images
UN
UN
အမျိုးသားရေးကိစ္စကို လွှတ်တော်က ကန့်ကွက်ရင် လွှတ်တော်က တာဝန်ယူရလိမ့်မယ်
Sunday, 17 June 2018


- ပြည်သူ့အသံ လွှတ်တော်အသံ
- ပြည်သူ့မျှော်လင့်ချက် လွှတ်တော် မျှော်လင့်ချက်
- ပြည်သူလိုလားချက် လွှတ်တော်က ဖော်ဆောင်ရွက်
အလွန်ကောင်းသော ဆောင်ပုဒ်ပါ။ မြန်မာ နိုင်ငံမှာတော့ ဆောင်ပုဒ်အနေနဲ့ပဲ ရှိပါတယ်။ မြန်မာနိုင်ငံတွင် ပြည်သူ တစ်ရပ်လုံးကိုကိုယ်စားပြုတဲ့ လွှတ်တော် ကြီးနှစ်ရပ် ပြည်ထောင်စုအဆင့်မှာရှိပါ တယ်။ လွှတ်တော်ကြီးနှစ်ရပ်အပြင် အဲဒီ လွှတ်တော်နှစ်ရပ် ပေါင်းပြီးကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ဆိုတာလည်း ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက ပြည်သူတွေကတော့ အင်မတန်ကံဆိုးပါ တယ်။ ပြည်ထောင်စု မြန်မာနိုင်ငံမှာ နေထိုင်တာချင်းအတူတူ အချို့ပြည်နယ် က တိုင်းရင်းသားပြည်သူတွေရဲ့ အသံက လွှတ်တော်အသံဖြစ်မလာပါဘူး။ ပထမ အကြိမ် ကိုဖီအာနန်ကော်မရှင်ဖွဲ့စဉ်က ရခိုင်ပြည်နယ်က ပြည်သူတွေ အမျိုးမျိုး ဆန္ဒထုတ်ဖော်ခဲ့ကြပေမယ့် ကိုဖီအာနန်သာ ပြန်သွားတယ် ရခိုင်ဒေသခံတိုင်းရင်းသား တွေရဲ့အသံက အသိအမှတ်ပြုခြင်း မခံ လိုက်ရပါဘူး။
ရခိုင်လူမျိုးအများစုရွေးချယ် တင် မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စား လှယ်တွေအနေနဲ့ လွှတ်တော်မှာ အကြိမ် ကြိမ်ဆွေးနွေးခဲ့ပေမယ့် ရခိုင်ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေအတွက် တင်ခဲ့တဲ့အဆို အတော်များများနဲ့ ဆွေးနွေးချက်တွေက အသိအမှတ်ပြုခြင်းမခံခဲ့ရပါဘူး။ အဲဒီလို ပဲ ရခိုင်ပြည်နယ်အတွက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာ အတွက် အမျိုးသားရေးတာဝန်တစ်ရပ်လို သဘောထားပြီး အတိုက်အခံပါတီရဲ့ ကိုယ်စားလှယ်တွေ တင်သွင်းခဲ့တဲ့အဆို တွေကလည်း အကြောင်းပြချက်များစွာနဲ့ ဒီမိုကရေစီအနိုင်ကျင့်ခံရပြီး မဲခွဲဆုံးဖြတ် မှုလုပ်တိုင်း အတည်ပြုခွင့်မရခဲ့ပါဘူး။ အခုရက်ပိုင်းမှာ နိုင်ငံတကာဖိအားကို အကြောင်းပြပြီး ရခိုင်ပြည်နယ်နဲ့ ပတ် သက်ပြီး တတိယမြောက် နိုင်ငံခြားသား ပါဝင်တဲ့ ကော်မရှင်ကိုဖွဲ့စည်းမယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့င်္ခေနဘသသု စာမျက် နှာမှာ တရားဝင်ကြေညာခဲ့ပါတယ်။
