images
UN
UN
ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြော
အောင်ထက်(မင်္ဂလာဒုံ) Monday, 18 June 2018
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နယ်မြေအတွင်းရှိ လမ်းဆုံပိုင်းရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးတွင် ယာဉ်အန္တရာယ်ကင်း ရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းများ သိရှိလိုက်နာစေရန် ရည်ရွယ်၍ အသိပညာပေးဟော ပြောပွဲကို ယနေ့ နံနက် ၁၁ နာရီ က ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့အမှတ် (၆၄)ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲအုပ် အောင်ဆန်းလင်းနှင့်တပ်ဖွဲ့ဝင်များ၊ လမ်းဆုံပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းစိန်တို့က ယာဉ်အန္တရာယ် ကင်းရှင်းရေးဟောပြောခဲ့ရာ ဟော ပြောပွဲသို့ ရပ်မိ၊ရပ်ဖများ၊ ရပ်ကွက် နေပြည်သူများ စုစုပေါင်းအင်အား ၇ဝ ကျော်တက်ရောက်ခဲ့ပြီး တက် ရောက်လာသူများက သိရှိလိုသည် များကိုမေးမြန်းကာ အခမ်းအနား ကိုအောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။