images
UN
UN
၂ဝ၃ဝ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံသားထက်ဝက်ခန့် သောက်သုံးရေရှားပါးမှုနှင့်ရင်ဆိုင်ရမည်
Tuesday, 19 June 2018
အိန္ဒိယအစိုးရအဖွဲ့၏ အကြံပေးအဖွဲ့ကပြုလုပ်ခဲ့သော လေ့လာမှု များအရ ၂ဝ၃ဝ ပြည့်နှစ်သို့ရောက်ရှိချိန်တွင် အိန္ဒိယနိုင်ငံသားများထဲမှ သောက်သုံးရေမလုံလောက်မှုနှင့် ကြုံတွေ့ရဖွယ်ရှိသူဦးရေမှာ နိုင်ငံ့ လူဦးရေစုစုပေါင်း၏ ထက်ဝက်ခန့်ရှိနိုင်သည်ဟု တွေ့ရှိခဲ့ကြောင်း ရုရှားတိုင်းမ်သတင်းဌာနက ဖော်ပြသည်။
ကမ္ဘာပေါ်တွင် လူဦးရေဒုတိယအများဆုံးနိုင်ငံဖြစ်သော အိန္ဒိယ သည် ပြီးခဲ့သည့်နှစ်ပိုင်းများကတည်းက မိုးခေါင်ခြင်းကဲ့သို့ ရာသီဥတု ဖောက်ပြန်သည့်ဖြစ်စဉ်များကြောင့် သောက်သုံးရေရှားပါးမှုများနှင့် စတင်ရင်ဆိုင်ခဲ့ရသည်။ အိန္ဒိယနိုင်ငံအတွင်းရှိ လူနေထူထပ်သောမြို့ကြီး ၂၁ မြို့တွင် ၂ဝ၂ဝ ပြည့်နှစ်ရောက်ချိန်၌ မြေအောက်ရေကုန်ဆုံးသွား သည့်ဖြစ်စဉ်များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်းလည်း တွေ့ရှိထားသည်။ ၂ဝ၃ဝ ပြည့်နှစ်သို့ရောက်ရှိချိန်တွင် အိန္ဒိယနိုင်ငံ၌ သောက်သုံးရေ ရှားပါးပြတ်လတ်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိသူဦးရေမှာ သန်း ၆ဝဝ ကျော်ခန့်ရှိမည်ဟု ခန့်မှန်းထားသည်။ ထို့အပြင် သောက်သုံးရေရှားပါး ပြတ်လပ်မှုများကြောင့် နှစ်စဉ်သေဆုံးဖွယ်ရှိသူဦးရေမှာလည်း နှစ်သိန်း ခန့်ရှိနိုင်ကြောင်း တွေ့ရှိထားသည်။
NG(Ref;RT)