images
UN
UN
ကျွန်းလှမြို့ပျဉ်းမမြိုင် ရပ်ကွက်/လဂွမ်းအိမ်လမ်း အန္တရာယ်ရှိလျှပ်စစ်မီးတိုင်ပြုပြင်ပေးစေလို
ဒေသခံများ Saturday, 23 June 2018
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ပျဉ်းမ မြိုင်ရပ်ကွက်/လဂွမ်းအိမ်လမ်းရှိ လျှပ်စစ်မီးတိုင်တစ်တိုင်မှာ မိုးရွာ သွန်းပြီး ရေတိုက်စားခြင်းကြောင့် ယိမ်းယိုင်နေကြောင်း သိရသည်။
ယင်းလျှပ်စစ်မီးတိုင်မှာ လွန်ခဲ့တဲ့သုံးလလောက်က ယိုင်နေ ကြောင်း၊ ရေတိုက်စားမှုကြောင့် တိုင်အောက်ခြေပေါ်နေပြီး လဲမည့် အခြေအနေရှိကြောင်း၊ အိမ်ရှေ့မီးတိုင်ဖြစ်ပြီး လျှပ်စစ်ရုံးမှ တာဝန်ရှိသူ များအား အကြောင်းကြားသော်လည်း ယခုအထိ ပြုပြင်ပေးခြင်းမရှိ ကြောင်း၊ မီးတိုင်လဲသွားပါက အိမ်အတွင်း စက်ရက်ကန်းလုပ်နေ သည့် အလုပ်သမားများအပြင် လမ်းပေါ်သွားလာနေသော ရဟန်း ရှင်လူပြည်သူများ၊ ကျောင်းသားကျောင်းသူများ အန္တရာယ်ရှိနိုင်၍ အမြန်ဆုံးပြုပြင်ပေးစေလိုပါသည်။