images
UN
UN
မယ်စဲ့တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
ဝတ်ရည်(မယ်စဲ့) Tuesday, 19 June 2018
''စိမ်းလန်းစိုပြည်သာယာဖို့ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့'' ဆောင်ပုဒ်နှင့်အညီ ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့ နယ် သစ်တောဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂ဝ၁၈ ခုနှစ်မိုးရာ သီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၇ နာရီက မယ်စဲ့မြို့ အမှတ်(၁) မြို့ရှောင်လမ်းတစ်လျှောက်၌ ကျင်းပခဲ့သည်။
မြို့နယ်အုပ်ချုပ်ရေးမှူ ဦးမျိုးသန့်၊ မြို့နယ်သစ်တောဦးစီးမှူး ဦးစိုင်းသန်းညွန့်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ တပ်ရင်း/တပ်ဖွဲ့များ၊ နိုင်ငံရေး ပါတီများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ ဒေသခံပြည်သူများက ကျွန်း၊ မဲဇလီ၊ သြရေရှား၊ မဟော်ဂနီ၊ စစ်(ခ)သစ်ဖြူပင် အစရှိသည့် သစ်ပင်ပေါင်း ၆ဝဝ ကို စုပေါင်း စိုက်ပျိုးခဲ့ကြသည်။