images
UN
UN
နှလုံးသွေးကြောပိတ်ဆို့ခြင်းကို ဖြေရှင်းပေးမည့် အစားအစာများ
ပေါက်ပေါက် Saturday, 09 June 2018
ကညွတ်
ကညွတ်တွင် အမျှင်ဓာတ်နှင့် သတ္တု ဓာတ်များ ပြည့်စုံလုံလောက်စွာ ပါရှိနေ ရုံမျှမက၊ ဗီတာမင်ကေ၊ ဗီတာမင်ဘီဝမ်း၊ ဗီတာမင်ဘီတူး၊ ဗီတာမင်စီနှင့် ဗီတာမင် အီးတို့လည်း ကြွယ်ဝစွာ ပါရှိနေကြပါ တယ်။ ၄င်းအစွမ်းသတ္တိများက သွေး ဖိအားကို လျှော့ချပေးနိုင်ပြီး၊ နှလုံးသွေး ကြောထဲရှိသွေးခဲပိတ်ဆို့ခြင်းမှ ကာကွယ် ပေးနိုင်ပါတယ်။
ထောပတ်သီး
လေ့လာမှုမှတ်တမ်းများအရ ပုံမှန် အရွယ်အစားရှိသော ထောပတ်သီးတစ် လုံးထဲမှာ ပရိုတင်းလေးဂရမ်နှင့် အမျှင် ဓာတ် ၁၁ ဂရမ်တို့ပါရှိနေကြရာ ၄င်း ထောပတ်သီးကို နေ့စဉ်ပုံမှန်စားပေးခြင်း ဖြင့် ခန္ဓာကိုယ်အတွက် မကောင်းသောLDL ကိုလက်စထရောကို ၂၂ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပြီး၊ ကောင်းသောHDLကိုလက်စထရောကို ၁၁ ရာခိုင်နှုန်းမြှင့် တင်ပေးနိုင်ကြောင်း သိရပါတယ်။ကောင်းသောကိုလက်စထရော၏ လုပ် ဆောင်ချက်မှာ နှလုံးသွေးကြောများ အတွင်း သွေးများကောင်းမွန်စွာ လှည့် ပတ်စီးဆင်းစေကာ နှလုံးသွေးကြောများ ပိတ်ဆို့ခြင်းကို ရှင်းလင်းပေးပါတယ်။
ပန်းဂေါ်ဖီစိမ်း
ဗီတာမင်ကေအပြည့်အဝပါရှိတဲ့ ပန်း ဂေါ်ဖီစိမ်းက နှလုံးသွေးကြောများ အနည် ကျပိတ်ဆို့ခြင်းကို ကာကွယ်ပေးပါတယ်။ ပန်းဂေါ်ဖီစိမ်းထဲတွင်ပါရှိသော ဗီတာမင် နှင့်ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကလည်း မကောင်းသောLDLကိုလက်စထရောတို့ ဖြစ်တည်ခြင်းကို ဟန့်တားပေးထားနိုင် ပါတယ်။ အဆိုပါလုပ်ဆောင်ချက်များက သွေးဖိအားကို ပုံမှန်ဖြစ်စေကာ နှလုံး သွေးကြောနံရံများ မာကျောကြွပ်ဆတ်မှု ကို ဖြေလျှော့ပေးပါတယ်။
သစ်ကြံပိုးခေါက်
လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ပမာဏရှိသော သစ်ကြံပိုးခေါက်ကို နေ့ စဉ်ပုံမှန်စားပေးပါက မကောင်းသော ကိုလက်စထရောပမာဏကို လျှော့ချပေး ကာ သွေးကြောများ အနည်ကျပိတ်ဆို့ မှုကို ကာကွယ်ပေးပါတယ်။ ဒါ့ပြင် သစ်ကြံပိုးခေါက်မှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်း အပြည့်အဝပါရှိနေတာကြောင့် နှလုံးနှင့်နှလုံးသွေးကြောများကို ကျန်းမာ စေပါတယ်။ နံနက်စာ လက်ဖက်ရည် (သို့မဟုတ်)ကော်ဖီထဲခွက်ထဲသို့ သစ်ကြံ ပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်သောက်သော အလေ့အကျင့်ကောင်း ကို မွေးမြူပါ။
