိတာပေါ့နော်။Join Working Group တွေပေါ့။ အဲဒီဟာတွေရဲ့အပေါ် မှာ ကျွန်တော်တို့ တည့်တည့်ပြောရလို့ ရှိရင် ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ လိုက်နာမှုအပေါ်မှာ ကျွန်တော်တို့ မေးခွန်းထုတ်စရာရှိတာ ပေါ့။ ဥပမာတစ်ခုပြောမယ်ဆိုရင် ပြန် လာမယ့်လူတွေအတွက် နှစ်နိုင်ငံအတွင်း ဝန်အဆင့်Join Working Group မှာ သဘောတူထားတာတွေရှိတယ်။
ကျွန် တော်တို့ ဟိုဘက်ကို လျှောက်လွှာတွေ ပေးလိုက်တယ်။ ဖြည့်ပြီးတော့ ပေး လိုက်တဲ့လျှောက်လွှာတွေ ရှိတယ်။ ၈ဝ၁၃ ဦး အဲဒီမှာ သူက ပြည့်ပြည့်စုံစုံ မရှိဘူး။ ဓာတ်ပုံနဲ့ပတ်သက်လို့ မသေချာ ဘူး။ လက်ဗွေလက်မှတ်တွေမပါဘူး။ အထူးသဖြင့် အဲဒီမှာရှိတဲ့ရွာနာမည်တွေ ကို အာရဗီအသံထွက်နဲ့ရေးထားတော့ ဒီမှာ ရှာလို့မရတာတွေရှိတယ်။ အဆိုး ဆုံးကတော့ ဒီပြောင်းလို့ရှိရင် လက် ရှိတည်ဆဲဥပဒေအရ လိုက်နာရမယ့် နေရာတွေမှာ လက်မှတ်မထိုးထားဘူး။ ဒီဘက်က လက်ခံဖို့ကခက်တယ်။ အဲဒီ တော့ ဒီလိုအခြေအနေမျိုးတွေကို ဒီ ဘက်က ဝန်ကြီးအဆင့်ရှိတဲ့ပုဂ္ဂိုလ်တွေ ဒက်ကာကိုရောက်တဲ့အခါမှာ ဟိုဘက် က တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက သူတို့မသိ ပါဘူး၊ ပြည့်ပြည့်စုံစုံမသိပါဘူးလို့ ပြော တယ်။ အဲဒီတော့ ဒုက္ခသည်စခန်းမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေကိုလေ(ဒုက္ခသည် အချင်းချင်း ပြန်ပြီးဖွဲ့တဲ့အုပ်ချုပ်ရေးအဖွဲ့ ပေါ့)အုပ်ချုပ်ရေးမှူးတွေရဲ့အစီအစဉ်နဲ့ ဖြစ်လိုက်တာပါလို့ပြောတယ်ဆိုတာဟာ နှစ်နိုင်ငံအစိုးရချင်း နားလည်မှုယူပြီးလုပ် တဲ့နေရာမှာ နည်းနည်းလေး အားနည်း သလိုဖြစ်နေတယ်။ အဲဒါကြောင့် နှစ် နိုင်ငံသဘောတူညီမှုအပေါ်မှာ ဟိုဘက် အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုက အား နည်းနေသလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ ဒီအခြေအနေကြောင့် ပြန် မပို့နိုင်တာပါတယ်လို့လည်း ကျွန်တော် ယူဆပါတယ်။
