images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
စက်သုံးဆီဈေးက တက်ပြီးပြန်မကျတော့ဘူး
အယ်ဒီတာတစ်ဦး Saturday, 09 June 2018
(ယမန်နေ့မှအဆက်)
မေး - ပြီးတော့ဗျ အလုပ်သမားတွေရဲ့ ပြောဆိုချက်တွေအရဆိုရင် သူတို့
ငွေကျပ် ၃၆ဝဝ ကို ၂ဝ၁၅ ခုနှစ်က သတ်မှတ်ပေးခဲ့တာဆိုရင် သူတို့ရဲ့ လုပ်ခ လစာသည် မြင့်တက်လာတဲ့ကုန်ဈေးနှုန်း ကြောင့် လပိုင်းလောက်ပဲ အကျိုးခံစား ခွင့်ရှိတယ်။ ပြီးတော့ ဒေါ်လာဈေး မြင့်တက်လာမှုကြောင့်မို့လို့ ပေါ်ပေါက် လာတဲ့ ငွေကြေးဖောင်းပွမှုကြောင့် သူ တို့အနေနဲ့ ဒုံရင်းဒုံရင်းပဲလို့ ပြောတယ်။ အရင်တုန်းက ၂ဝဝဝ ကျော်သာရတဲ့ ခံစားမှုပဲလို့ ပြောနေတာရှိတော့ မြန်မာ့ ငွေတန်ဖိုးကျဆင်းမှုတွေ ဒေါ်လာငွေ တန်ဖိုးမြင့်မားမှုတွေကို အန်ကယ်တို့ တုန်းက ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်း ခဲ့တာရှိလဲ။ အဲဒီတုန်းကဆို ကျွန်တော်တို့ မှတ်မိတယ်။ အဲဒီအချိန်က လွှတ်တော် ဥက္ကဋ္ဌကြီးက စီးပွားရေးပညာရှင်တွေ ခေါ်ပြီးတော့ ဒေါ်လာဈေးကို ၁ဝဝဝ ဝန်းကျင်ပဲထားဖို့ လုပ်ဆောင်ခဲ့တာရှိ တယ်ပေါ့။ ဆိုတော့ အဲဒီအတွေ့အကြုံ တွေနဲ့ဆိုရင်ရော အန်ကယ်တို့ ဘယ်လို မျိုးထိန်းကျောင်းခဲ့တာရှိလဲ။
ဖြေ - ဒေါ်လာဈေး တက်တာပေါ့နော်။ ဒေါ်လာဈေးတက်လို့ရှိရင် သူက
သွင်းကုန်တန်ဖိုး တက်လာတယ်ပေါ့။ သွင်းကုန်တန်ဖိုးတက်ရင် ပြည်ပက သွင်း ကုန်တွေဈေးကြီးလာတာပေါ့။ အရင်တုန်း ကတော့ ပြည်ပကသွင်းကုန်တွေဈေးကြီး ရင် ထိန်းချုပ်တာတွေလုပ်တယ်။ မလို တာတွေ မသွင်းဖို့ ဇိမ်ခံပစ္စည်းတွေ လျှော့ ချတယ်။ နောက်တစ်ခါ ပြည်တွင်းက လုပ်လို့ ထုတ်လို့ရမယ့်ဟာတွေကို ပြည် တွင်းမှာပဲထုတ်ပြီး ပြည်တွင်းကပဲ ဝယ် ခိုင်းတယ်။ နောက် ပို့ကုန်တွေကို ဇောက် ချလုပ်တယ်။ ပို့ကုန်တန်ဖိုးနဲ့ သွင်းကုန် တန်ဖိုးမျှသွားပြီဆိုရင် ဒေါ်လာဈေးက အလိုလိုကျသွားတယ်။ အဲဒီနည်းနဲ့လုပ် တယ်။ နောက်တစ်ခုက ပြည်ထောင်စု ကုန်ဈေးနှုန်းထိန်းသိမ်းရေးကော်မတီက လည်း အကုန်လုံးခေါ်တဲ့အပြင်ကို ဘဏ် ဥက္ကဋ္ဌကြီးပါခေါ်တယ်။ ဒေါ်လာဈေး ဘာကြောင့်တက်လဲ။ စီးပွားကူးသန်း ကြောင့်လား။ စီးပွားကူးသန်းဝန်ကြီးဌာန ကနေ သွင်းကုန်တွေ များနေလို့လား။ သွင်းကုန်ပို့ကုန်ပိုင်းမှာ ညှိတယ်။ နောက် ဒေါ်လာဈေးကစားလို့လား။ ပို့ကုန် သွင်း ကုန်ပိုင်းမှာလား။ ဒါတွေပြန်ကြည့်ပြီး လုပ်တယ်။ ဈေးကွက်စီးပွားရေးဆိုတာ လွှတ်ထားလို့မရဘူး။ အားလုံးတိုင်ပင် ပြီးတော့ အစိုးရကနေ ကြပ်မတ်ပေးမှ ရတယ်ဆိုတာ တွေ့ရတယ်။ ဒေါ်လာဈေး မြင့်တက်လာတုန်းကအဲဒီလိုလုပ်ရတယ်။
မေး - နောက်တစ်ပိုင်းကတော့ အလုပ် ရှင်တွေဘက်ကပေါ့နော်။ သွင်း
ကုန် အစားထိုးလုပ်ငန်းမျိုးတွေ များများ ပေါ်လာအောင် လုပ်ရတယ်။ အဲဒီတော့မှ အလုပ်သမားတွေလည်း အလုပ်အကိုင် အခွင့်အလမ်း များများရမယ်ပေါ့နော်။ အလုပ်ရှင်တွေဘက်ကလည်း ငွေကျပ် ၄၈ဝဝ ပေးနိုင်ဖို့ အလုပ်ရှင်တွေက အစိုးရကို တောင်းဆိုတာတွေရှိတယ်။ ဆိုတော့ ကောင်းမွန်ပြီးတော့ မျှတတဲ့ ကုန်ထုတ်လုပ်တွေပေးဖို့ အကြံပြုထား တာရှိတယ်ပေါ့နော်။ ဆိုတော့ အန်ကယ် တို့တုန်းက ဘယ်လိုမျိုးလုပ်ပေးခဲ့တာရှိ လဲ။ အလုပ်ရှင်တွေကို ဘယ်လိုမျိုးဖြေ လျှော့ပေးခဲ့တာရှိလဲ။ အခုလိုမျိုးဆို ဘယ် လိုလုပ်သင့်တယ် ထင်လဲ။
ဖြေ - ပတ်ဝန်းကျင်ကောင်းဖို့ လိုအပ် တယ်။ အလုပ်ရှင်တွေ လိုအပ်
တာက ရင်နှီးမြှုပ်နှံမှု လိုအပ်တဲ့အခါမှာ ပြည်တွင်းဘဏ်တွေက ချေးတဲ့အခါမှာ ၁၃ ရာခိုင်နှုန်းနဲ့ချေးတယ်။ ချေးတဲ့အခါမှာ ဒီအတိုင်းမရဘူး။ အိမ်ခြံမြေတွေ ပေါင်ပြီး မှရတယ်။ပြည်တွင်းဘဏ်တွေက တစ်ခုခု ဖြစ်လာရင် ဒါကိုကိုင်ထားတာပေါ့နော်။ အဲဒါကျတော့လည်းမပေးနိုင်ဘူး။ လျှော့ချ ဖို့ တောင်းဆိုတယ်။ လျှော့ချလိုက်ရင် အပ်ငွေတော့ ရှစ်ရာခိုင်နှုန်းနဲ့ ငါးရာခိုင်နှုန်း ကိုင်ထားတာကို အပ်ငွေတွေကို လျှော့ချ လိုက်ရင် ပင်စင်စားတွေ၊ ဘဏ်မှာ အပ် ထားတဲ့သူတွေ၊ အလုပ်သမားအပ်ထားတဲ့ သူတွေက မကျေမနပ်ဖြစ်တယ်။ သူက လည်း မလျှော့ချင်ဘူး။ အစိုးရက ဘာ လုပ်ပေးရမလဲဆိုရင် သင့်တင့်မျှတသော အတိုးနှုန်းနဲ့ နှစ်အလိုက် အခုဟာက တိုတို လေးဖြစ်နေတယ်။ အတိုးချေးပေးရမယ်။