အုန်းဆီ
ပြည့်ဝဆီတွေက နှလုံးရောဂါကိုဖြစ် စေကြောင်း ရှေးရိုးစွဲအစဉ်အလာအရ သိထားကြသော်လည်း၊ ယခုလတ် တလော လေ့လာမှုမှတ်တမ်းများအရ၊ လက်ဖက်ရည်ဇွန်း နှစ်ဇွန်း(သို့မဟုတ်) သုံးဇွန်းစာပမာဏရှိသော အုန်းဆီကို နေ့ စဉ်စားပေးခြင်းက နှလုံးသွေးကြောများ အနည်ကျခြင်းကို လျော့ကျပေးနိုင် ကြောင်း သိရှိရပါတယ်။
ကော်ဖီ
လေ့လာမှုတစ်ရပ်အရ တစ်နေ့လျှင် ကော်ဖီ ရှစ်အောင်စမှ ၁၆ အောင်စ ပမာဏရှိသော ကော်ဖီရည်သောက်သုံး ခြင်းကနှလုံးရောဂါဖြစ်နိုင်ခြေကိုရာခိုင်နှုန်း ၂ဝ လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရ ပါတယ်။ သို့သော် ၄င်းပမာဏရှိသော ကော်ဖီထဲတွင် ကဖိန်းဓာတ် အသင့် အတင့်မျှသာ ပါရှိရမှာဖြစ်ပြီး၊ ကဖိန်း ဓာတ်ပြင်းပြင်းတို့က သွေးဖိအားကို တိုး စေတာ နှလုံးခုန်နှုန်းကို မြန်ဆန်စေ၍ နှလုံးပင်ပန်းစေ၍သတိပြုသောက်သုံးပါ။




အဆီရှိသော ပင်လယ်ငါး
ငါးသေတ္တာငါး၊ ဆယ်လ်မွန်၊ မက္က ရာယ်၊ တူနာ စတဲ့ငါးများတွင် ကြွယ်ဝ စွာပါရှိသော အဆီတွေက နှလုံးသွေး ကြောထဲရှိ မကောင်းသော ကိုလက်စ ထရောတွေကို လျှော့ချပေးပြီး၊ ကောင်း သောHDL ကိုလက်စထရောတွေကို တိုး ပွားလာစေပါတယ်။ ရက်သတ္တတစ်ပတ် လျှင် နှစ်ကြိမ်ခန့် ၄င်းငါးများကိုစားပေး ခြင်းဖြင့်နှလုံးကို ကျန်းမာစေပါတယ်။
လျှော်ပင်အစေ့
ရှားရှားပါးပါးalpha-linolenicအက်စစ်တစ်မျိုးကို လျှော်ပင်အစေ့တွင် တွေ့ရပြီး၊ ၄င်းအက်စစ်က သွေးတိုး ရောဂါနှင့် ကိုယ်တွင်းကိုယ်ပ ရောင်ရမ်း နာများကို လျှော့ချပေးနိုင်ခြင်း၊ နှလုံး သွေးလွှတ်ကြောပိတ်ဆို့မှုကို ရှင်းလင်း ပေးခြင်း၊ နှလုံးအိမ်စွမ်းဆောင်ချက်ကို တိုးတက်ကောင်းမွန်ခြင်းစသဖြင့်ကောင်း ကျိုးပြုပါတယ်။
လက်ဖက်စိမ်းပင်
လက်ဖက်စိမ်းပင်ထဲတွင် ကြွယ်ဝစွာ ပါရှိသော catechins ဓာတ်တိုးဆန့်ကျင် ပစ္စည်းက အစာအိမ်အတွင်း အစာချက် လုပ်စဉ်ကိုလက်စထရော စုပ်ယူနှောင့် ယှက်မှုဖြစ်စဉ်ကို နှောင့်နှေးသွားစေရန် စွမ်းဆောင်ပေးနိုင်ပါတယ်။ လက်ဖက် စိမ်းရေနွေးကို တစ်နေ့လျှင် တစ်ခွက်သို့ မဟုတ်)နှစ်ခွက် ပုံမှန်သောက်သုံးခြင်း ကြောင့် သွေးစီးဆင်းအားကောင်းစေပြီး နှလုံးသွေးလွှတ်ကြောတွေ ပိတ်ဆို့ခြင်း ကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့ပြင် ကိုယ် အလေးချိန်ကျစေခြင်း၊ နှလုံးကို ကျန်းမာစေခြင်းဖြင့် ကောင်းကျိုးပြုပေး ပါတယ်။
အခွံမာသီး အစေ့အဆန်များ
ဗာဒံစေ့ကဲ့သို့ အခွံမာသီးအစေ့အဆန် များထဲတွင် monounsaturated အဆီ များ၊ ဗီတာမင်အီး၊ အမျှင်နှင့် ပရိုတင်း ဓာတ်တွေ မြင့်မားစွာပါရှိနေကြသလို၊ သစ်ကြားသီးတွင်လည်းalpha-linolenic အက်စစ်တွေပါရှိနေကြပါတယ်။ ၄င်းဓာတ်ပစ္စည်းများက သွေးဖိအား ကောင်းခြင်း၊ နှလုံးသွေးကြောရောင်ရမ်း ခြင်းကို လျှော့ချခြင်း၊ နှလုံသွေးလွှတ် ကြောများ မပိတ်ဆို့အောင် လမ်းကြောင်း ရှင်းလင်းပေးခြင်း စသဖြင့် ကောင်းကျိုး များစွာကို ပေးစွမ်းနိုင်ပါတယ်။
သံလွင်ဆီ
လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ် လို အပ်နေသော monounsaturated oleic အက်စစ်တစ်မျိုးကို သံလွင်ဆီထဲမှာ တွေ့ရပါတယ်။ လတ်တလော လေ့လာ မှုမှတ်တမ်းအရ အရည်အသွေးမြင့် သံ လွင်ဆီက နှလုံးသွေးကြောနှင့်သက်ဆိုင် သော ဝေဒနာများကို ၄၁ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ကြောင်း သိရှိရပါတယ်။
လိမ္မော်သီး
လိမ္မော်သီးထဲတွင်ပါရှိသော ဗီတာ မင်စီ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက သွေး ကြောထဲရှိအောက်ဆီဂျင်ဓာတ်ပြုမှုဆိုင်ရာ ဇီဝဖြစ်စဉ်ပျက်စီးခြင်းမှ ကာကွယ်ပေး ကာ သွေးလွှတ်ကြောများကို ပွင့်စေပါ တယ်။ ပုံမှန်အရွယ်အစားရှိတဲ့ လိမ္မော်သီး ကို တစ်နေ့တစ်လုံး စားပေးခြင်းဖြင့် နှလုံးသွေးလွှတ်ကြောများ ရောင်ရမ်းခြင်း ကို လျှော့ချပေးနိုင်ပြီး နှလုံးသွေးဖိအား စီးဆင်းမှုကိုလည်း တိုးတက်လာစေနိုင်ပါ တယ်။
တည်သီး
ဓာတ်တိုးဆန့်ကျင်ပစ္စည်းနှင့် poly-phenols တို့ပါရှိသော တည်သီးက ခန္ဓာ ကိုယ်ကို ဘေးဖြစ်စေတဲ့LDL ကိုလက်စ ထရောများကို ကျဆင်းစေပါတယ်။ တည်သီးထဲမှာ ကြေပျက်လွယ်သော အမျှင်ဓာတ်ကြွယ်ဝစွာပါရှိနေတာကြောင့် လည်း သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်စေကာ နှလုံးကျန်းမာရေးကို အထောက်အပံ့ဖြစ် စေပါတယ်။
သလဲသီး
