images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အကြံပြုချက်အတိုင်း လုပ်ဆောင်နေသမျှကာလပတ်လုံး နိုင်ငံသူနိုင်ငံသားတွေရဲ့ အချုပ်အခြာအာဏာစိုးရိမ်စရာကောင်းတယ်
Monday, 11 June 2018
AI ရဲ့ထုတ်ပြန်ချက်အစီရင်ခံစာ၊ မလိုလားအပ်သည့်ပြည်ပစွက်ဖက်မှုတို့နှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်အားMCN TV News မှ ဇွန် ၁ ရက်နေ့က အဆိုပါသတင်းဌာနရုံးခန်းမတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်းကို ပြန်လည်တင်ပြအပ်ပါသည်။

မေး - ဟုတ်ကဲ့ပါ။ ဆရာရခိုင်ပြည်နယ် မြောက်ပိုင်းကဖြစ်စဉ် စဖြစ် ကတည်းက အခုထိကိစ္စရပ်တွေကို ကိုင် တွယ်ဖြေရှင်းနေတဲ့အစိုးရရဲ့ ဆောင်ရွက် ချက်တွေပေါ်မှာရော ဆရာတို့ပါတီအနေ နဲ့ အားရကျေနပ်မှုရှိလား၊ ဘယ်လိုအား နည်းချက်တွေရှိနေလဲ။
ဖြေ - ကျွန်တော့်အမြင်ပြောရရင်တော့ ၂ဝ၁၅ ခုနှစ် သြဂုတ်လဖြစ်စဉ် သြဂုတ်လမှာစပြီးတော့ ကျွန်တော်တို့နိုင်ငံ ရဲ့လုံခြုံရေးစခန်းတွေကို စပြီးတော့ ဝင် ရောက်တိုက်ခိုက်တာတွေနောက် ခမောက် ဆိတ်မှာ အစုလိုက်အပြုံလိုက်သတ်တဲ့ ကိစ္စတွေဖြစ်ပေါ်တယ်ပေါ့။ ဖြစ်ပေါ်တဲ့ အချိန်မှာတကယ်တမ်းဖြစ်တာက ဒီဘက် ကကျွန်တော်တို့ နိုင်ငံရဲ့အချုပ်အခြာ အာဏာပိုင်နိုင်ငံဖြစ်တယ်။ လုံခြုံရေးတပ် ဖွဲ့တွေရှိတယ်။ နိုင်ငံသားတွေရှိတယ်။ ဒေသခံတိုင်းရင်းသားတွေ ရှိတယ်ဆို တော့ အဲဒီအဖွဲ့တွေကို လာပြီးတော့မှ ကျူးကျော်တယ်၊ တိုက်ခိုက်တယ်။ လာ ရောက်သတ်ဖြတ်တယ်။ နောက်ရွာတွေ မီးရှို့တယ်။ ပြီးတော့တိုင်းရင်းသားတွေ ကို မုဒိမ်းကျင့်တယ်။ဒီလိုမျိုးဆောင်ရွက် တဲ့အပေါ်မှာ ကျွန်တော်တို့နိုင်ငံရဲ့တာဝန် ရှိတဲ့တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် တွေက နယ်မြေကိုရှင်းလင်းရတယ်။ မိမိရဲ့အချုပ်အခြာအာဏာပိုင် စခန်းတွေ ကို လာရောက်တိုက်ခိုက်တာဖြစ်တဲ့ အတွက် ပွင့်ပွင့်လင်းလင်း ပြောရင်တော့ နိုင်ငံကိုစိန်ခေါ်တာပဲ၊ ဒီလိုမျိုးဆောင်ရွက် မှုတွေပေါ်မှာ ကျွန်တော်တို့ကနယ်မြေ ရှင်းလင်းတာတွေ အကြမ်းဖက်လုပ်ရပ် တွေအပေါ်မှာ တုံ့ပြန်ရတာတွေရှိတယ်။ ဟိုဘက်ကလာပြီးတော့မှ ရည်ရွယ်ချက် ရှိရှိနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ လုပ် တာရယ် နိုင်ငံသားတွေကို စော်ကား တယ်။ သတ်ဖြတ်တယ်။ ရွာတွေ မီးရှို့ တယ်။ စခန်းတွေကို လာပြီးတော့ ထိုး နှက်တိုက်ခိုက်တယ်၊ဒီအပေါ်မှာကျွန်တော် တို့က ပြန်ပြီးတော့ တာဝန်ရှိအဖွဲ့အစည်း တွေအနေနဲ့ဒါတုံ့ပြန်ရတာပေါ့။ သူတို့လာ ရောက် ကျူးကျော်တိုက်ခိုက်တာတွေက ပျောက်သွားပြီးတော့ ကမ္ဘာ့မီဒီယာတွေ မှာ မျက်နှာစာတွေမှာ ပျောက်သွားပြီး တော့မှ ကျွန်တော်တို့ဘက်က နယ်မြေ ရှင်းလင်းလို့ဖြစ်စဉ်အချို့ အင်းဒင်လိုကိစ္စ လေးတွေရှိတယ်။ ဒီလိုအပေါ်မှာလာပြီး တော့မှ တစ်ဖက်သတ် မြန်မာ့တပ်မတော် နဲ့ ဒီရခိုင်တိုင်းရင်းသားတွေဟာEthnic Cleansing လုပ်ပါတယ်။ Genocideလုပ်ပါတယ်။ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်။ ဒါကြောင့် မြန်မာ့ တပ်မတော်ကို အရေးယူဆောင်ရွက်ပါ။ အစိုးရကို အရေးယူဆောင်ရွက်ပါဆိုတဲ့ ဖိအားတွေတအား ဝင်လာတယ်။ ဝင်လာ တဲ့အခါကျတော့ ဒီလိုဝင်လာတဲ့ အခြေ အနေမှာ ကျွန်တော်တို့ဘက်ကလည်း ဒီ ကိစ္စတွေကို မဟုတ်မှန်ကြောင်း တပ် မတော်ကလည်း ရှင်းလင်းတာတွေ့ရ တယ်။အစိုးရအဖွဲ့ကလည်း ရှင်းလင်းတာ တွေ့ရတယ်။ သို့သော်ကျွန်တော်တို့က အဲဒီအချိန်ကာလကတည်းက ဒီကိစ္စဟာ ကျွန်တော်တို့နိုင်ငံမှာ အကြမ်းဖက်ဥပဒေ ရှိတယ်။ နောက်နိုင်ငံသားဥပဒေရှိတယ်။ တည်ဆဲဥပဒေတွေရှိတယ်။ ဒီဖြစ်စဉ် သည် ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်း ရေးပဲဖြစ်တယ်။ ဒါနိုင်ငံတကာအရေး မဟုတ်ဘူး။ နိုင်ငံတကာအရေးဖြစ်ဖို့ အတွက်က နိုင်ငံတကာအဖွဲ့အစည်းတွေ ကို လက်ခံလို့မရဘူး။ နိုင်ငံတကာ အဖွဲ့ အစည်းတွေဝင်လာရင် ဒါနိုင်ငံတကာရဲ့ issue ဖြစ်သွားလို့ရှိရင် နိုင်ငံတကာရဲ့ တည်ငြိမ်မှုလုံခြုံမှုတွေကို ချိုးဖောက်နိုင် ပါတယ်ဆိုတဲ့ ခေါင်းစီးကြီးအကြီးကြီး တွေတပ်လိုက်လို့ရှိရင် ဒီအရေးဟာ ကျွန် တော်တို့နိုင်ငံက ဥပဒေလောက်နဲ့တင် ဖြေရှင်းလို့မရဘဲ နိုင်ငံတကာရဲ့ဝင်ရောက် စွက်ဖက်မှုတွေ ဖိအားတွေ ဒီနေ့လိုမျိုးများ လာ နိုင်တယ်ဆိုတာ ကြိုပြီးသုံးသပ်ပြီး တဲ့အတွက် အဲဒီကတည်းက အစိုးရကို တောက်လျှောက် ပြောတယ်။