နောက်တစ်ခုက လျှပ်စစ်ဓာတ်အားကို အာမခံနိုင်ရမယ်။ လျှပ်စစ်ဓာတ်အား ခဏ ခဏ မပျက်အောင် ဒါအာမခံနိုင်ရမယ်။ နောက်တစ်ချက်က စက်သုံးဆီက အမြဲ တမ်းတက်နေတာ။ အဲဒါကို ထိန်းသိမ်း နိုင်ရမယ်။ ကျွန်တော်တို့နိုင်ငံ စက်သုံးဆီ ဈေးက တက်ပြီး ပြန်မကျတော့ဘူး။ဒေါ်လာဈေးတက်ရင် တက်တယ်။ ဒေါ် လာဈေးကျရင်လည်း ပြန်မကျဘူး။ အဲဒါ ကို ထိန်းပေးနိုင်ရမယ်။ ခုနက ကျွန်တော် ပြောသလိုပေါ့။ အရင်းအနှီးရယ်၊ လျှပ်စစ် ဓာတ်အားရယ်၊ စက်သုံးဆီရယ်၊ ပတ်ဝန်း ကျင်ကောင်းကို ဖန်တီးပေးဖို့လိုတယ်လို့ ကျွန်တော့်အနေနဲ့တော့ မြင်ပါတယ်။
မေး - နောက်တစ်ချက်က ဈေးကွက် စီးပွားရေးစနစ်ကို သွားနေတဲ့
အခါကျတော့လေ တခြားဖွံ့ဖြိုးဆဲ နိုင်ငံ တွေမှာဆိုရင် ဥပမာ ထိုင်းတို့ အိမ်နီး ချင်းနိုင်ငံတွေကို ကြည့်လိုက်တဲ့အခါမှာ ပြည်သူတွေကို ငွေများများပေးသုံးပြီး တော့ တိုင်းပြည်ရဲ့ ဝင်ငွေလည်ပတ်စီး ဆင်းမှုယန္တရားကို ပုံဖော်ပြီးတော့ ဖွံ့ဖြိုး တိုးတက်မှုကို တည်ဆောက်သွားတယ်။ ကျွန်တော် တို့တိုင်းပြည်မှာ အဲဒီလိုစနစ် မျိုးတွေပုံဖော်ဖို့ဆိုရင် အစိုးရအနေနဲ့ ဘာ တွေ အခက်အခဲတွေရှိမယ်လို့ အန်ကယ် တို့အနေနဲ့ မြင်မိလဲ။
ဖြေ - လုပ်ခလစာတွေ တိုးတယ်ဆို တာ များများသုံးနိုင်အောင်လုပ်
ပေးတာ။ ဝန်ထမ်းတွေ အလုပ်သမားတွေ များများသုံးနိုင်ပြီးတော့ ပြည်တွင်း သို့ သော် ဘာသွားဖြစ်လဲဆိုတော့ ပြည်တွင်း ဘတ်ဂျက်အသစ်ကို ပြောင်းတဲ့အခါမှာ အစက ၂ဝ၁၇-၂ဝ၁၈ ကို မတ်ကနေ စက်တင်ဘာ ခြောက်လအထိ လုပ်လိုက် တယ်နော်။ ခြောက်လလုပ်လိုက်တဲ့အခါ မှာ လစာတိုးပေးလို့မပါဘူး။ ကြည့် လိုက်တော့ ဘတ်ဂျက်လိုငွေက ၂၈၁၅ ဘီလီယံရှိတယ်။ လွှတ်တော်ပြီးတဲ့အထိ ပေါ့၊ GDPအချိုးက ၆ ဒသမ ၆၅ ရာခိုင်နှုန်းရှိတယ်။ဖွံ့ဖြိုးဆဲနိုင်ငံတွေဆိုရင် များသောအားဖြင့် လိုငွေရဲ့ GDP ငါး ရာခိုင်နှုန်းထက် ပိုပြီးတော့မတောင်းဘူး။ ဒီငွေသာ ထပ်ပြီးတော့ လစာပေးလိုက် မယ်ဆိုရင် လိုငွေက ဒီထက်တိုးသွားဖို့ ပဲရှိတယ်။ အစက အစီအစဉ်မရှိခဲ့ဘူး။ စီမံကိန်းလုပ်ငန်းတွေကို ခဏရပ်ဆိုင်းပြီး တော့ လုပ်မယ်ဆိုတော့ လစာတိုးတာ လည်း မှန်တယ်။ ဆက်သွယ်မှု ကုန် ထုတ်ငွေကလည်း