images
UN
UN
တူးဖော်တွေ့ရှိသော ကြေးလင်ပန်း ၃၃ ချပ်မှာ ကိုလိုနီခေတ်ကကြေးခွက်များဖြစ်ကြောင်းအတည်ပြု
မောင်သိမ်မွေ့(အထက်မင်းလှ) Saturday, 23 June 2018
မကွေးတိုင်းဒေသကြီး အထက် မင်းလှမြို့ မြောက်ရပ်ကွက် (တိုးချဲ့ ဧရာဝတီကွက်သစ်)ရှိ ဦးရီ(ခ) ဦးသန်းစိုး၏အိမ်ဝိုင်းခြံမြေအတွင်း မှ ယခုလ ၂၁ရက်က တူးဖော်တွေ့ ရှိရသော ရှေးဟောင်းကြေးလင်ပန်း ၃၃ ချပ်(သတင်းဖော်ပြပြီး)မှာ ကိုလိုနီခေတ် ဂေါ်ရခါးစစ်သားများ ထမင်းစားကြေးခွက်များဖြစ်သည် ဟု မကွေးတိုင်းရှေးဟောင်းသုတေ သနဦးစီးဌာနက အတည်ပြုပြန် ကြားခဲ့ကြောင်း သိရသည်။
''ဒီလိုပစ္စည်းမျိုးတွေ တွေ့ရှိ ထားတာ ဌာနမှာပုံနေတာ။ဒါမျိုး တွေက ခေတ်ကိုခန့်မှန်းလို့ရတဲ့ ပန်းခက်ကလေးတွေ၊ အရုပ်ကလေး တွေပါဖို့ လိုပါတယ်။ခုပစ္စည်း တွေက ပလိန်းကြီးတွေ ဖြစ်နေ တယ်။ ကိုလိုနီခေတ် ဂေါ်ရခါး တပ်သားတွေ သုံးတဲ့ပစ္စည်းတွေ၊ ထမင်းစားတာ''ဟု မြို့နယ် ရှေး ဟောင်းသုတေသနဦးစီးအရာရှိ ဒေါ်နီလာထွန်းက ပြောသည်။
၎င်းကဆက်၍ ''ဒါမျိုးတွေနဲ့ တစ်ပုံစံတည်းပဲ ပြီးခဲ့တဲ့ ၂ဝ၁၅ တုန်းက ကတကျေးရွာက၂၂ ချပ် တွေ့ဖူးတယ်။ အဲဒါတွေ့တုန်းက ဗြက်ရှစ်လက်မ၊ အလေးချိန် ၅ဝ ကျပ်သားရှိတယ်''ဟု ပြောသည်။
အဆိုပါ ကတကျေးရွာသည် ယခုတွေ့ရှိသော မင်းလှမြို့မြောက် ရပ်ကွက်နှင့် ခုနစ်မိုင်ခန့်ကွာဝေးပြီး ဧရာဝတီမြစ်ကမ်းနဖူးတွင် တည် ရှိကြောင်းသိရသည်။