သလဲသီးက သွေးကြောထဲရှိ နိုက် ထရစ်အောက်ဆိုဒ်ထုတ်လုပ်မှုကို လှုံ့ ဆော်ပေးပြီး နှလုံးသွေးလွှတ်ကြောများ ပွင့်အောင် အထောက်အပံ့ပေးပါတယ်။ သလဲသီးစားပေးခြင်းဖြင့်နှလုံးသွေး ပျစ်ခဲပိတ်ဆို့ခြင်း အန္တရာယ်မှ ကင်းဝေး စေပါတယ်။
ဟင်းနုနယ်ရွက်
အစိမ်းရင့်ရောင်အရွက်ဖားဖားဟင်းနု နယ်ထဲတွင် အမျှင်ဓာတ်၊ ပိုတက်စီ ယမ်နှင့် ဖောလိပ်တို့ ပြည့်စုံလုံလောက် စွာပါရှိနေ၍ သွေးအားကောင်းစေပါ တယ်။ ဒါ့ပြင် သွေးတိုးကျစေခြင်း၊ သွေးလွှတ်ကြောများ အားကောင်းစေ ခြင်း၊ နှလုံးနှင့်နှလုံးသွေးကြောများ ကျန်း မာစေခြင်းစသည်ဖြင့် ဟင်းနုနယ်ရွက်က များစွာကောင်းကျိုးပြုပေးနိုင်ပါတယ်။
စိမ်းပြာရေညှိပင်
စိမ်းပြာရေညှိပင်ဟာ ပရိုတင်းဓာတ် ကြွယ်ဝတဲ့ cytobacteria တစ်မျိုးဖြစ်ပြီး၊ သွေးထဲမှာရှိတဲ့ lipid levels ကို ပုံမှန် ဖြစ်စေပါတယ်။ အခြားသောအပင်များ နှင့်မတူဘဲစိမ်းပြာရေညှိထဲတွင် တစ်မူထူး ခြားသော အမိုင်နိုအက်စစ်များ ပါဝင် နေပြီး၊ ၄င်းအက်စစ်များက လူ့ခန္ဓာ ကိုယ်ကျန်းမာရေးကောင်းမွန်စေရန်စောင့် ရှောက်ပေးပါတယ်။ စိမ်းပြာရေညှိကို ဖြည့်စွက်စာအဖြစ် နေ့စဉ်စားပေးပါက နှလုံးသွေးကြောနံရံများ ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်။
နနွင်းမှုန့်
နနွင်းထဲရှိ အစွမ်းထက်မြက် Cur-cumin ဓာတ်တိုးဆန့်ကျင်ပစ္စည်းက နှလုံးသွေးခဲပျစ်ခြင်းနှင့် နှလုံးသွေးကြော အဆီကျပိတ်ဆို့ခြင်း အလားအလာတို့ကို ၂၆ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်တဲ့အပြင်၊ နှလုံးသွေးကြောနံရံများ ပျက်စီးမှုမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
ဖရဲသီး
ဖရဲသီးထဲမှာပါရှိတဲ့ သဘာဝ အမိုင်နို အက်စစ်တစ်မျိုးဖြစ်သော Lcitrulline ဓာတ်က နှလုံးသွေးကြောထဲရှိ သွေးဖိအားကို ပုံမှန်ဖြစ်စေပါတယ်။ဒါ့ပြင် ဖရဲသီးက ခန္ဓာကိုယ်ထဲရှိ နိုက် ထရစ်အောက်ဆိုဒ်ထုတ်လုပ်မှုကို လှုံ့ ဆော်ပေးတာကြောင့် နှလုံးနှင့်နှလုံးသွေး ကြောများကို လွန်စွာကောင်းကျိုးပြု ပါတယ်။
ကောက်နှံများ
ကာဗိုဟိုက်ဒရိတ်တို့စုဝေးရာ ကောက် နှံမျိုးနွယ်များဖြစ်ကြတဲ့ ဂျုံ၊ ဆန်လုံးညို၊ ဘာလီ၊ ကွေကာအုတ်ဂျုံများက သွေး ကြောထဲရှိ ကောင်းသော HDL ကိုလက် စထရောပမာဏကို ပွားများစေကာ၊ နှလုံးသွေးလွှတ်ကြောများကို ကောင်းစွာ ပွင့်စေပြီး နှလုံးရောဂါဖိစီးမှုဝေဒနာများ ကို လျှော့ချပေးနိုင်ပါတယ်။