images
UN
UN
ဥရောပသမဂ္ဂနှင့်ညှိနှိုင်းမှုအဆင်မပြေပါက နိုင်ငံအတွင်းရှိ ရွှေ့ပြောင်းဒုက္ခသည်များကို ဂျာမနီနှင်ထုတ်ဖွယ်ရှိ
Tuesday, 19 June 2018
ဂျာမနီနိုင်ငံအတွင်းရှိရွှေ့ပြောင်းဒုက္ခသည် များအရေးနှင့်ပတ်သက်၍ ဥရောပသမဂ္ဂနှင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရာတွင် အဆင် မပြေပါက ရွှေ့ပြောင်းဒုက္ခသည်များအား နိုင်ငံအတွင်းမှထွက်ခွာရန် နှင်ထုတ်ဖွယ်ရှိနေ ကြောင်း ရုရှားတိုင်းမ်သတင်းဌာနက ဖော်ပြ သည်။
ဂျာမနီအဓိပတိ အိန်ဂျလာမာကယ်နှင့် မဟာမိတ်နိုင်ငံရေးပါတီများကြားတွင် ရွှေ့ ပြောင်းဒုက္ခသည်များအရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိကာ အများစုက ယခုလကုန်ပိုင်းတွင်ကျင်းပမည့် ဥရောပကောင်စီအစည်းအဝေးတွင် အိန်ဂျလာ မာကယ်အနေဖြင့် ရွှေ့ပြောင်းဒုက္ခသည်အရေး အား ဥရောပသမဂ္ဂမှ မည်ကဲ့သို့ကိုင်တွယ် ဖြေရှင်းပေးမည်ကို အဖြေရရှိအောင် ဆွေးနွေး နိုင်ခြင်းမရှိပါက နိုင်ငံအတွင်း၌ ယာယီ နေထိုင်ခွင့်ပေးထားသောရွှေ့ပြောင်းဒုက္ခသည် များအား နိုင်ငံပြင်ပသို့နှင်ထုတ်ရန် လိုလား လျက်ရှိသည်။ ရွှေ့ပြောင်းဒုက္ခသည်များ အရေးကြောင့် နိုင်ငံအတွက် ဖိစီးမှုများဖြစ် လာခဲ့သည့်အပြင် မလိုလားအပ်သည့် ပဋိ ပက္ခဖြစ်စဉ်များ ပေါ်ထွက်လာခြင်းနှင့် အစွန်း ရောက်အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့အစည်း များ၏ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ရင် ဆိုင်လာရခြင်းကြောင့် ဂျာမနီနိုင်ငံရေးသမား အများစုက ရွှေ့ပြောင်းဒုက္ခသည်များအရေးကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်ရန် ဆန္ဒရှိလာ ခြင်းဖြစ်သည်။ NG(Ref;RT)