images
UN
UN
မြောင်ကျေးရွာနှင့် လယ်ကန်ကျေးရွာကြားရှိ ရွှေပုံသာရှေးဟောင်းစေတီတော်များ ပြန်လည်ပြုပြင်မွမ်းမံရေး စေတနာရှင်ပြည်သူများထည့်ဝင်လှူဒါန်းသော်လည်း အလှူရှင်များလိုအပ်လျက်ရှိ
ရဲဝင်းနိုင်(ညောင်ဦး) Wednesday, 20 June 2018
မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် မြောင်ကျေးရွာနှင့် လယ်ကန် ကျေးရွာကြားရှိ အေဒီ(၁၃)ရာစု ခန့်က တည်ထားကိုးကွယ်ခဲ့သည့် ရွှေပုံသာ ရှေးဟောင်းစေတီတော် ၁၁ ဆူအား ဒေသခံများက ချုံနွယ် ပိတ်ပေါင်းများ ရှင်းလင်းရာမှ ရှာ ဖွေတွေ့ရှိခဲ့ပြီးနောက် ယခုတစ်ခါ ထပ်မံ၍ ရှေးဟောင်းဘုရားစေတီ နှစ်ဆူကို ဆက်လက်တူးဖော် တွေ့ ရှိခဲ့သည့်အတွက် စုစုပေါင်း ရှေး ဟောင်း စေတီ ၁၃ ဆူ ရှာဖွေ တွေ့ရှိခဲ့သည်။
အဆိုပါရှေးဟောင်း စေတီ တော် ၁၃ဆူအား ပြန်လည်ပြုပြင် မွမ်းမံနိုင်ရန်အတွက် ညောင်ဦးမြို့ တိုက်သစ်ကျောင်း ဆရာတော် (မြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ) ဘဒ္ဒန္တပညာသီရိက ဦးဆောင်၍ ဆရာတော်၊ သံဃာတော်များနှင့် ဒေသခံကျေးရွာသူ ကျေးရွာသား များက ညောင်ဦးမြို့နယ် ရှေး ဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)၏ခွင့် ပြုမိန့်ဖြင့် ကိုယ်ထူကိုယ်ထ ဆောင် ရွက်လျက်ရှိရာ စေတနာရှင်ပြည်သူ များက ရှေးဟောင်းစေတီတော်များ ပြီးစီးအောင် ပြုပြင်မွမ်းမံနိုင်ရေး အတွက် ထည့်ဝင်လှူဒါန်းမှုများ ရှိနေသော်လည်း အကုန်ပြီးစီး အောင် ပြုပြင်နိုင်ရေးအတွက် အလှူရှင်များ၏အကူအညီ လို အပ်လျက်ရှိနေသေးကြောင်း ပုဂံမြို့ ရတနာဘုံစံတောရကျောင်း (မြင်း ကပါကျေးရွာ ဖြူစင်မေတ္တာ ရေ/သွေး)ပရဟိတအသင်းနာယက ဆရာတော်အရှင်သာဂရကမိန့်ကြား သည်။