များလာမယ် မှန်တယ်။ သို့သော် စီမံကိန်းတွေ ထပ်မချတော့ ဘူးဆိုရင် စီမံကိန်းငွေတွေက ထပ်ဝင် လာဖို့ပဲရှိတယ်။ ဘာမှ သိပ်ပြီးတော့ ပြောင်းလဲနိုင်တဲ့အခြေအနေမရှိဘူး။ အခု ဟာက တိုးတော့တိုးပါတယ်။ အဲဒီတစ်ခု မှာ သွားဖြစ်နေတယ်။ နောက်တစ်ခုက လက်ရှိအစိုးရ စဉ်းစားတာက မြုပ်နေ တဲ့ငွေတွေ ပြန်ပေါ်လာအောင် အခွန် ဥပဒေကြမ်း တင်တုန်းက တင်တယ်လေ။ လျှော့ပေါ့ခွင့်ပေးမယ်။ ရာခိုင်နှုန်း ၃ဝ၊ ၂ဝ၊ ၁၅ ရာခိုင်နှုန်း ကောက်နေတာကနေ သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်းပဲ ကောက် ပြီးတော့ လိုငွေကနေပြန်ဖော်မယ်ဆိုပြီး တော့ ဘာတွေဖြစ်လာလဲ။ ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးတဲ့အခါကျတော့ မှောင်ခိုလုပ်ငန်းတွေက ကျောက်စိမ်းတို့၊ သစ်တို့၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေက ဝင်လာမယ်။ နောက်အကြမ်းဖက်အဖွဲ့တွေ၊ ထောက်ပံ့ငွေတွေ၊ ငွေမည်းတွေဝင်လာ ပြီးတော့ ငွေကြေးခဝါချမှုတွေလုပ်မယ်။ အိမ်ခြံမြေတွေဝယ်မယ်။ ဈေးတွေတက် မယ်လို့ ကမောက်ကမ ဖြစ်ကုန်မယ်လို့ လွှတ်တော်မှာဆွေးနွေးခဲ့တဲ့အခါမှာ ထင် သလောက်ဖြစ်မလာဘူးဆိုတဲ့ဟာကို တွေ့ရပါတယ်။
မေး - နောက်ဆုံးအနေနဲ့ကတော့ အလုပ် သမားတွေကို အခြေခံလုပ်ခ
လစာ တိုးပေးလိုက်ပေမယ့် အပြင်မှာကုန် ဈေးနှုန်းနည်းနည်းလေး တက်နေတယ်။ ဒါတွေကို ထိန်းသိမ်းနိုင်ဖို့ အဓိက ငွေ တန်ဖိုးကျဆင်းမှုတွေမဖြစ်စေဖို့ အန်ကယ် တို့အနေနဲ့ ဘာတွေအကြံပြုချင်လဲ။
ဖြေ - ခုနကအထဲမှာလည်း ပါပါ တယ်။ ကျွန်တော်တို့ အကြံပြု
လည်း လုပ်ချင်မှလုပ်မှာလေ။ သူတို့မှာ လည်း အများကြီးပါ၊ ပညာရှင်တွေ ကျွန် တော်တို့ထက်တော်တဲ့ ပညာရှင်တွေ အများကြီးခေါ်ထားတာပဲ။ နောက် နိုင်ငံ ခြားသားပညာရှင်တွေလည်း ဝန်ကြီးဌာန တိုင်းမှာရှိတယ်။ အဲဒီတော့ သီးခြားတော့ အကြံပြုစရာမရှိတော့ပါဘူး။ ခုနက ဟာတွေပဲ လုပ်ချင်မှလုပ်မှာဖြစ်တဲ့အတွက် မပြောတော့ဘူး။ အဲဒါတွေ လုပ်နိုင် ရင်လည်း လုပ်ပေါ့။ အဲဒါပါပဲ၊ ဒီလောက် ပါပဲ ကျေးဇူးတင်ပါတယ်။ ပြောချင်တာ ပြောလို့ရတဲ့အတွက် ကျေးဇူးတင်ပါ တယ်။