images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
မလိုလားအပ်တဲ့ ဝင်ရောက်စွက်ဖက်မှုတွေနဲ့ ပြည်တွင်းရေးမငြိမ်မသက်မှုတွေဖြစ်မှာကို စိတ်ပူတယ်
Sunday, 10 June 2018
AIရဲ့ထုတ်ပြန်ချက်အစီရင်ခံစာ၊ မလိုလားအပ်သည့်ပြည်ပစွက်ဖက်မှုတို့နှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်အား MCN TV News မှ ဇွန် ၁ ရက်နေ့က အဆိုပါသတင်းဌာနရုံးခန်းမတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်းကို ပြန်လည်တင်ပြအပ်ပါသည်။

မေး - AI ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက် ပြီးတော့ အထောက်အထားနဲ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာပေါ်မှာ ဆရာတို့ ပါတီရဲ့ သဘောထားအမြင်ကို သိချင်ပါတယ်။
ဖြေ - သူကအခုလိုAIအဖွဲ့ကနေပြီး တော့မှ ထုတ်ပြန်ချက်အပေါ်မှာ တော့ ကျွန်တော်တို့ပါတီအနေနဲ့ ကြိုဆို ရမှာ ကြိုဆိုပါတယ်ပေါ့လေ။ ကြိုဆို ရမယ့်အနေအထားဖြစ်ပါတယ်။
မေး - ဒီထုတ်ပြန်ချက်ကအချိန်အားဖြင့်
၉ လကျော်ပြီး ၁ဝလနီးပါး ကြာမြင့်ခဲ့တဲ့အခါမှအခုလို ထုတ်ပြန်လိုက် တဲ့အပေါ်မှာ ပြည်တွင်းမှာရှိတဲ့ ဟိန္ဒူ အဖွဲ့အစည်းအပါအဝင် နိုင်ငံရေးသမား တွေကဒီထုတ်ပြန်ချက်ကို သံသယဖြစ် နေတယ်ဆိုတော့ ဆရာတို့ရော အဲဒီ အပေါ်မှာ ဘယ်လိုမြင်လဲဗျ။
ဖြေ - ကျွန်တော်တို့လည်းသတိနဲ့စောင့် ကြည့်နေတဲ့အနေအထားပါ။ ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ အဲဒီဖြစ် စဉ်တွေဖြစ်ကတည်းကိုက ခမောက်ဆိတ် မှာ ဒီကျွန်တော်တို့ ဟိန္ဒူဘာသာဝင်တွေ ပေါ့နော်။ကျွန်တော်တို့ နိုင်ငံသားဘာသာ ဝင်တွေ အစုလိုက်အပြုံလိုက် အသတ်ခံရ တယ်။ ဒီကိစ္စသည်ARSAအဖွဲ့၊ အကြမ်း ဖက်အဖွဲ့ရဲ့ လုပ်ရပ်ဖြစ်တယ်လို့ အဲဒီ ကတည်းက ကျွန်တော်တို့လည်း ပြောခဲ့ တယ်။ နောက်တစ်ခါ မီဒီယာအများစု အဲဒီအချိန်မှာ မြေပြင်မှာသွားပြီးတော့ ကျွန်တော်တို့ သွားကြည့်တယ်။ လေ့လာ ကြတယ်။ လေ့လာကြတဲ့အခါမှာ ဘယ် နိုင်ငံတကာမီဒီယာမှ ဒီကိစ္စကို ဖော်ပြ တာ မတွေ့ရဘူး။ မတွေ့ရဘူး ကျွန်တော် တို့က အဲဒီကတည်းက ဒီARSAအကြမ်း ဖက်အဖွဲ့ရဲ့ လုပ်ရပ်ဆိုတာကလည်း
