images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ဟောင်းပေမယ့်လည်း ကောင်းတာတွေရှိနေတယ်
သူရထိုက် Friday, 22 June 2018
စာပေလောကမှာ အသံတွေဆူဆူညံ ညံကြားရတယ်။ ကဗျာနဲ့ ပတ်သက်ပြီး ဖြစ်တဲ့ အသံတွေပါ။ နိုင်ငံတော်အဆင့် အမျိုးသားစာပေကဗျာဆုကို တစ်ဆု တည်းပေးမယ်ဆိုတာနဲ့ ပတ်သက်ပြီး ဖြစ်ပျက်နေကြတာပါ။ လက်ရှိအခြေ အနေအရ ကဗျာနဲ့ ပတ်သက်ရင် ဂန္ထဝင် ဟန်နဲ့ မော်ဒန်ဆိုပြီး နှစ်မျိုးနှစ်စားရှိနေ တယ်။ အကောင်းဆုံးကဗျာဆုကို အဲဒီ နှစ်ခုထဲက တစ်ခုကိုပဲ ပေးမယ်ဆိုလို့ အငြင်းအခုံ ဖြစ်နေကြတာဖြစ်တယ်။ အမှန်တကယ်တော့ ဂန္ထဝင်ဟန်ပုံစံနဲ့ မော် ဒန်ပုံစံကတခြားစီပါ။ အဲဒါကို ဘယ် ဟာအကောင်းဆုံးလို့ ဘယ်လိုရွေးရမလဲ။ မုန့်ဟင်းခါးနဲ့ အုန်းနို့ခေါက်ဆွဲ ဘယ်ဟာ အကောင်းဆုံးလဲလို့ ဆုံးဖြတ်ခိုင်းသလို ဖြစ်နေတယ်။ သူ့အကြိုက်နဲ့သူကွဲပြား ခြားနားလိမ့်မယ်။
ဆုရွေးချယ်ရေးအဖွဲ့မှာ မော်ဒန်ဘက် ကို အားသာနေတယ်လို့ကြားသိရတယ်။ လက်ရှိအချိန်မှာလည်း မော်ဒန်ပုံစံကဗျာ စာအုပ်အများစုထွက်ရှိနေတာကို တွေ့ရ တယ်။ ကျွန်တော်လေ့လာမှတ်သား မိသမျှတင်ပြခွင့်ပြုပါ။ မော်ဒန်ကဗျာနဲ့ ပတ်သက်ရင် ချောက်ကမ်းပါးနှစ်ခုရှိ၊ သတဲ့။ အဲဒါတွေကတော့ လွယ်လွန်းခြင်း စကားပြေဆန်လွန်းခြင်းတို့ပဲ ဖြစ်သတဲ့။ ဒါပေမဲ့ ကျွန်တော့်ရင်ထဲကို ရိုက်ခတ် တိုးဝင်နိုင်စွမ်းရှိတဲ့ မော်ဒန်ကဗျာ အတော်များများလည်း ရှိပါတယ်။ ဂန္ထ ဝင်ပုံစံမှာတော့ စံသတ်မှတ်ချက်အတိ အကျရှိနေတာကို တွေ့ရတယ်။ တချို့က လည်း ဂန္ထဝင်ပုံစံကို ပုံစံမဝင်ဝင်အောင် ရေးတဲ့အတွက် ကဗျာအနေနဲ့ ရသမပေး နိုင်ဘဲ ပုံစံကဗျာဖြစ်သွားတာတွေလည်း ရှိတာပေါ့လေ။ ဂန္ထဝင်ပုံစံကို မှိုချိုးမျှစ် ချိုးဆိုချင်တဲ့သူတွေကတော့ ဂန္ထဝင်ပုံစံ ကဗျာလို့တောင် မသုံးနှုန်းကြတော့ပါ ဘူး။ 'အစဉ်အလာပုံစံကဗျာ' လို့ သုံး နှုန်းလာတာကို တွေ့ရတယ်။ ဆိုလိုချင် တာကတော့ 'မော်ဒန်ကဗျာ' ဆိုတာ ခေတ်သစ်ကဗျာ၊ သစ်လွင်တယ်ပေါ့၊ ဂန္ထဝင်ပုံစံကဗျာကို 'အစဉ်အလာပုံစံ ကဗျာ' လို့ သုံးနှုန်းလိုက်တာကတော့ ဟိုးအရင်တုန်းကရေးနေကျ ပုံစံတွေနဲ့ ဆက်ရေးနေတယ်။ ဘယ်လိုမှမထူးခြား ဘူး၊ ဟောင်းနွမ်းသွားပြီဆိုတဲ့ အဓိပ္ပာယ် ပဲဖြစ်တယ်။ ကျွန်တော့်အနေနဲ့ ဒီဆောင်း ပါးမှာကဗျာကိစ္စကိုဦးစားပေးပြီး မဆွေး နွေးလိုပါဘူး။'အဟောင်း' 'အသစ်' ပြဿနာနဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြ လိုပါတယ်။

၁၇-၁၁-၁၉၆၂ ရက်နေ့ကလည်း ကမ္ဘာအေးကုန်းမြေဆွမ်းစားကျောင်းကြီး ပေါ်မှာ စာပေညီလာခံကို ကျင်းပခဲ့ဖူးပါ တယ်။ အဲဒီစာပေညီလာခံနဲ့ပတ်သက်ပြီး ဆရာကြီးတက်တိုးက မိုးကြိုးသတင်း စာမှာ ဆောင်းပါးတွေရေးသားခဲ့တယ်။ ဆောင်းပါးတစ်ပုဒ်မှာ ဆရာကြီးတက်တိုး က အောက်ပါအတိုင်း ရေးသားခဲ့တာကို တွေ့ရတယ်။
