images
UN
UN
ခင်ဦးမြို့နယ်ကျောင်းသူတစ်ဦးအား ဓားဖြင့်ခြိမ်းခြောက်၍ အကြိမ်ကြိမ်သားမယားအဖြစ်ပြုကျင့်သူကို ဖမ်းဆီးအရေးယူ
စံ(ခင်ဦး) Saturday, 09 June 2018
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင် ခင်ဦးမြို့နယ်၌ ယမန်နေ့ နံနက် ၉ နာရီခန့်က အဋ္ဌမတန်း ကျောင်းသူတစ်ဦးအား ဓားဖြင့် ခြိမ်းခြောက်၍ အကြိမ်ကြိမ် သား မယားအဖြစ်ပြုကျင့်ခံရမှုဖြစ်ပွား ကြောင်း မြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ခင်ဦးမြို့နယ် ယာ တော်ကျေးရွာနေ ဦးသန်းဇော်နှင့် ဒေါ်သူဇာတို့သည် ယခုလ ၇ရက် နံနက် ၁ဝနာရီခန့်က ရေဦးမြို့မ ဈေးမှ ဈေးရောင်းပြန်လာစဉ် ရေဦး မြို့ ဘော်ဒါဆောင်သို့ပို့ထားသော သမီးဖြစ်သူ မ----(၁၃နှစ်) (အဋ္ဌမတန်းကျောင်းသူ)မှာ ခေါင်း မူးမူးနေပြီး မကြာခဏပျို့အန်နေ သဖြင့်နေမကောင်းဘူးဆိုကာအိမ်သို့ ခဏခဏပြန်လာနေသောကြောင့် မိခင်ဖြစ်သူက ဆေးခန်းသွားပြရန် သမီးဖြစ်သူကိုခေါ်၍အိမ်မှထွက်လာ ခဲ့ရာ လမ်းတွင် သမီးဖြစ်သူမှာ ကိုယ်ဝန်ရှိနေသည့်လက္ခဏာပုံစံမျိုး တွေ့ရသဖြင့် မေးမြန်းရာ ဘာမျှပြန် မပြောသောကြောင့် မသင်္ကာ၍ သမီးဖြစ်သူ၏ဆီးအားဆီးစစ်တံဖြင့် စစ်ကြည့်ရာ ကိုယ်ဝန်ရှိနေကြောင်း ဆီးစစ်တံမှဖော်ပြနေသဖြင့် ထပ်မံ စစ်ဆေးရာ ကိုယ်ဝန်မှာ သုံးလ ကျော်ခန့်ရှိနေပြီဖြစ်ကြောင်း သိရ သည်။
မိခင်ဖြစ်သူကသမီးဖြစ်သူအား ချော့မော့မေးမြန်းရာတစ်ရွာတည်း နေ အိမ်နီးချင်းဆွေမျိုးတော်စပ်သူ ဘိုကံ(၂ဝနှစ်) မိန်းမနှင့် ကလေး တစ်ယောက်ရှိသူဖြစ်ကြောင်း၊ လွန်ခဲ့ သော သုံးလခန့်က ဖခင်နှင့် မိခင် ဖြစ်သူတို့နှစ်ဦး ညအချိန် တံငါ အလုပ်သွားလုပ်နေစဉ် နေအိမ်၌ သမီးဖြစ်သူ မ---နှင့် သားဖြစ် သူ မောင်မင်းကိုနိုင်တို့နှစ်ဦးသာရှိ နေချိန်များတွင် ဘိုကံ(၂ဝနှစ်)က အိမ်သို့ရောက်လာလေ့ရှိပြီး မောင် ဖြစ်သူကို အခြားအိမ်သို့ ဗီဒီယို ကြည့်ရန် ချော့မော့စေလွှတ်ကာ သမီးအားခြိမ်းခြောက်၍သားမယား ပြုကျင့်သည်မှာ လေးကြိမ်ခန့်ရှိပြီး အိမ်သို့လာရောက်တိုင်း ခလုတ်ဓား တစ်လက်ယူဆောင်လာကာ မိဘ များအား ပြန်တိုင်လျှင် သတ်ပစ် မည်ဟု အကြိမ်ကြိမ်ခြိမ်းခြောက် ကြောင်း သမီးဖြစ်သူ မ----(၁၃နှစ်)ခန့်ကပြောပြသဖြင့်ကျေးရွာ တာဝန်ခံဦးဝင်းအား အကြောင်း ကြားပြီးရဲစခန်းသို့လာရောက်တိုင် ကြားခြင်းဖြစ်ကြောင်း သိရသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ အရွယ်မရောက်သေးသော သမီး ဖြစ်သူ မ---(၁၃နှစ်)ခန့် (အဋ္ဌမ တန်းကျောင်းသူ)အား ဓားဖြင့် ခြိမ်းခြောက်ပြီး သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့သူ ဘိုကံ (၂ဝနှစ်)အားမိခင်ဖြစ်သူကတရားလို ပြုလုပ်၍ တိုင်တန်းသောကြောင့် မြို့မရဲစခန်းမှ (ပ) ၂၄၇/ ၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်ဖမ်းဆီးအရေး ယူထား ကြောင်း သိရသည်။