images
UN
UN
စပိန်အသင်း၌ အပြောင်းအလဲများမရှိဟု ဆေးလ်ဗားပြော
Tuesday, 19 June 2018
စပိန်ကွင်းလယ်လူ ဒေးဗစ် ဆေးလ်ဗားကနည်းပြအပြောင်းအလဲ ဖြစ်ခဲ့သော်လည်း အသင်းတွင်း၌ ကြီးမားသည့်အပြောင်းအလဲမရှိ ကြောင်း ဖွင့်ဟလိုက်သည်။ စပိန် သည် ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီ တစ်ရက်အလိုတွင်နည်းပြအပြောင်း အလဲလုပ်ခဲ့ပြီး စပိန်ဘောလုံးအဖွဲ့ ချုပ်မှ ဖာနန်ဒိုဟီရာရိုအား နည်းပြ အဖြစ်တာဝန်ပေးခဲ့သည်။
ဟီရာရိုသည်ပေါ်တူဂီနှင့်ကစား ခဲ့သောပွဲတွင် ဒီရေဂိုကော်စတာ အားတိုက်စစ်မှူးအဖြစ် ပွဲထွက်ခွင့် ပေးခဲ့သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီအထိ ကော်စတာကိုဦးစား ပေးတိုက်စစ်မှူးအဖြစ်အသုံးပြုဖွယ် မရှိဟု ခန့်မှန်းခဲ့ကြခြင်းဖြစ်သည်။ ဆေးလ်ဗားက ''နည်းပြအပြောင်း အလဲဖြစ်ခဲ့တယ်။ ဒါပေမယ့် ကျွန် တော်တို့ရဲ့ကစားပုံက ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်ကတည်းက လက်ရှိ အချိန်အထိ ဘာအပြောင်းအလဲမှ မရှိဘူးလို့ထင်ပါတယ်။ နောက်ပြီး နည်းပြအပြောင်းအလဲကြောင့် အသင်းရဲ့လူရွေးချယ်မှုအပါအဝင် အခြားကိစ္စတွေကို ထိခိုက်မှု မရှိပါ ဘူး''ဟုပြောခဲ့သည်။ စပိန်သည် အုပ်စုဒုတိယပွဲအဖြစ် အီရန်နှင့် ကစားရမည်။ Ref ;Marca