မေး - ပြန်လည်လက်ခံရေး လုပ်ငန်း စဉ်တွေနဲ့ပတ်သက်ပြီး မြန်မာ အစိုးရဘက်ကနေပြီးတော့ ဥပမာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာရှိနေတဲ့ ဒုက္ခ သည်စခန်းမှာ သွားပြီးတော့ကို စိစစ်ပြီး တော့ လက်ခံရေးတွေကို ဆောင်ရွက်ဖို့ အထိလိုအပ်တယ်လို့ ဆရာတို့ ထင်မိ သလားဗျ။
ဖြေ - ဒါကတော့ ဒီဘက်က ဝန်ကြီး အဆင့် ပုဂ္ဂိုလ်တွေ ဟိုဘက်ကို သွားတာရှိတယ်ဗျ။ ဒက်ကာကိုလည်း သွားတယ်၊ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့လည်း ဆွေးနွေးတယ်။ နောက် ကော့ဗဇားမှာ ရှိတဲ့ ဒုက္ခသည်စခန်းမှာလည်း သွားပြီး တော့ ဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့ ဒီဘက်ကိုလာရင် ကျွန်တော်တို့ရနိုင်တဲ့ အခွင့်အရေးတွေပေါ့။နောက်NVC Card လက်ခံတယ်ဆိုရင် NVC Card ရဲ့ရမယ့် အကျိုးကျေးဇူး၊ လုပ်ငန်းတာဝန်၊ တာ ဝန်ရှိမှု ရှင်းပြတာရှိတယ်ဆိုတော့ ဒီကိစ္စ က နှစ်နိုင်ငံကိစ္စဆိုတော့ နှစ်နိုင်ငံဆွေး နွေးရုံနဲ့ပြီးတယ်လို့ ကျွန်တော်ထင်ပါ တယ်။ နိုင်ငံတကာအကူအညီ ပါစရာ မလိုဘူးလို့ ကျွန်တော့်ရဲ့အမြင်ကတော့ ဒီလိုရှိပါတယ်။ ဘာလို့လည်းဆိုတော့ နိုင်ငံတကာအကူအညီပါတဲ့ဟာတွေက အချို့အရာတွေက လွယ်တာတွေက ရှုပ် တာ ဖြစ်သွားနိုင်ပါတယ်။ နှစ်နိုင်ငံ bilateral ရှင်းသင့်ပါတယ်လို့ပဲ ကျွန် တော်မြင်ပါတယ်။
မေး - ပြန်လည်လက်ခံရေး လုပ်ငန်း စဉ်တွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ကိစ္စ ၆၂ ဦး ကိစ္စ။ အဲဟာကကျတော့လည်းနှစ်နိုင်ငံ သဘောတူညီချက်တွေအရမဟုတ်ဘဲနဲ့ မိမိသဘောဆန္ဒအရ ပြန်ရောက်လာတဲ့ လူတွေကို ပြန်လာတဲ့လူတွေကိုဖမ်းဆီး အရေးယူထားတယ်။ အဲဒါတွေကို လွတ် ငြိမ်းချမ်းသာခွင့်ပေးပြီး လက်ခံရေးစခန်း မှာထားပြီးတော့ ဆောင်ရွက်နေတာတွေ ကျွန်တော်တို့ တွေ့ရတယ်ပေါ့နော်။ အဲဒီ အရင်က မိသားစုငါးဦးဝင်လာတာမျိုး တွေလည်း ရှိတယ်ပေါ့နော်။ ဒီအပေါ် မှာဆိုလို့ရှိရင်ရော အစိုးရရဲ့လုပ်ဆောင် ချက်တွေက ဘယ်လိုမျိုးဆိုးကျိုး ကောင်း ကွက်တွေရှိလိမ့်မယ်လို့ရော ဆရာ့အနေနဲ့ သုံးသပ်လို့ ရပါသေးလဲခင်ဗျ။

