images
UN
UN
နည်းပြဒီဖရန်ဆစ္စကိုအား၂ဝ၂ဝ ပြည့် နှစ်အထိရိုးမားစာချုပ်သစ်ချုပ်ဆို
Tuesday, 19 June 2018
ရိုးမားသည် နည်းပြ ဒီဖရန် ဆစ္စကိုအား ၂ဝ၂ဝ ပြည့်နှစ်အထိ စာချုပ်သစ်ချုပ်ဆိုလိုက်ကြောင်း ဒီဖရန်ဆစ္စကိုသည် ပြီးခဲ့သောရာသီ တွင် ဆက်ဆူအိုလိုမှ ရိုးမားသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သို့ သော် ပထမရာသီ၌ပင် ရိုးမားအား ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်အဆင့် သို့ပို့ဆောင်ပေးနိုင်ခဲ့သည်။ ထို့ ကြောင့် ၂ဝ၂ဝ ပြည့်နှစ်အထိ စာ ချုပ်သစ်ချုပ်ဆိုခံရခြင်းဖြစ်သည်။
ရိုးမားသည် ဒီဖရန်ဆစ္စကိုအား စာချုပ်သစ်မချုပ်ဆိုမီ ပီအက်စ်ဂျီ ကွင်းလယ်လူ ပက်စ်တိုရီအားခေါ် ယူပေးမည်ဟု ကတိပေးခဲ့ကြောင်း လည်းသိရသည်။ ပီအက်စ်ဂျီသည် ဥရောပဘောလုံးအဖွဲ့ချုပ်၏ဘဏ္ဍာ ရေးစည်းမျဉ်းနှင့်ညီရန်အတွက် ကစားသမားတချို့ကိုရောင်းထုတ် ရန်လိုနေသည်။ ထို့အပြင် ပက်စ် တိုရီသည် ပီအက်စ်ဂျီနည်းပြသစ် တူချယ်ကြိုက်နှစ်သက်သည့်ကစား သမားမဟုတ်ဟုလည်းသိရသည်။ ထို့ကြောင့် ပါလာမိုကွင်းလယ်လူ ဟောင်းအား ရိုးမားက စီးရီးအေ သို့ပြန်ခေါ်နိုင်ရန်စီစဉ်နေခြင်းဖြစ် သည်။ ပက်စ်တိုရီသည်ပီအက်စ်ဂျီ နှင့် ၁၈၄ ပွဲကစားကာ ၂၉ ဂိုးသွင်း ယူနိုင်ခဲ့သည်။Ref; Dailymail