images
UN
UN
မြန်မာနှင့်ကိုရီးယားနှစ်နိုင်ငံအကြား စီးပွားဆက်ဆံရေးမြှင့်တင်ရန် နားလည်မှုစာချွန်လွှာရေးထိုး
မေလွင် Wednesday, 20 June 2018
မြန်မာနှင့်ကိုရီးယားစီးပွားရေး အသိုက်အဝန်းများအကြား အကျိုး တူစီးပွားရေး ပူးပေါင်းလုပ်ဆောင် ရေး၊ နှစ်ဖက်လုပ်ငန်းရှင်များ ချိတ် ဆက်တွေ့ဆုံရေးနှင့်နှစ်ဖက်စီးပွား ရေးဆိုင်ရာအခွင့်အလမ်းများအား အပြန်အလှန် ဝေမျှနိုင်ရေးစသည့် လုပ်ငန်းများကို လက်တွဲဆောင် ရွက်ကြရန် ကုန်သည်စက်မှု အသင်းချုပ်နှင့် ဆိုးလ်မြို့အခြေစိုက် ကိုရီးယား-အာရှစီးပွားရေး ပူး ပေါင်းဆောင်ရွက်မှုအသင်း (Korea-Asia Economic Co-operation Association - KOAECA)တို့သည် နားလည်မှုစာချွန်လွှာကို ရေးထိုးခဲ့ကြကြောင်း အသင်းချုပ်မှ ယနေ့ သိရသည်။
ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌဦးဇော်မင်းဝင်းက''ကိုရီးယား နိုင်ငံကတာဝန်ယူမှု၊ တာဝန်ခံ မှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ် ခေါ်ချင်ပါတယ်။ ကိုရီးယားရင်း နှီးမြှုပ်နှံမှုတွေကတစ်ဆင့် နည်း ပညာ၊ အတတ်ပညာတွေရယူပြီး မြန်မာနိုင်ငံမှာ ကျွမ်းကျင်လုပ် သားတွေ မွေးထုတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်''ဟု ပြောသည်။
''မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ ချင်တဲ့ ကိုရီးယားလုပ်ငန်းရှင်တွေ အမြောက်အမြားရှိပါတယ်။ မြေနေ ရာ၊ လုပ်သားအင်အားစတဲ့ မြန်မာ နိုင်ငံရဲ့အားသာချက်တွေကို ကိုရီး ယားရဲ့ ခေတ်မီနည်းပညာတွေ၊ စီမံခန့်ခွဲမှုအတတ်ပညာတွေနဲ့ ပေါင်းစပ်လိုက်ရင် ကျွန်တော်တို့ လုပ်ငန်းအောင်မြင်မှာ အသေအချာ ပါပဲ''ဟု KOAECA ဥက္ကဋ္ဌ Dr. Lee Nam Keeကပြောသည်။
စာချွန်လွှာရေးထိုးသည့် နေ့ ယမန်နေ့မှစတင်၍ အသက်ဝင် ခဲ့ပြီး သုံးနှစ်ကြာ သက်တမ်းရှိ မည်ဖြစ်ကာ စာချွန်လွှာကို ကုန် သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် KOAECAဥက္ကဋ္ဌ Dr. Lee Nam Kee တို့ က ကုန်သည်စက်မှုအသင်းချုပ် အဆောက်အအုံတွင် လက်မှတ်ရေး ထိုးခဲ့ကြကြောင်း သိရသည်။