ဖြေ - ကျွန်တော်တို့ နှစ်နိုင်ငံဝန်ကြီး အဆင့်ထိ MoUထိုးပြီးတဲ့ အခါမှာ စပြီးတော့ လက်ခံနိုင်ပြီဆိုပြီး သူတို့ပေးတဲ့ဒိတ်က ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၃၁ ရက်။ မြန်မာနိုင်ငံအစိုးရ ဘက်ကတော့ အဲဒီအချိန်မှာ အဆင်သင့် ဖြစ်တယ်ဗျ။ သို့သော် ဘင်္ဂလားဒေ့ရှ် ဘက်က ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ မေးခွန်းထုတ်စရာဖြစ်လာတော့ အခု အချိန်ထိ တရားဝင် လွှဲပြောင်းပေးတာ မရှိသေးဘူးလို့ ကျွန်တော်တို့ ပြောလို့ ရတယ်။ ကျွန်တော်တို့နှစ်ကြိမ်တော့ဝင် တယ်။ မိသားစုတစ်စု ငါးယောက် အဲဒီ က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ဒုက္ခသည် စခန်းက လာတာမဟုတ်ဘူး။ တောင်ပြို လက်ဝဲနားမှာရှိတဲ့ မိုင်တိုင်(၄၄၊ ၄၅) မှာနေတဲ့လူတွေ စကားစပ်လို့ ဒီလူတွေ ကလည်း ကျွန်တော်တို့ နိုင်ငံထဲမှာနေတဲ့ လူတွေ ၁၉၈ဝ မှာ နယ်နိမိတ်ကိစ္စနဲ့ပတ် သက်ပြီးတော့ ကျွန်တော်တို့နဲ့ဘင်္ဂလား ဒေ့ရှ်အစိုးရ သဘောတူညီမှုစာချုပ်ချုပ် ထားတာရှိတယ်။ အဲဒီစာချုပ်အရ နတ်မြစ်ရှိတာပေါ့နော်။ နတ်မြစ်ကတော့ ဘော်ဒါလိုင်းပေါ့။ ဘော်ဒါလိုင်းကို နိုင်ငံ တကာကတော့ (Zero)လိုင်းလို့ ခေါ် တယ်။ အဲဒီစာချုပ်အရ ဘော်ဒါလိုင်းက နေပြီးတော့ ဟိုဘက်ဒီဘက် ပေ ၁၅ဝ အကွာမှာ ခြံစည်းရိုးတွေခတ်ကြတယ်။ ကိုယ့်နိုင်ငံ၊ သူ့နိုင်ငံ ခြံစည်းရိုးကြားမှာ ရှိတဲ့နေရာသည်(no construction)ရှိတဲ့ နေရာပေါ့။ ဒါ အိမ်တွေ ဘာတွေ မဆောက်ရတဲ့နေရာ အဲဒီနေရမှာသွားနေ တဲ့လူတွေက ကိုယ့်နိုင်ငံပိုင်တွေပဲ။ ဒါ ကို တချို့မီဒီယာတွေက(no man's land) လို့ပြောနေကြတယ်။ no man's land ဆိုတာ သူပိုင် ကိုယ်ပိုင်ဆုံးဖြတ်လို့မရတဲ့ အငြင်းပွားတဲ့နေရာ။ ဒါကို လက်ခံလိုက် လို့ရှိရင် ကိုယ်ပိုင်မဟုတ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်တောင် သက်ရောက်တယ်။ အဲဒီမှာရှိတဲ့ လူတွေက ပြန်လာတယ်။ အဲဒီမှာရှိတဲ့ တောင်ပြိုလက်ယာရှိတဲ့ အုပ်ချုပ်ရေးမှူး မိသားစု စုစုပေါင်း ငါးယောက် သူက တောင်ပြိုလက်ဝဲက ပြန်ဝင်လာတာ ဒီရောက်တော့မှ ဖောင် ဖြည့်တာတို့ဘာတို့ လုပ်ရတယ်။ အစိုးရ ကလွှဲပေးတာမဟုတ်ဘူး။ သူတို့ပိုင်ဒုက္ခ သည်စခန်းက လာခဲ့တာလည်း မဟုတ် ဘူး။ အခု ၆၂ ယောက် အတူတူပဲ ဘယ် သူဘယ်ဝါတော့ ကျွန်တော် ကျကျနန မသိဘူး။ သို့သော် ကျွန်တော်တို့မှာ ရခိုင်အရေးနဲ့ပတ်သက်လို့ စောင့်ကြည့် လေ့လာရေးအဖွဲ့တွေရှိတယ်။ အဲဒီအဖွဲ့ တွေရဲ့သတင်းပို့ချက်အရ ဒီပုဂ္ဂိုလ်တွေ သည် လူပေါင်း ၄ဝ ကျော် ၅ဝ လောက် ဟိုဘက်က ခိုးဝင်တယ်။ ဒါကိုဒီဘက်က ကျွန်တော်တို့တာဝန်ရှိ အဖွဲ့အစည်းက ဖမ်းမိတယ်။ ဖမ်းမိတော့ လဝက(ဧ) ဥပဒေ(၁၃/၁)ပေါ့ဗျာ။ အဲဒီကနေ အရေး ယူတာတွေ ဘာတွေရှိတယ်။ ဒီပုဂ္ဂိုလ် တွေက ဟိုဘက်က နှိပ်စက်သလိုပြုလို့ ခြိမ်းခြောက်သလိုလုပ်လို့ ပြေးလာတာ တွေရှိတယ်။ သူတို့ပြန်လာချင်တဲ့ ဆန္ဒ တော့ရှိမှာပေါ့။ ဒါကို အနီးဆုံး ဥပမာ ပြမယ်ဆိုရင် ကျွန်တော်တို့မေလ ၉ ရက် ၉ နာရီခွဲက ကော့ဗဇားမှာရှိတဲ့ ဒုက္ခ သည်စခန်းရှိတဲ့ အာပိုခါလီဆိုတာ အဲဒီ ဒုက္ခသည်စခန်းကို အာဆာခြောက် ယောက်ဝင်ပြီးတော့ အဲဒီမှာရှိတဲ့ ပို ဟာမက်ဆီဖာဆိုတဲ့ ပုဂ္ဂိုလ်ကို ဆွဲခေါ် သွားတယ်။ သတ်ပစ်လိုက်တယ်။ ဒါ တရားဝင်တယ်လို့ပြောတယ်။
ဘာလို့သတ်ပစ်လိုက်လဲဆိုတော့ ဒီဘက်ကိုပြန်လာဖို့အတွက် ဦးစီး ဦးဆောင်လုပ်ပြီး လှုံ့ဆော်တဲ့လူလို့ ပြောတယ်။ ဆိုတော့ပြန်လာချင်တဲ့ လူတွေရှိတယ်။ အဲဒီလို အာဆာက အကြောက်တရားနဲ့ ပိတ်ဆို့ထား တယ်။ အဲဒီတော့ လူတွေကတရား ဝင်လမ်းကြောင်းက မလာဘူး။ ခိုး လာတယ်၊ ဖမ်းမိတယ်။ ဒီလူတွေ ကို အခုပြန်ပြီးတော့ တရားဝင် ဖြစ်အောင် ဟိုဘက်ကိုပြန်ပို့။ အခု တော့ ကျွန်တော်တို့ဖွင့်ထားတဲ့ ငါးခူရပေါ့။ (ငါးခူရဆိုတာ ရေ လမ်းကြောင်းကလာတဲ့ပုဂ္ဂိုလ်တွေ ပေါ့) ငါးခူရက ဝင်စစ်ဆေးတာ တွေလုပ်။ ဧည့်Visit Card တွေ လုပ်ပြီးတော့မှ ကြားစခန်း လှဖိုး ခေါင်ပို့ ဒီသဘောလုပ်တာတွေရှိ တယ်။ ကျွန်တော်ဆိုလိုတာ ဒါ သည် တရားဝင် MoUအတိုင်း ပြန်လာတဲ့ပုဂ္ဂိုလ်တွေ မဟုတ်ဘူး လို့ကျွန်တော်တို့သိတယ်။ အခု အချိန်ထိကတော့ တရားဝင်လွှဲပေး တာမရှိဘူးလို့ ကျွန်တော်တို့ပြော လို့ ရတယ်။
(ဆက်လက်ဖော်ပြပါမည်)