ကျွန်တော်တို့က ထောက်ပြတယ်။ထူးခြား မှုရှိမလာဘူး။ အခု ၉လကျော် ၁ဝလနီး ပါးကျတော့မှ ဒီ AIအဖွဲ့က ထုတ်ပြန်တဲ့ အပေါ်မှာတော့ ကျွန်တော်တို့က သတိနဲ့ စောင့်နေရတဲ့ အနေအထား ဖြစ်တယ်။ ဒီနောက်ကွယ်မှာ ဘာရည်ရွယ်ချက်တွေရှိ သလဲ။ ကျွန်တော်တို့ စိုးရိမ်တာတစ်ခုက ဘာလဲဆိုတော့ အခုတစ်ပြိုင်နက်တည်း မှာပဲ AI အဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့အတူ တစ်ပြိုင်နက်တည်းမှာပဲ နိုင်ငံတကာ မီဒီယာတွေကနေပြီးတော့မှ ဒီကိစ္စတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ဒါ First Finding Mission ကိုပြည်တွင်းမှာ လက်ခံ ပေးဖို့ အစိုးရကို တိုက်တွန်းလာ တာတွေ တွေ့ရတယ်။ ကျွန်တော်တို့က ဒီလိုနိုင်ငံ တကာ အဖွဲ့အစည်းတွေ ကိုယ့်နိုင်ငံရဲ့ ပြည်တွင်းရေး၊ ကိုယ့်နိုင်ငံရဲ့အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုရဲ့ပြည်တွင်းရေးကို နိုင်ငံတော်အစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့ အစည်း အသီးသီးကနေပြီးတော့မှ တာ ဝန်ယူဆောင်ရွက်နေရတဲ့ အချိန်မှာထပ်ပြီး တော့နောက်ထပ်နိုင်ငံတကာအဖွဲ့အစည်း တစ်ခုကိုထပ်သွင်းပြီးတော့မှ မလိုလား အပ်တဲ့ဝင်ရောက်စွက်ဖက်မှုတွေနဲ့ ပြည် တွင်းရေး မငြိမ်မသက်မှုတွေ ဖြစ်မှာကို ကျွန်တော်တို့က စိတ်ပူတယ်။ ဒါ့ကြောင့် ဒီလိုမျိုး အကြောင်းပြချက် ပေးပြီးတော့မှ နောက်ထပ်အဖွဲ့အစည်းတွေထပ်ပြီးတော့ သွင်းဖို့များ ကြိုးစားလာသလားလို့များ ကျွန်တော်တို့က ဒါစောင့်ကြည့်နေတယ်။ သတိစောင့်ကြည့်တဲ့ အနေအထားပေါ့။ ကြိုတော့ကြိုဆိုတယ် သို့သော်လည်းပဲ ဒီလောက်အချိန်ကြာပြီးတော့မှ ထုတ်ပြန် ပြီးတော့ ဆောင်ရွက်လာတဲ့ အပေါ်မှာ တော့ ကျွန်တော်တို့က သတိထားစောင့် ကြည့်နေတဲ့အနေအထားဖြစ်ပါတယ်။
မေး - ဟုတ်ကဲ့ ဆရာ။ ဒီလိုမျိုး AI ရဲ့ထုတ်ပြန်ချက်က အထောက် အထားတွေနဲ့ ARSA ကို ဒါရက်စက်စွာ သတ်ဖြတ်ခဲ့တယ်ဆိုပြီးတော့ ထုတ်ပြန် ချက်နဲ့ပတ်သက်ပြီးတော့ ဒီလိုထုတ်ပြန် ခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက ပြောတယ်။ ဒီထုတ်ပြန်ချက် ကယုတ္တိမရှိဘူး။ ယုံကြည်ချက်ကင်းမဲ့ တယ်ဆိုပြီးပြောတယ်။ အဲဒီအပေါ်မှာ ဆရာရဲ့ သဘောထားအမြင်လေး သိချင် ပါတယ်။
