images
UN
UN
မက္ကဆီကိုဘောလုံးအဖွဲ့ချုပ်အား ဖီဖာစွဲချက်တင်
Tuesday, 19 June 2018
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်သည် ဂျာမနီနှင့်ပွဲတွင် မက္ကဆီကိုပရိသတ် များ၏ အပြုအမူများနှင့်ပတ်သက်၍ မက္ကဆီကိုဘောလုံးအဖွဲ့ချုပ်အား စွဲချက်တင်လိုက်ပြီဖြစ်သည်။ အဆိုပါပွဲစဉ်တွင် မက္ကဆီကိုပရိသတ် များသည် ဂျာမနီဂိုးသမား နူအာကိုပစ်မှတ်ထားဖွယ်ရှိသည့်မိန်းမလျာ များကိုဆန့်ကျင်သည့် အော်ဟစ်မှုများပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ပွဲချိန် ၂၄ မိနစ်တွင် နူအာဘောလုံးကန်ရန်ပြင်ဆင်ချိန်တွင် စတင် အော်ဟစ်ခဲ့ကြခြင်းလည်းဖြစ်သည်။ ဖီဖာက ပရိသတ်များ၏ အပြု အမူနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းမှုများပြုလုပ်သွားမည်ဖြစ်ပြီး ကြေညာချက်ထပ်မံထုတ်ပြန်မည်ဟုဆိုသည်။
Ref ;Dailymail