''များစွာသော လူငယ်တို့သည် မိမိ တို့ကိုယ်ကို မိမိတို့တိုးတက်လှပြီဟု ထင် နေကြ၏။ အသက်ငယ်ခြင်းကို အားကိုး ကြသည်။ စင်စစ်သော်ကား တိုးတက် သော အတွေးအခေါ်သည် အသက်ငယ် သူ၌သာရှိသည်ဟု မထင်မှတ်အပ်ပေ။ များသောအားဖြင့် အသက်ကြီးရင့်ပြီးလျှင် ခေတ်နှင့်အတူလိုက်ရန် ကြိုးပမ်းမှုမရှိ သောလူကြီးများစွာတို့သည် ကျဆင်း လျက်ရှိသော အင်အားစု၌ရှိကြသည် မှန် ၏။ သို့သော် လူငယ်တိုင်း၌ တိုးတက် သော အတွေးအခေါ်အယူအဆရှိသည်ဟု မဆိုသာ။ လူကြီးတိုင်း၌လည်း ကျဆင်း သောအတွေးအခေါ် အယူအဆရှိသည် ဟုမဆိုနိုင်''
''ရှေးခေတ်အတွေးအခေါ်အယူအဆ တို့ကို တိုက်ခိုက်ပစ်ရမည်ကား သင့်၏။ သို့သော် ဘယ်သို့တိုက်ကြမည်နည်း။ ဘယ်အတွေးအခေါ် အယူအဆမျိုးကို တိုက်ရမည်နည်း။
ရှေးခေတ်က အတွေးအခေါ် အယူ အဆတို့အားလုံးကို တိုက်ခိုက်ဖျက်ဆီး ပစ်ရမည်လော။
ရှေးခေတ်က ပေါ်ထွန်းခဲ့သော အနု ပညာပစ္စည်းများတွင် အချို့မှာ ပြတိုက် ၌ အလှထားဖို့ကောင်းသည်။ အချို့ကိုမူ ကား ယခုခေတ်တွင် ဆက်လက်သုံးစွဲ နိုင်သေးသည်။ စိစစ်ဝေဖန်ဖို့လိုပေသည်။
ဝေဖန်ရာ၌ အမြင်သန်ဖို့လိုသည်။ ရှေးခေတ်က စာဆိုကြီးများ အရေး အသားကို မှိုချိုးမျှစ်ချိုး ပြောတတ်ရုံနှင့် တိုးတက်သော အတွေးအခေါ် အယူအဆ ပိုင်ရှင်ကြီး ဖြစ်မသွားနိုင်ပေ''

အဲဒါတွေကတော့ဆရာကြီးတက်တိုး ရေးသားခဲ့တာတွေပဲ ဖြစ်တယ်။
လူတိုင်းလူတိုင်းမှာ ကွဲပြားတဲ့ အမြင် တွေ ယူဆချက်တွေရှိပါတယ်။ အဲဒါတွေ က ဖြတ်သန်းလာတဲ့အတွေ့အကြုံ၊ လေ့ လာသင်ယူမှုတွေအပေါ်မှာ မူတည်တယ်။ အဲဒါကြောင့် အသစ်တိုင်းကောင်းတယ်။ အဟောင်းတိုင်း မကောင်းဘူးလို့ တ ထစ်ချယူဆလို့ မရပါဘူး။ လွတ်လပ်တဲ့ အတွေးအမြင်ဖြစ်ဖို့သာ လိုပါတယ်။ လွတ်လပ်တဲ့အတွေးအမြင်ကသာ လူ့ လောကကို တိုးတက်မှုရှိမှာဖြစ်တယ်။ တစ်ပါးသူရဲ့အမြင်ကို လေးစားသင့်သလို လေ့လာဆန်းစစ်မှုလည်း ပြုသင့်တယ်။
စကားပုံတစ်ခုရှိပါတယ်။ The end justifies the means. 'လမ်းကြောင်း မှန် မမှန် အဖြေကဆုံးဖြတ်တယ်''တဲ့။ ဟောင်းခြင်း၊သစ်ခြင်းထက် လမ်း ကြောင်းမှန်ခြင်း၊ မမှန်ခြင်းက ပိုပြီးတော့ အရေးကြီးပါတယ်။
ကျွန်တော်တို့ တောင်ဥက္ကလာမှာ နေ စဉ်အခါက သုံးရေအတွက် အခက်အခဲ ဖြစ်လို့ အိမ်ခြံထောင့်မှာ ရေတွင်းတစ် တွင်းကို ကျွန်တော့်အဘိုးက တူးခဲ့ဖူး တယ်။ အဲဒီအချိန် အဲဒီကာလက အိမ် တိုင်းလိုလို ရေအခက်အခဲရှိသလို ရေဘုံ ဘိုင်ရှိတဲ့အိမ်တွေကလည်း အတော်က လေးကို နည်းပါးပါတယ်။ အထူးသဖြင့် ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာ ရေ အခက်အခဲတွေ့ရတတ်တယ်။ အဲဒီအခါ မှာ ကျွန်တော်တို့ ခြံထောင့်က ရေတွင်း မှာ လူစည်ကားတတ်ပါတယ်။ ကျွန် တော်ကတော့ အလယ်တန်းကျောင်းသား ဘဝက သင်ခဲ့ရတဲ့စကားပုံတစ်ခုကို ပြေး ပြီး သတိရလိုက်မိတယ်။ အဲဒါကတော့ 'တွင်းဟောင်းရေကြည် အေးမြသည်'ဆို တဲ့ စကားပုံပါပဲ။