images
UN
UN
အမက(၁)ကျောင်းသားကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များလှူဒါန်း
ဇော်လွင်(မဘိမ်း) Friday, 22 June 2018
မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဇော်လွင်သည် ခရိုင်ပါတီကော်မတီဝင် ဦးတိုးမြင့်အောင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေ၊ ဦးကံရွှေ၊ ဘဏ္ဍာ ရေးမှူး ဦးဇော်မင်းနောင်တို့နှင့်အတူ ယမန်နေ့က အမက(၁)သို့သွားရောက်ပြီး ကျောင်းသား ကျောင်းသူ ၃၈ ဦးအား တစ်ဦးလျှင် ငါးအုပ်နှုန်းဖြင့် ကျောင်းသုံး ဗလာစာအုပ် ၁၉ဝ အား သွားရောက်လှူဒါန်းခဲ့ရာ ကျောင်းသားကျောင်းသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။