images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းစနစ် သင်တန်းဖွင့်လှစ်
Monday, 18 June 2018
သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် ကလိန် အောင်မြို့ မိကျောင်းလှောင်ရွာ သစ်ကျေးရွာ ရေး-ထားဝယ်ကား လမ်းဘေးရှိ တနင်္သာရီသဘာဝ ကြိုးဝိုင်းစီမံကိန်း ပညာပေးပြခန်းမ ၌ ယနေ့နံနက် ၉နာရီတွင် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တောတည် ထောင်ခြင်းနည်းစနစ် သင်တန်း ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် ထားဝယ် ခရိုင် သစ်တောဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဦးဆန်း ဝင်းက တနင်္သာရီတိုင်းဒေသကြီး သည် သစ်တောဖုံးလွှမ်းဧရိယာ ရာခိုင်နှုန်း ၆ဝကျော်ရှိကြောင်း၊ တစ်နိုင်ငံလုံး သစ်တောဖုံးလွှမ်း ဧရိယာအနေဖြင့် ၄၂ ဒသမ ၉ ရာခိုင်နှုန်းကျော်သာရှိသောကြောင့် တောတောင်သစ်တောများ ဆိုးဆိုး ရွားရွား ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ် စေရန်နှင့် မပျောက်ပျက်အောင် ထိန်းသိမ်းတတ်စေရန်အတွက် ရည်ရွယ်၍ ယခုကဲ့သို့ ဒေသခံအစု အဖွဲ့ပိုင် သစ်တောတည်ထောင် ခြင်းနည်း စနစ်သင်တန်းကိုဖွင့်လှစ် ပေးခြင်းဖြစ်ကြောင်း၊သင်တန်းတွင် မိမိတို့၏အတွေ့အကြုံနှင့်ပေါင်းစပ် ၍ မိမိဒေသတွင် ပြန်လည်အသုံး ချသွားစေလိုကြောင်း စသည့်တို့ ကို ပြောကြားသည်။
သင်တန်းတွင် ထားဝယ်ခရိုင် အတွင်းရှိ လေးမြို့နယ်မှ သင်တန်း သား သင်တန်းသူ ၃ဝဦးတို့အား သင်တန်းနည်းပြဆရာ ကိုးဦးက ယခုလ ၁၈ရက်မှ ၂၂ ရက်အထိ ငါးရက်ကြာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း၊ အုပ်ချုပ်လုပ်ကိုင် မှုစီမံချက်ရေးဆွဲခြင်း၊ သဘာဝ မြေသြဇာပြုလုပ်နည်း၊ သစ်နှင့် သစ်တောထွက် ပစ္စည်းထုတ်လုပ် ခြင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အတွက် အလားလာများနှင့် စိန် ခေါ်မှုများ၊ အသင်းဖွဲ့ စည်းမျဉ်း များ၊ မြန်မာ့သစ်တောမူဝါဒနှင့် သစ်တောများမှပေးသော အကျိုး ကျေးဇူးများ၊ အစုအဖွဲ့ပိုင်သစ်တော အခြေအနေနှင့်အလားလာများ၊သီးနှံ သစ်တောရောနှောစိုက်ပျိုးခြင်း၊သစ် တောစိုက်ခင်းနှင့် ပျိုးဥယျာဉ်တည် ထောင်ခြင်း စသည့်ဘာသာရပ် များကို သင်ကြားပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။