ဒီလိုထုတ်ပြန်ခဲ့တဲ့အပေါ်ဝေဖန်မှုတွေ အများအပြားထွက်ပေါ်လာခဲ့သလို မိုင်း ပန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်မိုးက-
''အစိုးရအနေဖြင့် ရခိုင်ပြည်နယ် အတွက် လွတ်လပ်သော ကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းရာတွင် နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦးအပါအဝင် အဖွဲ့ဝင်သုံး ဦးနဲ့ ဖွဲ့စည်းရခြင်းနှင့်စပ်လျဉ်း၍့ြှဃ အဖွဲ့၏ အကြံပေးချက်တွင် ပြည်ပမှ အဖွဲ့ဖြင့်စစ်ဆေးခြင်းနှင့် ပြည်တွင်းမှအဖွဲ့ ဖြင့်စစ်ဆေးခြင်း နည်းလမ်းနှစ်သွယ်ပါရှိ ရာ လွတ်လပ်သော နိုင်ငံတော်၏အချုပ် အခြာအာဏာနှင့် နိုင်ငံသားပြည်သူတို့၏ ဂုဏ်သိက္ခာကို လေးစားယုံကြည်သော အားဖြင့် ပြည်တွင်းမှကျွမ်းကျင်ပညာရှင် များနဲ့သာဖွဲ့စည်းရန် ပြန်လည်စဉ်းစား ဆုံးဖြတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆို''ကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ မှာ တင်သွင်းခဲ့ပါတယ်။
ရခိုင်ပြည်သူတွေကို ကိုယ်စားပြုပြီး ရခိုင်တိုင်းရင်းသားလွှတ်တော်ကိုယ်စား လှယ်တွေ ထောက်ခံပြီး ဆွေးနွေးခဲ့သလို ရခိုင်ပြည်နယ်လုံခြုံရေးအတွက် တပ်မ တော်သား လွှတ်တော်ကိုယ်စားလှယ် တွေကလည်း လုံခြုံရေးအမြင် နိုင်ငံ ရေးအမြင် အပြည့်အဝနဲ့အချက်အလက် နဲ့ဆွေးနွေးသွားခဲ့ပါတယ်။ ဒါပေမဲ့ မဲခွဲ ဆုံးဖြတ်ရာမှာတော့ ထုံးစံအတိုင်းရှုံးရ ပြန်ပါတယ်။ မဲခွဲဆုံးဖြတ်ရင် ရှုံးမယ်ဆို တာသိပေမယ့်လည်း အမျိုးသားရေးမို့ ရခိုင်ပြည်နယ်အရေးမို့ ပြည်သူသိအောင် အစိုးရအဖွဲ့သိအောင် အချက်အလက်နဲ့ ထောက်ပြဆွေးနွေးခဲ့ကြပါတယ်။ ဒီလို လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေး တဲ့နေရာမှာ ပြန်လည်ဖြေကြားသွားတဲ့ အဖြေတွေကတော့ အားမရစရာပါပဲ။ ပြောစရာတစ်ခုရှိတာက ၉-၁ဝ-၂ဝ၁၆ ရက်နေ့မှာ ရဲစခန်းသုံးခုကိုတစ်ပြိုင်နက် ဝင်တိုက်ခဲ့သလို နောက်သုံးရက်အကြာ မှာပဲ တပ်မတော်စစ်ကြောင်းတစ်ခုကို အကြမ်းဖက်တိုက်ခိုက်ခဲ့ပါတယ်။
ဒီလိုဖြစ်လာတာနဲ့သိပ်မကြာခင် ပြည် ခိုင်ဖြိုးပါတီနဲ့ပါတီပေါင်း ၁၃ ပါတီက ဒီလိုအကြမ်းဖက်မှုဟာ နိုင်ငံတကာနဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်း တွေရဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ နိုင်ငံတော်အစိုးရက ကြေညာချက်ထုတ် ပြန်ပေးဖို့ ပူးတွဲသဘောထားထုတ်ပြန်ခဲ့ ပါသေးတယ်။ အစိုးရအဖွဲ့အနေနဲ့တော့ ဘယ်လိုတုံ့ပြန်မှုမှမလုပ်ခဲ့ပေမယ့် သုံးလ လောက်ကြာမှသာ 'အကြမ်းဖက်အဖွဲ့ အစည်းများ''အကြမ်းဖက်မှုများ''အစွန်း ရောက်အကြမ်းဖက်မှုများ' စသဖြင့်ထုတ် ပြန်သွားပါတယ်။ဒါတောင် သမ္မတရုံးက မထုတ်ပြန်သလို အကြမ်းဖက်မှုတွေများ စွာပြုလုပ်ခဲ့တဲ့ ဗျွှဗ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့လို့မသုံးစွဲခဲ့ပါဘူး။
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လာ ရင် တိုင်းပြုပြည်ပြု လွှတ်တော်တွေက ပြည်သူ့မျက်နှာထက် အစိုးရမျက်နှာကို ပိုကြည့်နေတတ်တာကလည်း စိတ်ပျက် စရာပါ။
၂ဝ၁၇ ခုနှစ် နှစ်လယ်ပိုင်း လောက်က အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့အဖွဲ့တွေကို အကြမ်း ဖက်အဖွဲ့အဖြစ် နိုင်ငံတော်က သတ် မှတ်ပေးဖို့ ပြည်သူ့လွှတ်တော်မှာ အဆို တင်သွင်းခဲ့ချိန်မှာ ကန့်ကွက်မဲ ၂၄၄ မဲနဲ့ ရှုံးတဲ့အပြင် လက်ရှိနိုင်ငံတော်သမ္မတ၊ အဲဒီအချိန်တုန်းက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ''မြန်မာနိုင်ငံမှာ အကြမ်းဖက် အဖွဲ့မရှိဘူး'' ဆိုတဲ့စကားကို တရားဝင် ပြောကြားခဲ့ပါသေးတယ်။ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌက ''မြန်မာနိုင်ငံမှာ အကြမ်း ဖက်အဖွဲ့မရှိဘူး''လို့ ပြောပြီး သိပ်မကြာ ခင်မှာပဲ ရဲစခန်း ၃ဝ နဲ့တပ်ရင်း ဌာနချုပ် တစ်ခုကို ဘင်္ဂါလီတွေ အင်အားအလုံး အရင်းနဲ့ ဝင်ရောက်တိုက်ခိုက်တာခံခဲ့ရပါ တယ်။ အဲဒီအခါကျမှအကြမ်းဖက်တိုက် ခိုက်မှုဗဟိုက ဗျွှဗ ကို အကြမ်းဖက် အုပ်စုအဖြစ် ကြေညာချက်(၁/၂ဝ၁၇) ကိုထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ပထမအကြိမ် အကြမ်းဖက် တိုက်ခိုက်ခံရပြီးတော့ ၁ဝ လအကြာမှ အကြမ်းဖက်အဖွဲ့လို့ ထုတ်ပြန်ကြေညာခဲ့ တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေရာနဲ့ချီပြီး အသက်အိုးအိမ် ဆုံးရှုံးပျက်စီးမှုတွေကို ကြုံခဲ့ရပါတယ်။ ဒီဖြစ်ရပ်တွေကို ကမ္ဘာကမသိတာလား။ သိအောင်ပြောဖို့ လူမရှိတာလားတော့ မသိဘူး။ အခုအချိန်မှာတော့ အရှေ့ အလယ်ပိုင်းနဲ့ အနောက်အုပ်စု နိုင်ငံ တွေကြားမှာ မြန်မာနိုင်ငံက ဘင်္ဂါလီတွေ ကို လူအခွင့်အရေးချိုးဖောက်တယ်ဆိုပြီး (ှုညအနမညအေငသညေူ ဃမငာငညေူ ဃသကမအ) ဆိုတဲ့ နိုင်ငံတကာတရားရုံးအထိ အရေးယူဖို့ ဖိအားပေးတာ ပြန်ခံနေရပါတယ်။ ရခိုင် ပြည်နယ်ကိစ္စမှာ မိမိနယ်မြေကိုကာကွယ် ဖို့အတွက် လုပ်ဆောင်ချက်တွေကို