images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုး လူငယ်စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်
ထိန်ဝင်း(YGN) Monday, 18 June 2018
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လူငယ်စွမ်းရည်မြှင့်သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ယနေ့နံနက် ၉နာရီခွဲကကျင်းပခဲ့ရာ အခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးခင်မောင်စိုး၊ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့် ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် သင်တန်းသား ၄၉ ဦးတက်ရောက်သည်။
အစီအစဉ်အရ နိုင်ငံတော်သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ပါတီဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး က အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သည့် လူငယ်စွမ်းရည် မြှင့်သင်တန်းသည် ပထမဦးဆုံးဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ယခင်က ပါတီ၏လူငယ်များသည် ယခုပါတီခေါင်းဆောင်များဖြစ်နေပြီဖြစ် ကြောင်း၊ ထို့ကြောင့် လူငယ်များကို စွမ်းရည်မြှင့်သင်တန်းများပေး ပြီး လူကြီးများနေရာတွင် ပြောင်းလဲတာဝန်ပေးအပ်သွားရန် ဖြစ်ကြောင်း၊ ပါတီတွင်ကဏ္ဍအလိုက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့်ထိတာဝန်ပေးအပ်ထားကြောင်း၊ အဆိုပါတာဝန်များကို လူငယ်များကပါ ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်ခိုင်ဖြိုး ပါတီသည် ဒို့တာဝန်အရေးသုံးပါးကိုကာကွယ်ပြီး အမျိုးဘာသာသာ သနာကိုကာကွယ်စောင့်ရှောက်မည့်ပါတီဖြစ်ရာ အမျိုးဘာသာကို ကာကွယ်စောင့်ရှောက်ရမည့်တာဝန်မှာ လူငယ်များ၏တာဝန်သာ ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် သင်တန်းသားသင်တန်းသူ များကို လိုက်လံနှုတ်ဆက်၍ ဖွင့်ပွဲအခမ်းအနား ရုပ်သိမ်းခဲ့သည်။
အဆိုပါစွမ်းရည်မြှင့်သင်တန်းကို ယနေ့မှ ယခုလ ၂ဝ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။