images
UN
UN
မန္တလေးတိုင်းဒေသကြီး မြေအသုံးချရေးဌာနခွဲရုံးတွင်GAP နှင့် မြေအသုံးချမှုသင်တန်းဖွင့်
ရဲဝင်းနိုင် (ညောင်ဦး) Wednesday, 20 June 2018
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေး တိုင်းဒေသကြီး၊ စိုက်ပျိုးရေး ဦးစီးဌာနမှ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်ကြသည့် တောင်သူများ အနေဖြင့် သီးနှံများစိုက်ပျိုးထုတ် လုပ်ရာတွင် သီးနှံစိုက်ခင်းများမှ ထွက်ရှိသည့် သီးနှံများအား စား သုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ သီးနှံစိုက်ပျိုး ချိန်မှ ရိတ်သိမ်းချိန်အထိ စိုက်ပျိုး ထုတ်လုပ်မှုအလေ့အကျင့်ကောင်း များရရှိစေရန်၊ GAP Guideline များအရ လိုက်နာဆောင်ရွက်ရမည့် မြေအသုံးချရေးနှင့် ဆက်စပ်သော လုပ်ငန်းများကို နည်းစနစ်မှန်ကန် စွာ လိုက်နာကျင့်သုံးဆောင်ရွက်နိုင် စေရန်တို့ကို ရည်ရွယ်၍ ဖွင့်လှစ် သည့် GAPင့်မြေအသုံးချမှု သင် တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်၉နာရီက မန္တလေးတိုင်းဒေသ ကြီးစိုက်ပျိုးရေးဦးစီးဌာနမြေအသုံးချ ရေးဌာနခွဲတွင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါGAPနှင့်မြေအသုံးချမှု သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနတိုင်းဒေသကြီး ဦးစီးမှူး ဦးကျင်မောင်က အဖွင့် အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရ ခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့ နောက် တက်ရောက်လာကြသည့် သင်တန်းသားတောင်သူများက သင်တန်းနည်းပြဆရာများနှင့် တစ် ဦးချင်းမိတ်ဆက်ကြသည်။ဆက် လက်၍သင်တန်းနည်းပြဆရာများ က GAP နှင့် မြေအသုံးချမှုဆိုင်ရာ နည်းပညာများ ဖြစ်သည့်GAP Protocol ၁၆ချက်၊ Heavy Metal များအကြောင်း သိကောင်းစရာ များ၊ ဓာတ်မြေသြဇာနှင့် သဘာဝ ဓာတ်မြေသြဇာသုံးစွဲနည်းပညာ များ၊ အရည်အသွေးပြည့်ဝသော သီးနှံအထွက်နှုန်းကောင်းမွန်ရေး နည်းပညာများနှင့် ဓာတ်မြေသြဇာ ထောက်ခံချက်တွက်ချက်နည်း ပညာများကိုကဏ္ဍအလိုက်စာတွေ့ လက်တွေ့သင်ကြားပို့ချပေးခဲ့သည်။
အဆိုပါGAP နှင့်မြေအသုံးချ မှုသင်တန်းသို့မန္တလေးတိုင်းဒေသကြီး အတွင်းရှိGAP နှင့်မြေအသုံးချမှု နည်းပညာစိတ်ဝင်စားသည့်ဒေသခံ တောင်သူ ၅ဝ တို့ တက်ရောက်ခဲ့ ကြောင်းသိရပြီးသင်တန်းအားယမန် နေ့နံနက်၉နာရီမှ ညနေ ၅နာရီအထိ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။