images
UN
UN
ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်သင်တန်းဖွင့်
ဖုန်ကန်(ပူတာအို) Tuesday, 19 June 2018
ကချင်ပြည်နယ် ပူတာအိုမြို့တွင် နိုင်ငံတော်၏ပြောင်းလဲလာ သောခေတ်စနစ်နှင့်အညီ စီမံခန့်ခွဲဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်း များ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေးသင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်(၉)နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင် ကသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းခြင်း နှင့် ပို့ချပေးသော သင်ခန်းစာများကိုသေချာစွာလေ့လာပြီး မိမိ တို့ ရပ်ကွက်ကျေးရွာများတွင် လက်တွေ့အသုံးချကြရန်မှာ ကြားသည်။
အဆိုပါသင်တန်းတွင် ဌာနဆိုင်ရာ၁၅ဌာနမှ သင်တန်းပို့ချ ပေးသွားမည်ဖြစ်ပြီးသင်တန်းသို့ ရပ်ကွက်/ကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ သင်တန်းသားသင်တန်းသူ စုစုပေါင်း၅ဝ တက်ရောက်မည်ဖြစ်ရာ သင်တန်းကို ယနေ့မှ ယခုလ ၂၂ရက်အထိ လေးရက်ကြာသင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။