images
UN
UN
ဒုက္ခသည်များအတွက် နိုင်ငံအတွင်း၌ ခိုလှုံရေးစခန်းရှိမည်မဟုတ်ဟု ကန်သမ္မတသတိပေး
Tuesday, 19 June 2018
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က နိုင်ငံအတွင်းသို့ ရွှေ့ပြောင်း ဒုက္ခသည်များအား ဝင်ရောက်အခြေချနေထိုင်ခွင့်ပြုရန် စီစဉ်ပေးမည် မဟုတ်သည့်အပြင် နိုင်ငံအတွင်း၌ ယာယီခိုလှုံရေးစခန်းများ ဖန်တီးပေး မည်မဟုတ်ဟု ပြောကြားခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။
ပြီးခဲ့သည့်ရက်ပိုင်းများအတွင်းက တက္ကဆက်ပြည်နယ်ရှိ ခြံစည်းရိုး ကာရန်ထားသော နယ်နိမိတ်များအနီးတွင် ကလေးငယ်အချို့ အမေရိကန် နိုင်ငံအတွင်းသို့ဝင်ရောက်ရန် ကြိုးပမ်းနေသည့်ပုံများ အင်တာနက်ပေါ် တွင် ပျံ့နှံ့ခဲ့ပြီးနောက် အမေရိကန်အား ကုလသမဂ္ဂအဖွဲ့က ရွှေ့ပြောင်း ဒုက္ခသည်များအရေးနှင့်ပတ်သက်၍ လျှော့ပေါ့စဉ်းစားပေးရန် တိုက်တွန်း ခဲ့သည်။ သို့သော် ဒေါ်နယ်ထရန့်ကသာမက ¤င်း၏ဇနီးသည်ကပါ နယ်စပ်ကိုဖြတ်ကျော်ဝင်ရောက်လာမည့် ရွှေ့ပြောင်းဒုက္ခသည်များအား နိုင်ငံအတွင်း၌ လက်ခံထားရှိရန် အစီအစဉ်မရှိကြောင်း ပြောကြားလာ ခြင်းကြောင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက အမေရိကန်သမ္မတ နှင့်အစိုးရအဖွဲ့ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။ ဒေါ်နယ်ထရန့်က ''နိုင်ငံအတွင်းမှာ ဒုက္ခသည်တွေအတွက် ခိုလှုံရေးစခန်းထားပေးမှာ မဟုတ်သလို သူတို့အတွက်ရည်ရွယ်တဲ့ ဘယ်လိုအစီအစဉ်မျိုးကိုမှ ဖော် ဆောင်ပေးမှာမဟုတ်ပါဘူး''ဟု ပြောသည်။
NG(Ref;BBC)