လက်ရှိ နိုင်ငံကိုဦးဆောင်နေတဲ့ အစိုးရအဖွဲ့အနေနဲ့ မိမိတို့အရမ်းကျွမ်းကျင်ကြတဲ့ အင်္ဂလိပ် ဘာသာနဲ့ နိုင်ငံတကာကိုချပြဖို့ မကြိုး စားခဲ့ပါဘူး။ ကုလသမဂ္ဂအစည်းအဝေး ကို အတိုက်အခံဘဝက မကြာခဏမိန့်ခွန်း တွေပြောတတ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ကလည်း ကုလသမဂ္ဂအစည်းအဝေးကို မတက်ရောက်တော့ဘဲနဲ့ဒုတိယသမ္မတ(၂) ကိုသာ လွှတ်လိုက်ပါတယ်။ မြန်မာ နိုင်ငံကို ပြည်ပကနေ မဟုတ်မမှန်စွပ်စွဲ ပြောဆိုနေတဲ့ နိုင်ငံတွေကိုလည်း သံတမန် နည်းလမ်းအရ သက်ဆိုင်ရာနိုင်ငံတွေက သံအမတ်တွေကိုခေါ်ယူပြီး သတိပေးရ မှာဖြစ်ပေမယ့် ဘယ်တုန်းကမှ ခေါ်ယူ သတိပေးတာမျိုးမလုပ်ခဲ့ပါဘူး။ ထား လိုက်ပါတော့လေ။ အဓိကဆိုလိုချင်တာ က မြန်မာနိုင်ငံရဲ့ ဥပဒေပြုရေးမဏ္ဍိုင်လို့ ပြောရင်ရသလို နိုင်ငံတော်အစိုးရကို အပြန်အလှန် ထိန်းကျောင်းလို့ရတဲ့ လွှတ် တော်လိုနေရာမျိုးက ပါတီမတူအရောင် အသွေးမတူလို့ အမျိုးသားရေးကိစ္စရပ် တွေကို အတိုက်အခံပါတီက တင်သွင်း လာတိုင်း တိုင်းရင်းသားပါတီတွေက တင်သွင်းလာတိုင်း အစိုးရမျက်နှာတစ်ခု တည်းကိုကြည့်ပြီး ကန့်ကွက်နေခဲ့မယ် ဆိုရင် မြန်မာနိုင်ငံမှာ လွှတ်တော်ရဲ့ အခန်းကဏ္ဍက အရေးမပါသလိုဖြစ်နေဦး မှာပါ။
ပြည်သူ့အသံ လွှတ်တော်အသံဆိုတဲ့ ဆောင်ပုဒ်က ယနေ့ဖြစ်ပျက်နေသော ပြဿနာများကြောင့် ပြည်နယ်က ပြည်သူ တွေကို ကိုယ်စားမပြုတော့သလို ရခိုင် ပြည်သူတွေရဲ့ဆန္ဒကလည်း လွှတ်တော်ရဲ့ ဆန္ဒမဟုတ်ခဲ့ပါဘူး။ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကိုလည်း လွှတ်တော်က မဖော်ဆောင်ပေးနိုင်ပါဘူး။ ရခိုင်ပြည် နယ်အရေးက ပြည်ထောင်စုအရေးဖြစ် သလို တစ်နည်းပြောရရင် အမျိုးသားရေး ဆိုရင်လည်းမမှားပါဘူး။ဒီလို အမျိုးသား ရေးနဲ့ သက်ဆိုင်တဲ့အဆိုတွေ နိုင်ငံတော်ရဲ့ အချုပ်အခြာပိုင်နက်နယ်မြေ မဆုံးရှုံးဖို့ အရေးအတွက် တင်သွင်းလာတဲ့အရေးကြီး အဆိုတွေကို အမျိုးသားရေးတာဝန်တစ်ခု လိုမမြင်ဘဲ မသုံးသပ်ဘဲ မိမိတို့ပါတီ မိမိ တို့ အစိုးရမျက်နှာတစ်ခုတည်းကိုသာ ကြည့်ပြီး ပြည်သူလူထုရဲ့ သဘောဆန္ဒကို ဂရုမစိုက် နိုင်ငံတော်နဲ့အမျိုးသားအကျိုး စီးပွားကို မျက်ကွယ်ပြုပြီးကန့်ကွက်နေ မယ်ဆိုရင် နိုင်ငံတော်နဲ့နိုင်ငံသားတွေ အပေါ် ကျရောက်လာမယ့် ဖိအားတွေ အားလုံးက လွှတ်တော်ရဲ့ တာဝန်ဖြစ်ပါ ကြောင်း အကြံပြုရေးသားလိုက်ပါတယ်။