ဖြေ - ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သဘော ထား ကြေညာချက်အပေါ်မှာ တော့ ကျွန်တော်တို့လက်ခံလို့မရဘူး။ ပယ်ချမှာပဲ။ နောက် ပြီးတဲ့အခါကျတော့ ဒီARSA အဖွဲ့ဟာ အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်ဖြစ်တယ်။ ဒါသူတို့ ဘင်္ဂလား ဒေ့ရှ်အစိုးရနဲ့လည်းသက်ဆိုင်ခြင်းမရှိဘူး ပေါ့နော်။သူတို့နဲ့လည်း တိုက်ရိုက်သက် ဆိုင်မှုမရှိဘူး။ ဘာဖြစ်လို့ဒီလိုမျိုးပြော လည်းဆိုတဲ့အပေါ်မှာတော့ ကျွန်တော်တို့ ကသံသယရှိတယ်။ နောက်တစ်ချက် ကကျတော့ဒီလိုပြောဆိုခြင်းသည်ခုနကျွန် တော်တို့ ပြန်လည်စိစစ်လက်ခံရေးအပိုင်း တွေမှာများ အနှောင့်အယှက်ဖြစ်လာ မလားပေါ့နော်။ ဒီအပေါ်မှာလည်း ကျွန် တော်တို့ စိုးရိမ်မှုတော့ရှိတယ်။ ကျွန်တော် တို့အနေနဲ့ကတော့ ဒီပြောကြားချက် အပေါ်မှာတော့ လက်ခံလို့မရဘူး ဒီလို့ပဲ ပြောချင်တယ်။

မေး - ဟုတ်ကဲ့ပါဆရာ။ ပြီးတော့ဆရာ အခုလို အထောက်အထားနဲ့ AI ကအစီရင်ခံစာ ထုတ်ပြန်လိုက်တယ်။ ARSAကကျတော့သူတို့မဟုတ်ဘူးဆိုပြီး ငြင်းနေတယ်။ အဲဒီပေါ်မှာရော ဆရာတို့ ပါတီရဲ့အမြင်လေး သိချင်ပါတယ်။
ဖြေ - သူတို့ ဟိုပြစ်မှုကျူးလွန်ထားတဲ့ အဖွဲ့အစည်းတစ်ခုကတော့ ဒါ သူတို့အနေကတော့ငြင်းမှာပဲ။ သို့သော် လည်းပဲသူတို့ ငြင်းဆိုချက်သည် ဘောင် မဝင်ဘူး။လက်ခံလို့မရဘူး။ ကျွန်တော် တို့ဘက်ကတော့ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကာလတုန်းက သူတို့လုပ်ခဲ့တဲ့ လုပ် ရပ်ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေဟာ ဒီနေ့ ကျွန်တော်တို့ဘက်မှာလည်း၊ အစိုးရဘက် မှာလည်းသက်သေ အထောက်ထားတွေနဲ့ ရှိသလို ခုဒီလို AI အဖွဲ့ကနေပြီးတော့မှ သက်သေအထောက်အထားတွေနဲ့ ဒါဒီ ကမ္ဘာပေါ်မှာသြဇာ အထိုက်အလျောက်ရှိ တဲ့ AI အဖွဲ့အစည်းရဲ့ထုတ်ပြန်ချက်က လည်း ဒါသူတို့မှာလည်းသက်သေ အခိုင် အမာအထောက်အထားတွေနဲ့ ပြောဆို တင်ပြလာတာကိုလည်း တွေ့ရတယ်။အခြေနေအချိန်အခါနဲ့ ဖြစ်စဉ်တွေကို အသေးစိတ် ဖော်ပြလာတာ တွေ့ရတာ ဖြစ်တဲ့အတွက်ဒါကတော့ ဒီဖြစ်စဉ်ပေါ်မှာ တော့ သူတို့ငြင်းသော်လည်းပဲ ဒါဖြစ်စဉ် အမှန်ဆိုတာကိုပဲကျွန်တော်တို့က လက်ခံ ယုံကြည်ရတဲ့အနေအထားဖြစ်ပါတယ်။အချက်အလက်လည်း အပြည်အစုံရှိနေ တယ်။
မေး - ပြီးတော့ ဆရာ ဒီ AI အစီရင် ခံစာနဲ့ပတ်သက်ပြီးတော့ သူတို့ က သက်သေအထောက်အထားနဲ့တကွ ဖော်ပြထားတယ်။အဲဒီပေါ်မှာကျူးလွန်ခဲ့တဲ့ ဗျွှဗအဖွဲ့ကို ဒါကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဘယ်လို မျိုးအရေးယူမှုတွေ ပြုလုပ်သင့်တယ်လို့ ဆရာထင်သလဲ။
