images
UN
UN
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ကွင်းဆင်းဆောင်ရွက်
ရဲဝင်းနိုင်(ညောင်ဦး) Saturday, 23 June 2018
ပြည်တွင်းပြည်ပ ဘုရားဖူး ဧည့်သည်များ ဝင်ထွက်သွားလာ ဖူးမြော်လျက်ရှိသည့် မန္တလေးတိုင်း ဒေသကြီး၊ ပုဂံညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဘုရားစေတီ ပုထိုးများနှင့်သမိုင်းဝင်သာသနိက အဆောက်အအုံများ သန့်ရှင်းသာ ယာလှပစေရန်ရည်ရွယ်၍ ညောင်ဦး ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင် မီးသတ်ဦးစီးမှူး ဦးသက်နိုင်(လက် ထောက်ညွှန်ကြားရေးမှူး)ဦးဆောင် သော မီးသတ်တပ်ဖွဲ့ဝင်များသည် ညောင်ဦးမြို့ ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန(ပုဂံဌာန)ခွဲမှ တာဝန်ရှိသူများ နှင့် ဝန်ထမ်းများ၊ ပုဂံရှေးဟောင်း သုတေသနဌာနစု၊ ထိန်းသိမ်းရေး ဌာနစုတို့မှဝန်ထမ်းများနှင့်ပူးပေါင်း ၍ ယမန်နေ့ နံနက် ၇ နာရီခွဲက ပုဂံမြို့ဟောင်းသွားလမ်း သရပါ တံခါးအနီးဝန်းကျင်အား သန့်ရှင်း သာယာလှပစေရေး စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ် မြေဒေသရှိဘုရားစေတီပုထိုးများနှင့် ရှေးဟောင်းသာသနိကအဆောက် အအုံများ သန့်ရှင်းသပ်ရပ်မှုရှိစေရန် နှင့် စိတ်အေးချမ်းသာစွာ ဖူးမြော် ကြည်ညိုနိုင်ရေးအတွက် ညောင်ဦး မြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဟိုတယ် လုပ်ငန်းရှင်များနှင့် အခြားသော ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ များမှ အခါအားလျော်စွာ စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများကို စဉ်ဆက် မပြတ် ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။ ယင်း နေ့ နံနက်ပိုင်းကညောင်ဦးခရိုင် မီး သတ်ဦးစီးဌာနမှ ခရိုင်မီးသတ် ဦးစီးမှူးဦးသက်နိုင်(လက်ထောက် ညွှန်ကြားရေးမှူး)ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ညောင်ဦး မြို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံ ဌာနခွဲ၊ စီမံ၊ ဘဏ္ဍာရေး၊ လုံခြုံရေး ဌာနစု)တို့မှ အရာထမ်း၊ အမှုထမ်း များ၊ ပုဂံရှေးဟောင်းသုတေသန ပြတိုက်ဌာနစုနှင့် ထိန်းသိမ်းရေး ဌာနစုတို့မှ အရာထမ်း၊ အမှုထမ်း များ စုစုပေါင်းဝန်ထမ်းအင်အား ၉၇ ဦးပါ ပူးပေါင်းအဖွဲ့က ပုဂံမြို့ ဟောင်းသွားလမ်း သရပါတံခါး အနီးဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး သစ်ပင်သစ်ကိုင်းများ အား ခုတ်ထွင်ရှင်းလင်းလုပ်ငန်းများ ကို နံနက် ၇ နာရီခွဲမှ ၉ နာရီခွဲအ ထိ စုပေါင်းသန့်ရှင်းကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရ သည်။