images
UN
UN
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုအသိပညာပေးဟောပြောပွဲနှင့် ဓာတ်ပုံပြပွဲပြုလုပ်
ကျော်စိုး(ကော့သောင်း) Tuesday, 19 June 2018
အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲနှင့် ဓာတ်ပုံပြပွဲ အခမ်းအနားကို ယမန် နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် အလယ်တန်း ကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ကော့သောင်းခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေဇင်ဦးနှင့် ဝန်ထမ်းများက အဆိုပါကျောင်း များရှိ ကျောင်းသားကျောင်းသူ များအား ယခုလ ၂၆ ရက်တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့အကြိုအထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအကြောင်းသိကောင်း စရာများ၊ နိုင်ငံတော်မှအမျိုးသား ရေးတာဝန်အဖြစ် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် တိုက်ဖျက် ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများကို အသိပညာပေးဟော ပြောခဲ့သည်။ ယင်းနောက် မူးယစ် ဆေးဝါးအန္တရာယ်ဆိုးကျိုးများနှင့် သက်ဆိုင်သည့် ပညာပေးရောင်စုံ ဓာတ်ပုံများ၊ ပညာပေးစာစောင်များ၊ ရုပ်ပုံကားချပ်များအား ခင်းကျင်း ပြသရာ ကျောင်းသားကျောင်းသူ များ စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။