ဖြေ - ARSAအဖွဲ့ကိုတော့ ကျွန်တော် တို့ပါတီအပါအဝင် နိုင်ငံရေး ပါတီတွေကနေပြီးတော့မှ ဒါအကြမ်းဖက် အဖွဲ့အဖြစ်သတ်မှတ်ပေးဖို့ ကြိုတင်ပြီး တော့ တောင်းဆိုခဲ့တာတွေ ရှိတယ်။ အဲဒီတော်တော်လေးကြာမှ အစိုးရအဖွဲ့က လည်းARSAအဖွဲ့ကိုအကြမ်းဖက်အဖွဲ့လို့ ကြေညာတာရှိတယ်။ ဒီ ARSAအဖွဲ့ဟာ နိုင်ငံတကာကလည်း ဒီအဖွဲ့ကို အကြမ်း ဖက်အဖြစ်ပဲ လက်ခံအသိအမှတ်ပြုပြီး တော့ အကြမ်းဖက် ဥပဒေနဲ့အညီပေါ့။ ကျွန်တော်တို့နိုင်ငံမှာလည်း အကြမ်းဖက် ဥပဒေရှိတယ်။ နိုင်ငံတကာမှာလည်း ဒီ ဥပဒေနဲ့အညီ သူတို့ကိုအရေးယူဆောင် ရွက်သွားဖို့လိုတယ်။ ဘာဖြစ်လို့လဲဆို တော့ သူတို့လုပ်တဲ့လုပ်ရပ်က တကယ် ကို လူမျိုးသုဉ်းသတ်ဖြတ်မှု Ethnic Cleansing လုပ်တဲ့ ပုံစံမျိုးဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံ သား ဟိန္ဒူဘာသာဝင်တွေကို အစုလိုက် အပြုံလိုက်သတ်ဖြတ်တာသည် ဒါသက် သေနဲ့ အထောက်အထားနဲ့ခိုင်ခိုင်မာမာ လည်း ဖြစ်နေတယ်။ မဟုတ်ဘူးဆိုရင် ကျွန်တော်တို့နိုင်ငံသားတွေအတွက်ပိုမိုဆိုး ရွားတဲ့ ဒီလိုအလားတူဖြစ်ရပ်မျိုးတွေ ထပ်ပြီးတော့ ကျွန်တော်တို့နိုင်ငံသားတွေ ခံစားရမှာကို စိုးရိမ်စိတ်ရှိတယ်။
မေး - ဟုတ်ကဲ့ပါ ဆရာ AI ဆိုတာ ဆရာခုပြောသွားသလိုပဲ ကမ္ဘာ ပေါ်မှာ အထိုက်အလျောက် သြဇာရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ ဒီအဖွဲ့ အစည်းရဲ့ထုတ်ပြန်ချက်က ကျွန်တော်တို့ လက်ရှိအစိုးရရင်ဆိုင်နေရတဲ့ အကျပ် အတည်းတွေပေါ့နော်။ ရခိုင်ကိစ္စနဲ့ ပတ် သက်ပြီးတော့အကျပ်အတည်းတွေ ကနေ ဘယ်လောက်လောက်ပြေလျှော့ သွား မယ်ထင်လဲ။
ဖြေ - ဒီအချိန်မှာတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အစိုးရအနေကတော့ နိုင်ငံတကာဖိအားတွေက အပြင်းထန်ဆုံး အချိန်ပဲ။ ဒီရခိုင်အရေးနဲ့ပတ်သက်ပြီး တော့လေ ဆိုတော့တစ်ဖက်သတ်ကြီးပဲ။ တောက်လျှောက်ဖော်ပြနေတယ်။ တစ် ဖက်သတ်ကြီးပဲပြောနေတယ်။ ဒီကြားထဲ မှာမှ သြဇာအထိုက်အလျောက်ရှိတဲ့AI အဖွဲ့ရဲ့ထုတ်ပြန်ကြေညာချက် ပြောဆို ချက်သည် ကျွန်တော်တို့လက်ရှိ အစိုးရ အတွက်ကတော့၊ NLD အစိုးရ အတွက် ကတော့ ခိုင်မာတဲ့အထောက်အထား တစ်ခုအနေနဲ့ ထွက်ပေါက်တစ်ခုတော့၊ အတိုင်းအတာတစ်ခုတော့ ဖိအားကို ဖြေလျှော့ပေးနိုင်တဲ့ အချက်အလက် အနေနဲ့ အသုံးပြုလို့ရမယ်ထင်ပါတယ်။ဖိအားပေးတဲ့အပေါ်မှာ တုံ့ပြန်လို့ရမယ့် အချက်အလက်လို့ မြင်ပါတယ်။