images
UN
UN
ရာသီဥတုဆိုးရွားချိန်တွင် ကျောင်းတက်ချိန်မတိုင်မီကျောင်း တံခါးဖွင့်ပေးစေလို
ဒေသခံတစ်ဦး Thursday, 21 June 2018
ရန်ကုန်တောင်ပိုင်းခရိုင်ဒလမြို့နယ် ၁၁/၁၄ရပ် ကွက်ရှိ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း သည် နံနက် ၉ နာရီခွဲတွင် ကျောင်းတက်ရသဖြင့် ကျောင်းတက်ချိန်နီးမှသာ ကျောင်းတံခါးဖွင့်ပေးသော ကြောင့် မိုးရာသီကာလအတွင်း ကျောင်းသားကျောင်း သူများနှင့်လိုက်ပါပို့ဆောင်သူ မိဘအုပ်ထိန်းသူများ လမ်းမပေါ်တွင် ပိတ်ဆို့နေသည်ကို ယမန်နေ့နံနက်က တွေ့ရသည်။
အဆိုပါကျောင်း၏မျက်နှာစာတွင်လည်းကောင်း၊ ကျောင်းဘေးဘက်တွင်လည်းကောင်း၊ရပ်ကွက်ယာယီဈေး ရှိ၍ ဈေးဝယ်ဈေးရောင်းသူများနေ့စဉ်ပြည့်ကျပ်လျက် ရှိသည်။ ကျောင်းရှေ့တွင်ကျောင်းသားကျောင်းသူ များနှင့် လိုက်ပါပို့ဆောင်သူတို့ကို ကျောင်းတံခါးမဖွင့် သဖြင့် ရပ်စောင့်နေရသောအခါ ယခုကဲ့သို့လမ်း ပိတ်ဆို့မှုများဖြစ်ပေါ်ပြီး ဆိုင်ကယ်၊ဆိုင်ကား၊ ခြေကျင် ခရီးသည်များသည် ယင်းလမ်းတွင်ခက်ခဲစွာသွားလာ ကြရသည်။
''ကျောင်းဝင်းက အကျယ်ကြီးပါ။ ကျောင်းသား မိဘတွေကကိုယ့်သားသမီးကျောင်းဝင်းထဲရောက်ရင် စိတ်ချလက်ချပြန်သွားကြမှာ။ အခုတော့ ကျောင်းခေါ် မယ့်အချိန်နီးမှဖွင့်တော့ မိဘကလည်းသားသမီးကို စိတ်မချ၊ဈေးဝယ်ဈေးသည်များကလည်း လမ်းပိတ်ပြီး ကလေးတွေကိုထိခိုက်မှာစိုးရိမ်ရပါတယ်။ ဒါကြောင့် ကျောင်းတံခါးကိုကျောင်းတက်ချိန်ထက် အချိန်အနည်း ငယ်စောပြီး ဖွင့်ပေးရင်ကောင်းမယ်''ဟု ကျောင်းသား မိခင်တစ်ဦးက ပြောသည်။