images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
တောင်သူများ၏ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်သက်ဆိုင်သော အဆိုအပေါ် အကြံပြုချက်များဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပါဝင်ဆွေးနွေး
တင်တင်အေး Wednesday, 20 June 2018
တောင်သူများ၏ ဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် သက်ဆိုင်သော အဆိုအပေါ် အကြံပြုချက်များဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က ယနေ့ပါဝင်ဆွေး နွေးခဲ့သည်။
ယနေ့နံနက်ပိုင်းက နေပြည် တော်တွင် ကျင်းပသော ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး (၁၈) ရက် မြောက်နေ့ အစီအစဉ်တွင် တောင် သူများဘဝနှင့် သက်ဆိုင်သော ပွင့်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် တင်သွင်း သည့် 'တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုး တက်ရေး၊ တောင်သူလယ်သမား များ၏ဘဝမြင့်မားတိုးတက်စေရေး နှင့် စိုက်ပျိုးရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံ အဝန်း စိုက်ပျိုးရေး နည်းပညာပေး သင်တန်းများ၊ နှီးနှောဖလှယ်ပွဲများ ကျင်းပပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း' အဆိုကို ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ကိုးဦးက ဆွေးနွေးခဲ့ကြ သည်။
ထိုသို့ဆွေးနွေးရာတွင် မင်း ကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးမောင်မြင့် က ''ဧကကွက်တွေ တိုးချဲ့လုပ် ဆောင်သင့်ပါတယ်။Seed bank တွေကို ဒေသအနှံ့ထူထောင်ပြီး မျိုးကောင်းမျိုးသန့်တွေ လုံလောက် အောင် ဖြန့်ဖြူးပေးသင့်ပါတယ်။ စိုက်ပျိုးရေ အချိန်မှန်ရရှိအောင် ဖြစ်နိုင်သမျှIrrigated land ဖြစ် အောင် တိုးချဲ့သင့်တယ်။ သွင်း အားစုတွေဖြစ်တဲ့ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးကို တောင်သူတွေ အတွက်သက်သာတဲ့ဈေးနဲ့ရအောင် စီစဉ်ပေးသင့်တယ်။ စိုက်စရိတ် သက်သာအောင် လက်မှုလယ်ယာ ကနေ စက်မှုလယ်ယာကိုPhase လိုက်ပြောင်းပေးသင့်တယ်။ Post harvest နည်းပညာကို တောင်သူ တွေ တစ်ဦးချင်းစီထိ စိမ့်ဝင်ပျံ့နှံ့ အောင်ပညာပေးရမယ်။ တောင်သူ တွေရဲ့ သီးနှံတွေ ဈေးကောင်းရ အောင် အစိုးရက ဝင်ကူရမယ်။ ဈေးကွက်စီးပွားရေးပဲ ဈေးကွက်က ဆုံးဖြတ်ပေးလိမ့်မယ် ဆိုတာက တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့ အစိုးရ ရဲ့ ဆင်ဝှေ့ရန်ရှောင် စကားတွေဖြစ် တယ်။တောင်သူတွေခေတ်အဆက် ဆက်က ဘာအပေါင်ပစ္စည်း Collateral မှမပေးရဘဲအမတော်ကြေး ချေးပေးခဲ့ပေမယ့် ခုတော့ ပုံစံ ၇ အပေါင်တင်မှ အမတော်ကြေးပေး မယ်ဆိုတာတွေ ပြန်သုံးသပ်သင့် တယ်''ဟု ထည့်သွင်းထောက်ပြ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆွေးနွေးမှုများအပြီး တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပြန် လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အဆိုရှင်က ယင်း အဆိုကို အတည်ပြုပေးပါရန် လွှတ်တော်သို့တင်ပြခဲ့ရာလွှတ်တော် ကသဘောမတူသူမရှိသည့်အတွက် အဆိုကိုအတည်ပြုကြောင်း လွှတ် တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။