images
UN
UN
တိုက်ကြီးမြို့ဈေးရပ်(၁)အခြေခံမူလတန်းလွန်ကျောင်းငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော်လည်းကျောင်းဆောင်သစ်ဆောက်လုပ်ရန် ရန်ပုံငွေမကျသေး၂ဝ၁၈-၂ဝ၁၉ခုနှစ်စာသင်နှစ်စာသင်ရန်အခက်အခဲရှိ
ထွန်းလှိုင်(မြိုင်) Monday, 11 June 2018
ရန်ကုန်တိုင်းဒေသကြီးဈေးရပ် မြို့မ(၁) အခြေခံမူလတန်းလွန် ကျောင်းသည် ၂ဝ၁၇ ခုနှစ် မတ် ၁၃ရက်တွင် ငလျင်လှုပ်သည့် ဒဏ်ကြောင့်ပျက်စီးခဲ့ပြီး အန္တရာယ် ရှိအဆောက်အအုံအဖြစ် သတ်မှတ် ၍ စာသင်ကြားနိုင်ရန် ရှမ်းစုရပ် ရှမ်းကျောင်းကြီးဘုန်းတော်ကြီး ကျောင်းသို့ပြောင်းရွှေ့၍ ကလေး များအား စာသင်ကြားပေးခဲ့သည်။ အလင်းရောင် ကောင်းစွာမရသော၊ လေဝင်လေထွက် မကောင်းသော၊ အခင်းမရှိသောအခန်းတွင် စာသင် ကြားနေပါသဖြင့် ကျန်းမာရေးနှင့် မညီညွတ်ဘဲ အခက်အခဲများစွာ ဖြင့်စာသင်ကြားနေရခြင်း၊ကျောင်း သွားကျောင်းပြန် မီးရထားလမ်း၊ ကားလမ်းများဖြတ်၍ သွားရသော ကြောင့် အန္တရာယ်ဖြစ်မည်ကို မိဘ များအနေဖြင့် စိုးရိမ်ပူပန်မှုများ၊ စိတ်ဆင်းရဲမှုများ ခံစားနေရသည်။
အဆိုပါမူလတန်းကျောင်းကို ရှမ်းကျောင်းကြီး ဘုန်းတော်ကြီး ကျောင်းသို့ ပြောင်းရွှေ့စာသင်နေ သည်မှာ တစ်နှစ်ခွဲကြာပြီဖြစ်သော် လည်း ယနေ့အထိ အသစ်ဆောက် လုပ်ခြင်းမပြုလုပ်ရသေး၍ဘုန်းကြီး ကျောင်း၌ သင်ကြားနေရကြောင်း သိရသည်။
''ကျွန်တော်တို့ အနေဖြင့် ကျောင်းဖျက်ပြီး ရန်ပုံငွေချပေးမယ် လို့ ပညာရေးဌာနက ပြောတယ်။ အခုဖျက်ပြီး အဆောင်ဟောင်းကို ရောင်းရငွေ ကျပ် ၁၅၃၉ဝဝဝဝ ကို ပညာရေးဝန်ကြီးဌာနသို့ ပေးသွင်းပြီးဖြစ်တယ်။ ယခုနှစ် ကျောင်းဖွင့်အမီ ပြန်လည်တည် ဆောက်ပေးမယ်လို့ ပညာရေးဌာန မှ သိရှိခဲ့ရသော်လည်း ယနေ့အထိ ရန်ပုံငွေမကျလို့ မဆောက်ရဘဲ ကလေးတွေစာသင်တဲ့အခါနေရာ မလောက်လို့ အပြင်ထွက်သင်နေ ရတာ တစ်နှစ်ခွဲရှိပါပြီ။ မိုးရွာရင် တော့ စာသင်စရာမရှိပါ။ ကျောင်း အောက်ဓမ္မာရုံထဲစုပြီးနေရပါတယ်။ ဒါ့အပြင် ရန်ကုန်-ပြည်ကားလမ်း၊ မီးရထားလမ်းဖြတ်သွားနေရတော့ အန္တရာယ်များပြီး ဒုက္ခခံပြီးစာသင် ရတာ တစ်နှစ်ခွဲရှိသွားပြီ။''အထူး သဖြင့်KG ကလေးတွေအပြင်ထွက် စာသင်ရလို့ ကလေးတွေအတွက် စိတ်ပူရတယ်''ဟု ကျောင်းသား မိဘတစ်ဦးက ပြောသည်။
အဆိုပါမြို့မ(၁)မူလွန်ကျောင်း ၌ ကျောင်းသားကျောင်းသူ ၃၅ဝ တက်ရောက်လျက်ရှိပြီးကျောင်းမြေ နေရာအရ သုံးထပ်အဆောက် အအုံဆောက်မည်ဟု သိရသည်။ အဆိုပါ ကျောင်းသစ်ဆောက်လုပ် နိုင်ရေးအတွက် မြို့မိမြို့ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ လက်မှတ် ထိုး၍ ပညာရေးဝန်ကြီးဌာနသို့ တင်ပြထားကြောင်း သိရသည်။
ရန်ပုံငွေမကျ၍ အဆောက် အအုံဆောက်လုပ်ရန်ကြန့်ကြာနေ မည်ဆိုလျှင် ကလေးများ၂ဝ၁၈- ၂ဝ၁၉ ခုနှစ်စာသင်နှစ်တွင်စာသင် ကြားရေးခက်ခဲနေမည်ကိုကျောင်း သားမိဘများကျောင်းအကျိုးတော် ဆောင်များ စိုးရိမ်ပူပန်လျက်ရှိ ကြောင်းသိရသည်။