images
UN
UN
သီတဂူစက္ခုဒါနဆေးရုံတော်တွင် မျက်မမြင်လူနာ ၁၁၉ဝ အား စစ်ဆေးပြီး ၂၇ဝ ခွဲစိတ်ကုသပေးနိုင်ခဲ့
မိုဃ်းကျ(မြစ်ကြီးနား) Friday, 08 June 2018
ကချင်ပြည်နယ် မြစ်ကြီးနား မြို့ ရန်ကြီးအောင်ရပ်ကွက် တောင် တန်းသာသနာပြုဗဟိုကျောင်းတိုက် ရှိ သီတဂူစက္ခုဒါနဆေးရုံတော်တွင် ဒေသခံမျက်စိဝေဒနာရှင်များအား ယခုလ ၄ ရက်မှ ၇ ရက်အထိ အခမဲ့မျက်စိခွဲစိတ်ကုသပေးခြင်း ကို ဆောင်ရွက်ပေးခဲ့ရာ မျက်မမြင် လူနာ ၁၁၉ဝအား စမ်းသပ်စစ်ဆေး ပြီး ၂၇ဝ အား ခွဲစိတ်ကုသပေးနိုင် ခဲ့ကြောင်း ယနေ့ နံနက် ၉နာရီက အဆိုပါ ဆေးရုံတော်ခန်းမဆောင် ၌ ကျင်းပသည့် တွေ့ဆုံပွဲတွင် ကိုရီးယားနိုင်ငံSeoul Namsan Lions Clubမှ ဥက္ကဋ္ဌ Mr. Kim Myung Shin က ပြောကြားသည်။
ကချင်ပြည်နယ် မြစ်ကြီးနား မြို့ သီတဂူစက္ခုဒါနဆေးရုံတော် (မြစ်ကြီးနား)တွင် ကိုရီးယားနိုင်ငံSeoul Namsan Lions Club မှ မျက်စိရောဂါအထူးကုခေါင်းဆောင် ဆရာဝန်Dr. Jung Gun Lee နှင့်MYANMAR lions Club ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းနှင့်မျက်စိအထူး ကုဆရာဝန်များ၊ သူနာပြုများက ကချင်ပြည်နယ်အတွင်းရှိ မျက်စိ ရောဂါဝေဒနာရှင်များအား အခမဲ့ လာရောက်ခွဲစိတ်ကုသရာတွင် ဒေသခံပြည်သူ ၁၁၉ဝ အား စမ်း သပ်စစ်ဆေးပြီး ၂၇ဝ အား အောင် မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ကာ ၈၃ ဦးအား လေဆာပစ်ကုသပေး နိုင်ကြောင်းနှင့် ၂ဝ၁၉ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် လာရောက် ကုသပေးနိုင်ရေး ကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ကိုရီး ယားနိုင်ငံSeoul Namsan Lions Club မှ ဥက္ကဋ္ဌMr. Kim Myung Shin က ပြောကြားခဲ့သည်။ တွေ့ဆုံ ပွဲအပြီးတွင် မျက်စိခွဲစိတ်ကုသခံယူ သည့် လူနာများအား ဆေးထည့် ပေးခြင်း၊ ရေချိန်တိုင်ခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ဆောင် ရွက်ပေးခဲ့ပြီးတွေ့ဆုံပွဲသို့ ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် မြစ်ကြီးနားသီတဂူ အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိန်းနှင့် ကော်မတီ ဝင်များ၊ မျက်စိခွဲစိတ်ကုသမှုခံယူ သည့်လူနာများနှင့်လူနာစောင့်များ အင်အား ၄ဝဝ ခန့် တက်ရောက် ကြောင်း သိရသည်။