ဒီအရေး ဟာ ပြည်တွင်းရေးဖြစ်တယ်။ ပြည်တွင်း မှာရှိပြီးသား ဥပဒေနဲ့အညီပဲ ရှိနေတဲ့ တပ်မတော်တို့ အတိုက်အခံပါတီတွေ တိုင်းရင်းသားအဖွဲ့အစည်းတွေ နိုင်ငံသူ နိုင်ငံသားတွေနဲ့ပူးပေါင်းပြီးတော့မှ ဒီ အရေးကိုဖြေရှင်းသင့်တယ်၊ နိုင်ငံတကာ အကြံပြုတဲ့အတိုင်းဆောင်ရွက်မယ်ဆိုရင် နိုင်ငံတကာအခင်းအကျင်းလို ပုံစံမျိုးဖြစ် ပြီးတော့UN လို နေရာမျိုး ရောက်သွား ပြီး ကျွန်တော်တို့တစ်နိုင်ငံတည်းနဲ့ မပြတ် နိုင်တော့ဘူး။ နိုင်ငံတကာအခင်းအကျင်း မဟုတ်တဲ့အတွက် ဒါကို နိုင်ငံတကာ အခင်းအကျင်းပုံမျိုးမဖန်တီးဖို့ တောက် လျှောက်ပြောခဲ့တယ်။ ပြောခဲ့တဲ့အပေါ် မှာ ကိုဖီအာနန်ကော်မရှင်စပြီးတော့ ဖွဲ့ ကတည်းက ပြင်းပြင်းထန်ထန် ကန့်ကွက် ခဲ့တယ်။ သို့သော်အဲဒီအချိန်မှာ အစိုးရက ဘာပြောလဲ ကိုဖီအာနန်ကော်မရှင်ကိုအကြံ ပြုရုံသက်သက်ပါဆိုပြီးတော့မှ ကော်မရှင် ကိုဖွဲ့လိုက်တယ်။အဲဒီကော်မရှင်ကအချက် ၈၈ ချက်ပါ အကြံပြုချက်တွေပေးတယ်။ ပေးပြီးတဲ့အပြင်ကို တစ်ခါ ဒီကော်မရှင် ရဲ့အကြံပြုချက်တွေကို အကောင်ထည် ဖော်မယ့်အဖွဲ့ ထပ်ပြီးတော့ဖွဲ့တယ်။ ဖွဲ့ ပြီးတော့တစ်ခါ အကြံပေးအဖွဲ့တွေထပ်ဖွဲ့ တယ်။အားလုံးက နိုင်ငံခြားသားတွေကြီး ပဲ အဲဒီဟာတွေဖွဲ့ပြီးလုပ်လာတဲ့ အချိန်မှာပဲ နိုင်ငံတကာတွေရဲ့ ဖိအားတွေဟာ ကျွန် တော်တို့ မျှော်မှန်းထားတာထက်ကို ပိုပြီး တော့ အစိုးရအပေါ်မှာ ဖိအားတွေ ပြင်း ထန်လာတယ်။ ပြင်းထန်လာရင်း နောက် ဆုံးတစ်ဖက်က ကျူးကျော်ဝင်ရောက် လာတဲ့ ဘင်္ဂါလီတွေက ကျွန်တော်တို့ နိုင်ငံသားတွေကို ဒုက္ခပေးပြီးတော့ ရွာမီး ရှို့ပြီးတော့ စခန်းတွေကို တိုက်တာက ပျောက်သွားပြီးတော့မှ ကျွန်တော်တို့ တိုင်းရင်းသားနဲ့တပ်မတော်ကနေပြီးတော့ မှသူတို့ကိုလူမျိုးသုဉ်းသတ်ဖြတ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ မရှိတဲ့လူမျိုးကို လူမျိုး သုဉ်းသတ်ဖြတ်ပါတယ်ဆိုတဲ့ issue ပုံစံ မျိုးပြောင်းပြန်ကြီးဖြစ်လာတယ်။ ဒါကို ကျွန်တော်တို့ကလက်ခံလို့မရဘူး။နောက် တစ်ချက်ကကျတော့ ကျွန်တော်တို့ပြော နေတာက မိမိပြည်တွင်းက ပြဿနာကို ပြည်တွင်းအားနဲ့ပဲ ပြည်တွင်းဥပဒေနဲ့ပဲ ဖြေရှင်းရမယ်။ နိုင်ငံတကာ အခင်း အကျင်းမျိုး ပေါ်အောင်လုပ်လို့မရဘူး။ ဒါကြောင့် အစိုးရကို အဲဒီကတည်းက သတိပေးခဲ့တယ်။ သို့သော် ဒီနေ့ဖြစ်လာ ပြီ။ နောက်တစ်ချက်ကကျတော့ ကျွန် တော်တို့ ပြောနေတာက ဘာလဲဆိုတော့ ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့မှ လူဦးရေ ပေါက်ဖွားနှုန်းများပြီး ဒီဘက်ကို နယ်မြေ ကျူးကျော်လာတယ်။ ချဲ့ထွင်လာတယ်။ မျိုးဆက်နှစ်ဆက်သုံးဆက် ဖြစ်လာတဲ့ အချိန်မှာများလာတဲ့ အခါကျတော့ ဒီနေ့ ဘူးသီးတောင်၊မောင်တောဒေသမှာယနေ့ ရခိုင်တစ်ပြည်နယ်လုံးဆိုရင် တစ်သန်းခွဲ လောက်ရှိလာပြီ။ ဒီဟာတွေကို ပြောနေ တာတွေဟာ လူမျိုးရေးဘာသာရေးကို ပြောနေတာမဟုတ်ဘူး။ တစ်ဖက်နိုင်ငံ ကနေပြီးတော့မှ လူဦးရေထူထပ်ပြီး ပေါက်ကွဲပြီးတော့မှ ဒီဘက်ကို Migrate ဖြစ်လာတယ်။သူတို့သည် ကျွန်တော်တို့ နိုင်သားမဟုတ်ဘူး။ တရားမဝင် ကျူး ကျော်ဝင်ရောက်နေထိုင်လာတယ်။ သို့ သော် ၈၂ဥပဒေရှိတယ်။ နိုင်ငံသားဥပဒေ ရှိတယ်။အဲဒီဥပဒေအရ မျိုးဆက်နှစ်ဆက် သုံးဆက်လုံးမှာအဲဒီဥပဒေနဲ့ညီညွတ်ရင် နိုင်ငံသားဖြစ်မယ်၊ နိုင်ငံသားအခွင့်အရေး ရမယ်၊ နိုင်ငံသားမဖြစ်နိုင်တဲ့သူတွေသည် မိမိနိုင်ငံကိုပြန်သွားရမယ်။ ဒါမှမဟုတ် ဘယ်လိုစီမံမလဲ ဆိုတဲ့အစီအမံတွေ အစိုးရ နှစ်ရပ်တိုင်ပင်ပြီးတော့ ဆောင်ရွက်ရမှာ တွေရှိတယ်။ အခုကျတော့ ကျူးကျော် ဝင်ရောက်လာတဲ့ ဘင်္ဂါလီဆိုတာပျောက် လာတယ်။ ဒီမှာ ရိုဟင်ဂျာဆိုပြီး ကမ္ဘာမှာ မရှိတဲ့ လူမျိုးစုတစ်စုနာမည်က ရည်ရွယ် ချက်ရှိရှိ ဖော်ထုတ်လာတာတွေ့ရတယ်။ ဒီလူတွေက တိုင်းပြည်မရှိတဲ့အတွက် တိုင်းပြည်မရှိတဲ့ နိုင်ငံသားဖြစ်ရင်လက်ရှိ ရှိနေတဲ့နိုင်ငံက ဒီအထုပ်ကြီးကို ရှင်းရ မယ်ဆိုတော့ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို လည်းအသိအမှတ်ပြုလို့မရဘူး။ လုပ်ကြံ ဖန်တီးထားတဲ့နိုင်ငံဖြစ်တယ်။ တကယ် တမ်းက ကျူးကျော်ဝင်ရောက်လာတာ၊ နောက်တစ်ချက်က ကိုဖီအာနန်ကော်မရှင် မှာ အန္တရာယ်သိပ်ကြီးတာက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အကူညီတောင်းခံ ချက်အရ ရခိုင်ဒေသမှာနေသော မွတ် စလင်အသိုင်းအဝိုင်းနဲ့ ရခိုင်ဒေသမှာနေ သော ဗုဒ္ဓဘာသာအသိုင်းအဝိုင်းဆိုပြီး တော့ သုံးစွဲရပါတယ်ဆိုပြီးဖော်ပြတယ်။ ကျွန်တော်တို့ ပြောနေတာက တရားမဝင် ကျူးကျော်ဝင်ရောက်လာတဲ့ အခြားနိုင်ငံ ကသူတွေကို ပြောနေတာ မွတ်စလင်ကို ပြောနေတာမဟုတ်ဘူး။
ဟိန္ဒူကိုပြောနေ တာ မဟုတ်ဘူး။ ဗုဒ္ဓဘာသာကိုပြောနေ တာမဟုတ်ဘူး။ အခုလို ရခိုင်ဒေသမှာ နေသော မွတ်စလင်အသိုင်းအဝိုင်းနဲ့ ရခိုင် ဒေသမှာနေသောဗုဒ္ဓဘာသာအသိုင်းအဝိုင်း ဆိုတဲ့အခါကျတော့ ဘာသာရေးပဋိပက္ခ အသွင်လို ပုံစံမျိုးပေါ်လာပြီးတဲ့အခါကျ တော့မှ နိုင်ငံတကာမှာရှိနေတဲ့ မွတ်စလင် တွေကပါ ဒီအပေါ်မှာအာရုံတွေစိုက်လာ ပြီးတော့မှ တစ်ဖက်သတ်တွေဖြစ်လာ တယ်။ ပြည်တွင်းမှာရှိတဲ့ ဗုဒ္ဓဘာသာ ဘာသာရေးစိုးရိမ်စိတ်ရှိတဲ့ ပုဂ္ဂိုလ်တွေ ကလည်း ဒီအပေါ်မှာစိုးရိမ်စိတ်တွေရှိတဲ့ အခါကျတော့ တရားမဝင် ကျူးကျော်ဝင် ရောက်လာတဲ့ ဘင်္ဂါလီတွေကို ပြည်တွင်း မှာရှိတဲ့ဥပဒေနဲ့အညီ စီမံဆောင်ရွက်ရမယ့် အစားဘာသာရေးအသွင်ပြင်လက္ခဏာ လိုဖြစ်ပြီးတော့မှ သမိုင်းမှာဘယ်မှာဘယ် တော့မှ ဖျောက်ဖျက်လို့မရတဲ့ ပြဿနာ မျိုးလာဖြစ်တယ်။ အန္တရာယ်ကြီးမားပြီး တော့မှအဖြေထုတ်လို့မရဘူး။ AI အစီ ရင်ခံစာထုတ်ပြန်လာတဲ့အပေါ်မှာ မူတည် ပြီးတော့မှ မူလပြဿနာတင်မဟုတ်ဘူး။ ARSA အကြမ်းဖက်အဖွဲ့ကလည်းရှိနေ တယ်။ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်။ ဒါကြောင့် ဒီအဖွဲ့ တွေလည်း နိုင်ငံတကာအဖွဲ့အစည်းတွေ က Facts Finding Mission လို အဖွဲ့ အစည်းတွေကလာပြီးလက်ခံပြီးလုပ်သင့် တယ်လို့ အစိုးရကို နောက်ထပ်အဖွဲ့ အစည်းတစ်ခုထပ်ထည့်ဖို့ ကြိုးစားလာ တာကိုတွေ့ရတယ်။ ဒါတွေကို သတိနဲ့ ကိုင်တွယ်ပြီးတော့မှ အစိုးရအနေနဲ့ ဆောင် ရွက်သင့်တယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကြံပြု ချက်အတိုင်းလုပ်ဆောင်နေသမျှကာလ ပတ်လုံးနိုင်ငံသူနိုင်သားတွေရဲ့ အချုပ် အခြာအာဏာ စိုးရိမ်စရာကောင်းတယ်။ နိုင်ငံသားတွေရဲ့ အမျိုးသားရေး စရိုက် လက္ခဏာပွန်းပဲ့ပြီးတော့မှ နိုင်ငံသားတွေ ရဲ့အခွင့်အရေးတွေဆုံးရှုံး၊ ဒါကြောင့် မိမိ နိုင်ငံရဲ့ တပ်မတော်အဖွဲ့အစည်းတွေရဲ့ အသံတွေကို နားထောင်ပြီးတော့မှ ပြည် တွင်းရဲ့ စည်းလုံးညီညွတ်မှုအားနဲ့ ဒီ ပြဿနာတွေကိုဖြေရှင်းမှရမယ်။ နိုင်ငံ တကာကို အားကိုးနေလို့တော့ တိုင်းပြည် ဒုက္ခရောက်နေဦးမှာပဲလို့ပြောချင်ပါတယ်။
မေး - ဆရာတို့အနေနဲ့ ရှေ့မှာ အစိုးရ ဖွဲ့ထားတဲ့ အတွေ့အကြုံရှိတယ် ဆိုတော့ ဆရာတို့တုန်းက ရခိုင်ပြည်နယ် ကိစ္စတွေဖြစ်လာတဲ့အခါမှာ ကိုင်တွယ် ဖြေရှင်းခဲ့တာတွေရှိတယ်ဆိုတော့ အခု လက်ရှိအစိုးရရဲ့ ဖြေရှင်းတာနဲ့ပတ်သက် ပြီးတော့ အကြံပေးချင်တဲ့အကြောင်း အရာရှိရင် ပြောပြပေးပါ။
ဖြေ - ကျွန်တော်တို့က အကြံပေးတယ်
ဆိုတာထက်ကျွန်တော်တို့အစိုးရ လက်ထက် နိုင်ငံတကာအခင်းအကျင်း အဖြစ်ပုံဖော်ဖို့ နိုင်ငံတကာကကြိုးစား ခဲ့ဖူးတယ်။ အဲဒီချိန်မှာ တာဝန်ရှိနေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ UN မှာရှိတဲ့သံတမန်တို့က ဒါဟာ ကျွန် တော်တို့ရဲ့ ပြည်တွင်းရေးပဲဖြစ်တယ်။ နိုင်ငံတကာအရေးမဟုတ်ဘူး။ ပြီးတော့ ရခိုင်ဒေသမှာ ရိုဟင်ဂျာဆိုတာမရှိဘူး။ ဘင်္ဂါလီတွေတော့ရှိတယ်။ ဒီလိုကျူး ကျော်ဝင်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေကို နိုင်ငံမှာရှိပြီးသားဖြစ်တဲ့ ဥပဒေတွေနဲ့ အညီ စီမံဆောင်ရွက်နေတယ်။ လုံးဝ လက်မခံပါဘူးဆိုပြီးတော့ ပြင်းပြင်းထန် ထန်ကို ကုလသမဂ္ဂမျက်နှာစာမှာ ကန့် ကွက်ခဲ့တယ်။ အဲဒါကြောင့် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ နိုင်ငံ တကာအနေနဲ့ ပုံမပေးခဲ့ဘူး။ လွတ်လပ် ရေးမရခင်ကာလကတည်းက ဖြစ်ပေါ်ခဲ့ တဲ့ပြဿနာဖြစ်တဲ့အတွက်တော့ အစိုးရ အဆက်ဆက်ကတော့ အချိန်ယူပြီး ဖြေ ရှင်းနေရမှာပဲ။ သို့သော် အချုပ်အခြာ အာဏာပိုင် နိုင်ငံဖြစ်တယ်။ ပြည်တွင်း ရေးပြဿနာကို ပြည်တွင်းအနေနဲ့ပဲ ရှင်း နေတာ ဒီဘက်အစိုးရ လက်ထက်ကျမှ နိုင်ငံတကာရဲ့ ဖိအားလျော့ရအောင်ဆို ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေကို လက်ခံပြီး ဆောင်ရွက်လိုက်တဲ့အမှား ဟာ ဖိအားတွေပြင်းထန်ပြီး ဒီဒေသဟာ မငြိမ်းချမ်းဘဲ ပြဿနာပေါင်းများစွာကို ရင်ဆိုင်နေရတယ်။ ဒီအချိန်မှာ အစိုးရ အနေနဲ့ ပြည်တွင်းရဲ့ပါတီတွေ၊ အဖွဲ့ အစည်းတွေရဲ့အသံကိုလည်းနားထောင်၊ တပ်မတော်လို လက်နက်ကိုင်အဖွဲ့အစည်း တွေနဲ့ပူးပေါင်း၊ ရှိပြီးသား ဥပဒေတွေနဲ့ ဘယ်လိုအဖြေထုတ်ပြီးတော့ ဆောင်ရွက် သွားမလဲ၊ နိုင်ငံတကာဖိအားတွေ လျော့ ကျအောင် နိုင်ငံတွင်းမှာရှိနေတဲ့ ပြည်သူ တွေရဲ့ စည်းလုံးညီညွတ်မှုအားနဲ့ပဲ ဒီကိစ္စ ကြီးကိုဖြေရှင်းလို့ရမယ်လို့ ယုံကြည် ပါတယ်။
မေး - ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး ဆရာတို့ ပါတီသာနောက်တစ်ကျော့ပြန် အစိုးရဖွဲ့နိုင်ခဲ့မယ်ဆိုရင် ဘယ်လိုကိုင် တွယ်ဖြေရှင်းသွားဖို့ရှိလဲ။
ဖြေ - နိုင်ငံတိုင်းကတော့ မိမိနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားကို ဦးထိပ်ထားကြတာပါပဲ။ တရုတ်လည်း သူ့နိုင်ငံနဲ့နိုင်ငံသားရဲ့အကျိုးကို ဦးထိပ် ထားတယ်။ အမေရိကန်လည်း သူတို့ နိုင်ငံနဲ့နိုင်ငံသားရဲ့အကျိုးကို ဦးထိပ်ထား တယ်။ ကျွန်တော်တို့လည်း ကျွန်တော် တို့နိုင်ငံနဲ့ နိုင်ငံသားရဲ့အကျိုးကို ဦးစား ပေးရမယ်။ ဒီပြဿနာသည် ပြည်တွင်း ရေးဖြစ်တယ်။ ဒါကြောင့် နိုင်ငံသား တွေရဲ့ဆန္ဒအတိုင်း နိုင်ငံရဲ့အကျိုးစီးပွား အတွက် ပြည်တွင်းရဲ့ စုပေါင်းညီညွတ် အားနဲ့ပဲ ဖြေရှင်းသွားမယ်။ နိုင်ငံသူနိုင်ငံ သားတွေရဲ့ဆန္ဒကို ဦးစားပေးပြီးတော့မှ ကိုယ့်ပြည်တွင်းအားနဲ့ပဲ စုပေါင်းဖြေရှင်း သွားမှာဖြစ်ပါတယ်။