images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ကျောင်းကျန်းမာရေး ရက်သတ္တပတ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
သန့်မောင် Wednesday, 20 June 2018
အခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်း သူများ ပညာသင်ကြားနေစဉ် ကောင်းမွန်စွာသင်ကြားနိုင်စေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ် ပွားစေရန်နှင့်တစ်ကိုယ်ရေသန့်ရှင်း ကျန်းမာခြင်း အသိပညာဗဟု သုတများရရှိစေရန်ရည်ရွယ်ပြီး နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းသို့ ယမန်နေ့ နံနက် ၉ နာရီတွင် ကျောင်းကျန်း မာရေးလှုပ်ရှားမှုရက်သတ္တပတ် လုပ်ငန်းများကို ကွင်းဆင်းဆောင် ရွက်ပေးသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ သွားကျန်းမာရေး ဆရာဝန်ဒေါက်တာဇော်ဇော်အောင်၊ ကျန်းမာရေးအဆင့်(၁)ဒေါ်ငြိမ်းငြိမ်း လှနှင့်ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးဆိုင်ရာ သိကောင်း စရာများနှင့် သွားနှင့်ခံတွင်းကျန်း မာခြင်းဆိုင်ရာများကို အသိပညာ ပေးဟောပြောခြင်းနှင့် လက်တွေ့ စနစ်မှန်သွားတိုက်နည်းများဖြင့် ကျောင်းသူများအား အပျိုဖော်ဝင် မိန်းကလေး မှတ်သားဖွယ်ရာများ ကို မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။
ကျောင်းကျန်းမာရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကျောင်းသား မိဘတစ်ဦးက ''ကျန်းမာရေးဝန် ထမ်းတွေအနေနဲ့ ကျောင်းကျန်း မာရေးလုပ်ငန်းတွေကွင်းဆင်းဆောင် ရွက်ပေးရာမှာ အားတက်သရော စိတ်ရောကိုယ်ပါ စေတနာပါပါနဲ့ ပြုစုဆောင်ရွက်ပေးနေတာကို မြင်ရတော့ ဝမ်းမြောက်ပါတယ်။ အသိပညာပေးခြင်းတွေအပြင် လက်တွေ့ဆောင်ရန်၊ ရှောင်ရန် ကိစ္စရပ်တွေကိုအချိန်အခါအလိုက် ကွင်းဆင်းဆောင်ရွက်ပေးတော့ ပို အကျိုးရှိတာပေါ့''ဟု ပြောကြား သည်။