images
UN
UN
ထီးခီးတွင်အဂတိလိုက်စားသည်ဟုတိုင်ကြားမှု ပစ်စာဖြစ်နေသော်လည်း ဆက်စစ်မည်
Dawei Watch Friday, 08 June 2018
ထီးခီးနယ်စပ်ဂိတ်တွင် ဌာနဆိုင်ရာ အရာရှိတချို့က ထိုင်းငွေဘတ်သန်းပေါင်း များစွာ အဂတိလိုက်စားသည်ဟုဆိုကာ တိုင်ကြားသည့်စာမှာ ပစ်စာဖြစ်နေသော် လည်း ဆက်စစ်မည်ဖြစ်ကြောင်း
စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးမောင်မောင်ဇင်က ပြောသည်။
ဦးဆောင်တိုင်ကြားသူနှင့် ထောက်ခံလက်မှတ်ထိုးသူ စုစု ပေါင်း ၁၅ ဦးကို အမည်၊ မှတ်ပုံ တင်အမှတ်တို့ဖြင့် တိုက်ဆိုင်စစ် ဆေးရာ လွဲမှားနေသည့်အတွက် ပစ်စာသဘောဖြစ်နေကြောင်း စုံ စမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် (ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး) ဦးမောင်မောင်ဇင်က ပြောသည်။
ထီးခီးနယ်စပ်တွင် တာဝန်ကျ နေသည့် ဌာနဆိုင်ရာအရာရှိများ က အဂတိလိုက်စားကာ ကာစီနို လောင်းကစားရုံများ ခွင့်ပြုထား ခြင်း၊ ထိုင်းနိုင်ငံသို့ အလုပ်သွား လုပ်မည့်သူများထံတွင် ငွေကြေး ကောက်ခံခြင်း အစရှိသည့်အချက် များကို ပြီးခဲ့သည့်ဧပြီလက နိုင်ငံ တော်သမ္မတထံ တိုင်ကြားထား သည်။
တိုင်ကြားမှုက ပစ်စာဖြစ်နေ သော်လည်း တိုင်ကြားခံရသည့် ဌာနဆိုင်ရာအရာရှိများနှင့် ဆက် စပ်နေသည့် ဌာနဆိုင်ရာဝန်ထမ်း များကို ဆက်လက်စစ်ဆေးမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။
ထီးခီးနယ်စပ်တွင် တာဝန် ထမ်းဆောင်နေသည့်ကုန်သွယ်ရေး ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ လဝကဌာန၊ ထွေ/အုပ်ဌာနတို့မှ အရာရှိများကKNU တပ်ဖွဲ့နှင့် ပေါင်းပြီး ထိုင်းဘတ်ငွေသန်း ပေါင်းများစွာ အဂတိလိုက်စားကာ ကာစီနိုလောင်းကစားရုံ၊Resort များကို ဆောက်လုပ်ထားခြင်း၊ ထိုင်းနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်မည့်သူများထံမှ ငွေကြေး ကောက်ခံနေသည်ဟုဆိုကာ တိုင် ကြားခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ရုံးထံမှ သိရသည်။
ယခုလ ၆ ရက်က တိုင်ကြား ခံရသည့် အကောက်ခွန်အရာရှိနှင့် တိုင်ကြားစာတွင် မပါဝင်သော် လည်း Resort များ ဆောက်လုပ် ရာတွင် မြေအသုံးမှုနှင့်ပတ်သက် ၍ ထားဝယ်မြို့နယ် မြေစာရင်း ဦးစီးမှူးကို စစ်ဆေးမေးမြန်းခဲ့ ပြီးဖြစ်ကြောင်း ၄င်းကပြောသည်။
တိုင်ကြားစာတွင် ပါဝင်သည့် ဌာနဆိုင်ရာအရာရှိများကို ဆက် စစ်မည်ဖြစ်ပြီးResort ဆောက် လုပ်ခြင်းနှင့်ပတ်သက်၍ ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများကိုလည်း စစ်ဆေး မည်ဖြစ်ကြောင်း ဦးမောင်မောင်ဇင် က ပြောသည်။
ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်ကာ ဟိုတယ်/ခရီး၊ စား သုံးသူရေးရာဌာနတို့မှ အဖွဲ့ဝင်သုံး ဦးပါ စုံစမ်းစစ်ရေးအဖွဲ့ဖြင့်စစ်ဆေး ကာစစ်ဆေးတွေ့ရှိချက်၊ အကြံပြု ချက်များဖြင့် ယခုလ ၁၅ ရက် တွင်ပြန်လည်တင်ပြရန် တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ညွှန်ကြားထား ကြောင်း သိရသည်။
တိုင်ကြားစာတွင် အထက်ပါ ဌာနဆိုင်ရာအရာရှိများကKNUတပ်ဖွဲ့နှင့်ပေါင်းပြီး လုပ်ဆောင် သည်ဟု ပါရှိသည့်အတွက် စုံစမ်း စစ်ဆေးရာတွင် ပူးပေါင်းကူညီရန်KNUတပ်မဟာ(၄) မြိတ်-ထား ဝယ်ခရိုင်ဥက္ကဋ္ဌနှင့်ဆွေးနွေးညှိနှိုင်း ထားကြောင်း၎င်းက ပြောသည်။
KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒိုစောဆာ ပိတုထံ အဆိုပါ ဆက်သွယ်မေး မြန်းရာ အစိုးရဌာနဆိုင်ရာများနှင့် ပေါင်းကာ အဂတိလိုက်စားခြင်း မရှိကြောင်း ဖြေဆိုထားသည်။
ယင်းအပြင် ဌာနဆိုင်ရာအရာ ရှိများက ပြင်ပပုဂ္ဂလိကကုမ္ပဏီ တစ်ခုနှင့်ပေါင်းကာ အဂတိလိုက် စားနေကြောင်း သိရသည်။